ဂိုးဒါဇင်ဝက်နဲ့ရှုံးနိမ့်ပြီးတဲ့ နောက် ယူနိုက်တက်နဲ့ပက်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ စမောလင်း

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ရိုးမားအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တဒိုင်းဒိုင်းသွင်းနေတဲ့ ဂိုးမိုးတွေကြောင့် ၆-၂ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

စိန်တုံးကစားကွက်နဲ့ ရိုးမားကို ရင်ဆိုင်ခဲ့တဲ့ ဆိုးရှားရဲ့ ယူဆိုက်တက်ဟာ ပထမပိုင်းမှာ အစကောင်းခဲ့ပြီး ပေါ့ဘာ-ကာဗာနီ တွဲလုံးကနေ တစ်ဆင့် ၉မိနစ်လောက်မှာ ဘရူနိုက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်သိပ်မကြာင်မှာပဲ ဘောလုံးကို ဂိုးစည်းထဲ ရှောတိုက်ဖျက်ခဲ့တဲ့ ပေါ့ဘာရဲ့ လက်ထိဘောကြောင့် ဧည့်သည် ရိုးမားကို ပင်နယ်တီ ခွင့်ပြုပေးခဲ့ရသလို ဝါရင့်တိုက်စစ်မှူး ဂျက်ကိုကပါ ယူဆိုက်တက်နောက်တန်းညံ့ဖျင်းမှုကို အသာစီးရယူပြီး အနိုင်ဂိုးသွင်းခဲ့တဲ့အတွက် ပထမပိုင်းမှာတော့ ယူနိုက်တက်တို့ဟာ တော်တော်လေးစိုးရိမ်စရာအခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာပါ၊

ဒုတိယပိုင်းအရောက်မှာတော့ ကာဗာနီရဲ့ ထိပ်တန်းတိုက်စစ်ခြေစွမ်းနဲ့ တသင်းလုံး အင်တိုက်အားတိုက် ကစားမှုတို့နဲ့အတူ ယူနိုက်တက်ဟာ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ ကာဗာနီရဲ့ သွင်းဂိုးနှစ်ဂိုး၊ ဘရူနိုရဲ့ မရှိမဖြစ် ပိန္နဲသီး၊ ပေါ့ဘာရဲ့ ခေါင်းတိုက်ဂိုး၊ သစ်သားစိမ်းရဲ့ နောက်ကျသွင်းဂိုးတို့နဲ့အတူ သိုးမည်း ရိုးမားကို အလဲထိုးသွားနိုင်ခဲ့ပြီး ၆-၂ ဆိုတဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဒီနေ့ပွဲမှာ အထူးချီးကျူးရမှာကတော့ သွင်းဂိုးတွေ ဖန်တီးမှုတွေ လုပ်ခဲ့တဲ့ တိုက်စစ်မုဆိုး ကာဗာနီ နဲ့ ယူနိုက်တက်အသင်းသားတွေအပြင်ယူနိုက်တက်ထွက် စမောလင်းကိုလည်း မမေ့မလျော့ ချီးကျူးသင့်ပါတယ်။ ယူနိုက်တက်ကရတဲ့ ဂိုးတစ်ဝက်လောက်ဟာ စမောလင်းရဲ့ အစဉ်အလာမပျက် ပေါ့လျော့ အသုံးမကျလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ ဒီပွဲအပြီးမှာတော့ စမောလင်းက ယူနိုက်တက်နဲ့ပက်သက်ပြီး မှတ်ချက်စကားတွေခုလိုပြောဆိုခဲ့ပါတယ်။

” ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ယူနိုက်တက်ကလည်း အကောင်းဆုံးပုံစံနဲ့ပဲပြန်လာခဲ့ပါတယ်။ ပထမပိုင်းပြီးတော့ ကျွန်တော်တို့ စိတ်ဓါတ်တွေတက်ကြွနေခဲ့ပါတယ်။ ကျွန်တော်တို့အနိုင်ရရှိဖို့ စိတ်စောနေတဲ့အတွက် အမှားတွေများခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပါအဝင်ပါပဲ၊ ဒီအတွက် ပရိတ်သတ်တွေကို ကျွန်တော်တောင်းပန်ပါတယ်။ ယူနိုက်တက်က ဒုတိယပိုင်းမှာ ကံကောင်းတတ်တဲ့ အသင်းဖြစ်သလို ကျွန်တော်တို့ပေါ့လျော့မှုကြောင့် ရှုံးခဲ့ရပါပြီ၊ ဒါပေမယ့် ကံတရားကဆန်းကြယ်ပါတယ်။ ရောမမြေမှာကျွန်တော်တို့အကောင်းဆုံးကြိုးစားဦးမှာပါ၊”လို့ စမောလင်းကပြောကြားခဲ့ပါတယ်၊

ယခုပွဲရလဒ်ကြောင့် ဆိုးရှားဟာ ဆီမီးပြုတ် ကျိန်စာကနေ ရုန်းထွက်ဖို့ အလားအလာကောင်းနေခဲ့ပြီဖြစ်ပြီး ရိုးမားကို ဒုတိယအကျော့ ကန်စရာမလိုပဲနဲ့တောင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားရောက်သွားပြီလို့ဆိုရမှာပဲဖြစ်ပါတယ်၊

Leave a Comment

Your email address will not be published.