ထိပ်တန်းတိုက်စစ်မှူး ၂ယောက်ကို ထုတ်ရောင်းရင် မှားလိမ့်မယ်လို့ ဆိုလ်းရှားကို မော်ဂန်သတိပေး

မန်ချက်စတာယူနိုက်တက် မန်နေဂျာဆိုလ်းရှားအနေနဲ့ ယူနိုက်တက် ထိပ်တန်းတိုက်စစ်မှူး ၂ဦးကို အပြောင်းအရွှေ့နဲ့ပက်သက်ပြီး သေချာစဉ်းစားသင့်တယ်လို့ ယူနိုက်တက် ခေါင်းဆောင်ဟောင်းမော်ဂန်ကပြောကြားလိုက်ပါတယ်။

ဆိုလ်းရှားဟာ ရက်ဖို့စ်နဲ့မာရှယ်ကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်လို့ သူကပြောလိုက်ပြီး အဲ့ဒီလိုသာ တစ်ကယ်လုပ်ခဲ့ရင် ဆိုလ်းရှားတော့ အမှားကြီးမှားပြီလို့ သူက Daily Mailကိုပြောခဲ့တာပါ။

“အဲ့ဒီလိုသာလုပ်ခဲ့ရင် လူကာကို ကိုရောင်းခဲ့သလို အမှားကြီးနဲ့ကြုံလိမ့်မှာပါ။ မာရှယ်နဲ့ပက်သက်ပြီး အထူးပြောစရာမရှိပေမယ့် ရက်ဖိုစ့်ကတော့ အရည်အချင်းကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့သူပါ။”လို့ ကလပ်အတွက် ပွဲ၂၀၀ကစားခဲ့တဲ့ မော်ဂန်ကဆိုပါတယ်။

ယူနိုက်တက်ဟာ လူကာကူကို အင်တာမီလန်ကို ရောင်းထုတ်ခဲ့ပြီးနောက်မှာ အထောင်တိုက်စစ်မှူးတစ်ဦး မဖြစ်မနေလိုအပ်နေတာပါ။

လက်ရှိမှာ ကာဗာနီကို ဆေးမြီးတိုအနေနဲ့ သုံးနေရပေမယ့် ရေရှည်အတွက် တိုက်စစ်မှူးတစ်ယောက်လိုနေတာလည်းဖြစ်ပါတယ်။

ဟာလန်းကို ပေါင်သန်း ၁၅၀နဲ့ခေါ်ယူဖို့ကြိုးစားနေပေမယ့် လက်ရှိမှာ ချဲဆီးလ်က တိုက်စစ်မှူး အေဗရာဟမ်ကို ပေါင်သန်း၄၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီလို့လည်းဆိုပါတယ်။

ဒီနွေရာသီမှာ ယူနိုက်တက်ဟာ ကစားသမား ၇ဦးထိရောင်းချသွားမယ်လို့ ပြောကြားထားပြီး မာရှယ်ကို ရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့သတင်းတွေကဖော်ပြထားပါတယ်။

“ဆိုလ်းရှားက လူကာကူကို လုပ်ခဲ့သလို ရက်ဖိုစ်နဲမာရှယ်ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးပစ်နေတယ်လို့ ကျွန်တော်ထင်တယ်။ ရက်ဖို့ဟာ တော်တော်Talentရှိတဲ့ကစားသမားပါ။ လက်ရှိဖြစ်နေတာက နေရာအထားအသိုကိစ္စလို့ကျွန်တော်ထင်ပါတယ်။

တကယ်လို့ဆိုလ်းရှားသာ မှားပြီးသားအမှားမျိုးထပ်မလုပ်ဘူးဆို ရက်ဖိုစ်နဲ့မာရှယ်ဟာ ယူနိုက်တက်ကို အကျိးကျေးဇူးအများကြီးဖြစ်လာစေမှာပါ။ ကျွန်တော့်အထင် မာရှယ်ထက် ရက်ဖိုစ့်ကို အထောင်တိုက်စစ်အနေနဲ့ကစားတာပိုသင့်တော်မယ်လို့ထင်ပါတယ် မာရှယ်ကိုတော့ Centrallyပေးကစားတာပိုသင့်တော်မယ်
“လို့ မော်ဂန်ကဆိုပါတယ်။

မာရှယ်ဟာ လက်ရှိမှာ နိုင်ငံပွဲမှာရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရသလို ရက်ဖိုစ့်ဟာလည်း ပုခုံးမှာရတဲ့ ဒဏ်ရာကို ခွဲစိတ်ဖို့ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဟာလန်းကို ခေါ်ဖို့အတွက်ဆို ကစားသမားတွေအများကြီးရောင်းချဖို့လိုနေတာပါ။ဘာလို့လဲဆိုတော့ ဂလေဇာက လက်ရှိ အပြောင်းအရွေ့တွေအတွက် ပေါင်သန်း၁၀၀လောက်သာ ခွင့်ပြုထားတာဖြစ်လို့ပါပဲ

ရက်ဖို့စ်ကို ဆိုလ်းရှားက ရောင်းထုတ်ဖို့ စဉ်းစားနေတယ်ဆိုတာကို တခြား သတင်းဌာနတွေမှာမတွေ့ရသေးပေမယ့် ဒေးလီးမေလ်းမှာတော့ မော်ဂန်က ယူနိုက်တက်ဟာ လူကာကို လုပ်ခဲ့သလို အမှားမျိုးကြုံလာတော့မယ်ဆိုတဲ့ ဆောင်းပါးမှာ ပြောကြားထားတာပါ။

မန်ဖန်ပရိတ်သတ်ကြီးရောဘယ်လိုထင်ပါလဲ။ ရက်ဖို့စ်နဲ့မာရှယ်ကို ရောင်းပြီး ဟာလန်းကို ခေါ်ဖို့ကြိုးစားနေတာမျိုးက ဖြစ်သင့်ပါသလား?

MH

Leave a Comment

Your email address will not be published.