ရိုးမားပွဲအပြီး ကိုယ့်ကိုကိုယ် မကျေနပ်ပဲ ညဉ်းတွားနေခဲ့တဲ့ ပေါ့ဘာ

ရိုးမားအသင်းက ဆိုလ်းရှားရဲ့ ယူနိုက်တက်က ရောမမြေမှာ ဂိုးဒါဇင်ဝက်နဲ့အောင်ပွဲခံခဲ့ပြီးနောက်မှာတော့ ကွင်းလယ်ဗိုလ်ချုပ် ပေါ့ဘာဟာ သူ့ကိုယ်သူကျေနပ်မှုမရှိပဲ ညဉ်းတွားတဲ့စကားတွေပြောဆိုခဲ့ပါတယ်။

“ရလာဒ်ကအပေါင်းလက္ခဏာဆောင်တယ်ဆိုပေမယ့် ပြိုင်ပွဲကမပြီးသေးပါဘူး။ နောက်တစ်ကျော့ကိုလည်း အာရုံစိုက်ပြီးအခုလိုစိတ်ဓာတ်မျိုးနဲ့ပဲပုံစံကောင်းပြဖို့လိုပါတယ်”

“ပထမပိုင်းမှာကျနော်တို့အမှားနှစ်ခုလုပ်ခဲ့တယ်။ အဝတ်လဲခန်းထဲမှာကျနော်တို့ပြောခဲ့တာက ရိုးရိုးရှင်းရှင်းနဲ့မှန်မှန်ကန်ကန်ကစားကြရအောင်ဆိုပြီးတော့ပါ။ တတ်နိုင်သမျှဂိုးများများသွင်းနိုင်ခဲ့လို့ ကျနော်တို့စိတ်တွေတက်ကြွနေတယ်”

“လျှောထိုးပြီးမဖျက်မိဖို့ကိုပဲသတိထားရအောင်။ ဘယ်လိုဘယ်ပုံလျှောထိုးဖျက်ထုတ်ရမယ်ဆိုတာကို ကျနော်သိပ်မသိဘူး။ ဒီထက်ပိုလေ့ကျင့်ဖို့လိုပြီ။ ကျနော့်လက်တွေမပါဘဲဖျက်ထုတ်တတ်ဖို့ကိုပေါ့။ ကံဆိုးသွားတာပါ။ ဒီရာသီမှာပဲပင်နယ်တီတွေနဲ့ပတ်သတ်ရင် ကျနော်တော်တော်ကြီးကိုကံမကောင်းတာပါ”

ရိုးမားအသင်းကို ယူနိုက်တက်က ပွဲစပြီးလို့သိပ်မကြာခင်မှာပဲ ကာဗာနီဖန်တီးပေးမှုကတစ်ဆင့် ဘရူနိုက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဂိုးစည်းထဲမှာ ပေါ့ဘာရဲ့ လျောတိုက်ဖျက်ထုတ်ရာက လက်ထိသွားတဲ့အတွက် ရိုးမားကို ချေပဂိုးပေးခဲ့ရတာပါ။ ဒီကိစ္စနဲ့ပက်သက်ပြီး ပေါ့ဘာဟာ သူ့ကိုယ်သူမကျေမနပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

Leave a Comment

Your email address will not be published.