ပေါင်သန်း၄၀တည်းနဲ့ လစ်ဟာနေတဲ့ အထောင်တိုက်စစ်မှူးရရှိသွားပြီဖြစ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူးနေရာအတွက် အပူတပြင်းရှာဖွေနေတာဖြစ်ပါတယ်။

လက်ရှိမှာ လစ်ဟာနေတဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် ကာဗာနီကို အစားထိုးထားပေမယ့် ဒါဟာ ရေရှည်အတွက်ဖြေဆေးမဟုတ်ပဲ ဆေးမြီးတိုပဲဖြစ်နေတယ်လို့ ယူနိုက်တက်က သုံးသပ်ထားပါတယ်။

တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ မာရှယ်ဟာလည်း လက်ရှိမှာ တဖြည်းဖြည်းနဲ့ တိုက်စစ်မှူးနေရာက ထွက်ခွာလာနေရပြီး ကာဗာနီဟာလည်း ရေတိုအတွက်သာအလုပ်ဖြစ်မှာဖြစ်ပါတယ်။

ဒီအတွက် တိုက်စစ်မှူး လာမယ့်နွေမှာ ဟာလန်းနဲ့ ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုပြီးသတင်းထွက်နေတာပါ။

လက်ရှိမှာတာ့အိုးထရက်ဖို့အတွက်အလိုအပ်နေတဲ့ အထောင်တိုက်စစ်မှူးအတွက် ပေါင်သန်း ၄၀နဲ့ Tammay Abrahamကို သဘောတူညီမှုရခဲ့ပြီလို့သိရပါတယ်။

အေဗရာဟမ်ဟာ ချဲဆီလ်းရဲ့ ငယ်မွေးကစားသမားဖြစ်ပြီး အက်စတွန်ဗီလာကို ၂၀၁၈-၂၀၁၉မှာပြောင်းရွေ့ကစားခဲ့ပါတယ်။

အဲ့ဒီရာသီမှာပဲ ၃၇ပွဲမှာ ၂၅ဂိုးသွင်းယူနိုင်ခဲ့ပြီး ချဲဆီလ်းက အေဗရာဟမ်ကို ပြန်လည်ခေါ်ယူခဲ့ပြီး အသက်၂၃နှစ်အရွယ်ရှိတဲ့ ကစားသမားဟာ လမ်းပတ်ရဲ့လက်အောက်မှာဆက်ကစားခဲ့ပါတယ်။

သူဟာ အထောင်တိုက်စစ်မှာကစားနေပြီး ၁၈ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုအများအပြားပြုလုပ်ထားပါတယ်။

Telegraphသတင်းဌာနဖော်ပြချက်အရ စတန်းဖိုဒ့်က အေဗရားဟမ်ကို ၂၀၂၃မှာရောင်းချဖို့ အသင့်ရှိနေပြီး ယူနိုက်တက်နဲ့ပေါင်သန်း၄၀နဲ့ရောင်းချဖို့ သဘောတူညီမှုရရှိထားပြီလို့ဆိုပါတယ်။ ဘယ်လိုလဲ မန်ဖန်တွေရောဒီကစားသမားကို ကြိုက်ရဲ့လား.

Leave a Comment

Your email address will not be published.