“ကာဗာနီဟာဆေးမြီးတို၊ယူနိုက်တက်ကအကြီးဆုံးအမှားကိုလုပ်ခဲ့တယ်”လို့ဆိုတဲ့ စပါးမန်နေဂျာဟောင်း

လက်ရှိယူနိုက်တက်မှာခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးကာဗာနီဟာ ယူနိုက်တက်အတွက် ရေရှည်မှာ အဖြေတစ်ခုမဖြစ်လာနိုင်ပဲ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့တွေကို မယုံမကြည်ဖြစ်ရတယ်လို့ စပါးမန်နေဂျာဟောင်းဖြစ်သလို ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ တင်းရှားဝုဒ်က ဝေဖန်လိုက်ပါတယ်။

စပါးမန်နေဂျာဟောင်း တင်းရှားဝုဒ်က ယူနိုက်တက်မှာ ကာဗာနီလို ထိပ်တန်းဂိုးသွင်းရှင် ရှိထားခဲ့ပြီးဖြစ်တာကို အကြီးမားဆုံးအမှားအနေနဲ့ ယူနိုက်တက်က ရောင်းထုတ်ခဲ့ပြီး ကာဗာနီကို ခေါ်ခဲ့တာကို အံ့ဩလို့မဆုံးဘူးလို့ဆိုပါတယ်။

“ယူနိုက်တက်မှာ ကာဗာနီလိုထိပ်တန်းတိုက်စစ်မှူးရှိပြီးသားပါ၊။ တကယ်ကခေါ်စရာကိုမလိုတာ။သူတို့အကြီးမားဆုံးအမှားကလူကာကူကိုရောင်းပစ်ပြီးကာဗာနီကိုခေါ်လိုက်တာပဲ’လို့Metroသတင်းဌာနကို ပြောကြားခဲ့တာပါ။

လူကာကူဟာ ယူနိုက်တက်မှာပွဲပေါင်း ၉၆ပွဲမှာ ၄၂ဂိုးသွင်းယူထားခဲ့ပြီးတော့ ၂၀၁၇နွေရာသီမှာ အဲဗာတန်က ပြောင်းလာခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

သူဟာ အိုးထရက်ဖို့မှာ ၂နှစ်နေပြီးတဲ့နောက် ၂၀၁၉မှာ ပေါင်၇၄သန်းနဲ့ အင်တာမီလန်ကိုပြောင်းရွေ့ခဲ့တာပါ။

ယူနိုက်တက်ဟာ လက်ရှိမှာ အထောင်တိုက်စစ်မှူး အစစ်တစ်ယောက်တစ်ကယ်လိုနေတာဖြစ်ပြီးကိန်းနဲ့ဟာလန်းတို့ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

“ယူနိုက်တက်လိုနေတာအထောင်တိုက်စစ်မှူး သူတို့တစ်ယောက်ယောက်ကို ကျိန်းသေလိုတယ်။ “လို့ စပါးဘော့စ်ဟောင်း ရှားဝုဒ်ကဆိုပါတယ်။

“သူတို့မှာ ရှိခဲ့ပြီးသား သူတို့ကိုယ်တိုင်လုပ်ခဲ့ဖူးသမျှထဲမှာ အကြီးဆုံးအမှားဟာ အင်တာမီလန်မှာ မှာအမှန်တစ်ခုဖြစ်နေပြီ”လို့သူကဆက်ပြောပါတယ်။

ဆိုလ်းရှားဟာ ကာဗာနီကို ယူနိုက်တက်အတွက် တစ်ကယ်လိုအပ်နေတဲ့ အထောင်တိုက်စစ်မရှိတော့တဲ့နောက် ပြီးခဲ့တဲ့ ရာသီမှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကာဗာနီဟာယူနိုက်တက်မှာ ခြေစွမ်းတွေပြပြီး လွတ်နေတဲ့ ကွက်လပ်တွေအတွက်ဖြည့်ပေးနေတဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပေမယ့် ကာဗာနီဟာ အဖြေမဟုတ်ဘူးလို့ ရှားဝုဒ်က ဆက်ပြောပါတယ်။

“ရေရှည်အတွက်သူက အဖြေတော့မဟုတ်ဘူး။ သူကဆေးမြီးတို။ ဒါပေမယ့် သူက လူငယ်တွေအတွက် အတိုင်းအတာတစ်ခုထိ Supportပေးနိုင်တယ်။ မန်စီးတီးကို စိန်ခေါ်ဖို့အတွက်တော့ ကာဗာနီဟာ ဘယ်လိုနည်းနဲ့မှာ အဖြေတစ်ခုမဖြစ်နိုင်ဘူး”လို့သူကဆက်ပြောခဲ့တာပါ။

Leave a Comment

Your email address will not be published.