ကြိုးကြာတွေနဲ့အိုးထရက်ဖို့က သရဲနီကြီးတွေရဲ့ အပြီကြမ်းမယ့်အင်္ဂလန်ဒါဘီ ပွဲကြိုသုံးသပ်ချက်

လာမယ့် စူပါဆန်းဒေးမှာ အင်္ဂလန်ဒါဘီပွဲဖြစ်တဲ့ ကြိုးကြာလီဗာပူးနဲ့အိုးထရက်ဖို့က သရဲနီကြီးတွေရဲ့ အပြီကြမ်းမယ့်
ပွဲရှိပါတယ်။

လိဒ်အသင်းနဲ့သရေကျခဲ့တဲ့ ယူနိုက်တက်အနေနဲ့ ဒီပွဲကို အနိုင်ကန်ဖို့က အရေးကြီးသလို ကြိုးကြာတွေအနေနဲ့လည်း ဒီပွဲဟာ တကယ့်ကိုအရေးကြီးတဲ့ပွဲဖြစ်ပါတယ်။

မန်စီးတီးအနေနဲ့သူတို့ပွဲနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးကို ရှုံးခဲ့ရင် မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားမှာဖြစ်တယ်

ဂုဏ်သိက္ခာနဲ့ချန်ပီယံလိဂ်ဝင်ခွင့်လောင်းကြေးထပ်ပြီး အပြီကြမ်းမယ့် အင်္ဂလန်ဒါဘီပွဲလို့တောင်ပြောလို့ရပါတယ်။

လက်ရှိအနေအထားတွေအရ ကလော့ရဲ့ လိဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်တွေလိုနေသေးပေမယ့် ယူနိုက်တက်ရဲ့ လက်ရှိအနေအထားအရ ချန်ပီယံလိဂ်ဝင်ပြီးသားဖြစ်တယ်။

သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း တစ်သင်းက အကြိမ် ၂၀ချန်ပီယံ တစ်သင်းက ၁၉ကြိမ်ချန်ပီယံဖြစ်ထားတာဖြစ်တယ်။
နှစ်သင်းလုံးက ချန်ပီယံလိဂ်မှာ ခြေစွမ်းပြထားတဲ့အသင်းဖြစ်ပြီးတော့ ထိတ်ထိတ်ကြဲအသင်းတွေဖြစ်သလို အစဉ်အလာအရ ခါးသီးပြိုင်ဖက် ၂သင်းလည်းဖြစ်ပါတယ်

ယူနိုက်တက်အသင်းဟာလက်ရှိမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်မှာ ရိုးမားကို ဂိုးမိုးရွာခဲ့လို့ စိတ်ဓါတ်အမြင့်မားဆုံးအနေအထား ခြေစွမ်းအကောင်းဆုံး အတည်အငြိမ်ဆုံးအနေအထားကို ရောက်နေပါတယ်။

လီဗာပူးကတော့ တကယ့်အရေးကြီးချိန်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကန်ရတဲ့ပွဲတွေမှာ တောက်လျောက်အမှတ်တွေရှုံးနေတဲ့အချိန်လည်းဖြစ်တယ်။

လက်ရှိအချိန်နဲ့ ယူနိုက်တက်ရဲ့လက်ရှိခြေစွမ်းအရ လီဗာပူးအနေနဲ့ ယူနိုက်တက်ကို အနိင်ကန်ဖို့ဆိုတာ အရမ်းခက်တယ်။အရင်တုန်းက သိပ်ကောင်းခဲ့တဲ့အချိန်တုန်းကတောင် အိုးထရက်ဖို့ဒ်မှာ နိုင်ဖို့ခက်ခဲခဲ့တာဖြစ်လို့ လက်ရှိခြေစွမ်းကျနေတဲ့လီဗာပူးဟာ သရဲနီတွေကို အခက်အခဲဆုံးယှဉ်ပြိင်ရမှာဖြစ်တယ်။

ဒါ့အပြင် ဒီ၂သင်း Fa Cupမှာတွေ့ခဲ့ဖူးတုန်းကမန်ချက်စတာယူနိုက်တက်က ဘရူနိုဖာနန်ဒက်ရဲ့ ဖရီးကစ်ဂိုးနဲ့အနိုင်ရခဲ့ဖူးတယ်။ ဒါကြောင့် ဒီ၂သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့် အိမ်ရှင်အသင်းက အဘက်ဘက်က အားသာနေတယ်။

ယူနိုက်တက်အနေနဲ့ တစ်နေ့က ရိုးမားနဲ့ပွဲမှာ ဒုတိယပိုင်းကစားပုံက အရမ်းကောင်းတယ်။ ကာဗာနီ ပေါ့ဘာ ဖာနန်ဒက် ဂရင်းဝုဒ်တို့ရဲ့သွင်းဂိုးတွေဟာ ကြောက်စရာကောင်းလောက်အောင် ကောင်းမွန်ခဲ့သလို ကွင်းလယ်နဲ့တိုက်စစ်ရဲ့ချိတ်ဆက်မှုက အံမခန်း ကောင်းမွန်တာကိုတွေ့ရတယ်။ ဒါကြောင့်ယူနိက်တက်ကစားသမားတွေဟာ ခြေစွမ်းပိုင်းရောစိတ်ဓါတ်ပိုင်းရော အံမခန်းဖြစ်နေတယ်။

အထူးသဖြင့် ၂ဂိုးသွင်း ၂ဂိုးဖန်တီးခဲ့တဲ့ ဘရူနိဖာနန်ဒက် နေရာလွတ်တွေကို သရဲတစ်ကောင်လိုရောက်ရောက်သွားပြီး ဂိုးတွေသွင်းယူနိုင်တဲ့ ထိပ်တန်းတိုက်စစ်မှူးကာဗာနီ ကြောင့်လီဗာပူးဟာ တော်တော်လေး ရုန်းကန်ရပါလိမ့်မယ်။

ပရီးမီးယားလိဂ်မှာလီဗာပူးနဲ့ ယူနိုက်တက်ဟာ ၅၇ကြိမ်ဆုံတွေ့တယ်။ ၁၄ကြိမ်သရေကျပြီးတော့ လီဗာပူးဟာ အိုးထရက်ဖိုမှာ ၅ကြိမ်ပဲနိုင်ဖူးထားတယ်။ မန်ချက်စတာယူနိုက်တက်က ၂၆ကြိမ်မှာ အိမ်ကွင်းမှာ ၁၈ကြိမ်နိုင်ထားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ထိပ်တိုက်ဆုံတွေ့မှုမှာ ယူနိုက်တက်က အမြဲသာတယ်။

ယူနိုက်တက်ဟာ ဒိပွဲမှာလည်း ရိုးမားတုန်းကပွဲလို လူထုတ်လာနိုင်တယ်။ ဒါပေမယ့် ဂိုးသမားဟန်ဒါဆင်ကိုသုံးပြီး ကာဗာနီနေရာမှာ ဂရင်းဝုဒ်ကို အရင်ထည့်သွင်းပြောင်းသုံးနိင်ချေလည်းရှိနေတယ်။ လီဗာပူးအနေနဲ့လည်း အကောင်းဆုံးလူတွေနဲ့ ပွဲထွက်လာမှာဖြစ်ပြီးတော့ သူတို့အနေနဲ့ ဒီပွဲကို ခြေချော်သွားခဲ့ရင်တော့ ဒီရာသီချန်ပီယံလိဂ်ကို မေ့ပစ်လိုက်လို့ရမယ့်အခြေအနေဖြစ်တယ်။

ဒီပွဲဟာ တစ်ကယ့်ကို အကြိတ်အနယ်ပွဲဖြစ်လာနိုင်ပေမယ့် ပရိတ်သတ်တွေမျော်လင့်ထားသလို သွင်းဂိုးတွေအများကြီးရှိမလာနိုင်ပါဘူး။သူတို့တွေ့ဆုံမှုတိုင်းမှာ အရမ်းကြီးဂိုးပြတ်တာမျိုးမရှိဘူး။ သိပ်ပြီးကွာဟမှုကြီးမရှိဘူး။ ဝ- ဝ
၁ -၀ /၂ -၀ /၀ -၁ စသလောက်ပဲရှိတတ်တယ်။

ဒီတော့ ထိပ်တန်းနည်းပြ ကလော့က ဆိုလ်းရှားကို အငြိုးထားပြီး အိုးထရက်ဖို့မှာ အမုန်းချေမှုန်းနိုင်မလားလာမယ့် စူပါဆန်းဒေးမှာဆိုလ်းရှားရဲ့ ယူနိုက်တက်က ကလော့ကို နှာနုဖြတ်ရိုက်ပြီးလီဗာပူးရဲ့ချန်ပီယံလိဂ်ဝင်ခွအင့်ကိုရိုက်ချိုးနိုင်မလားကြိုးကြာတွေက အိုးထရက်ဖို့မှာ သရဲနီတွေကို ဖလားအိမ်မက်မျော်လင့်ချက်ယဲ့ယဲ့ကို အဆုံးသတ်နိုင်မလားဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Leave a Comment

Your email address will not be published.