ဂလေဇာမိသားစုကို ဆန္ဒပြသူတွေရာဇသံပေး တောင်းဆိုလိုက်တဲ့ အချက် ၄ ချက်

လီဗာပူးနဲ့ပွဲစဉ်ပျက်သွားလောက်တဲ့အထိ အိုးထရက်ဖို့မှာ ဆန္ဒပြသူ တွေ အလွန်များပြားခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ မန်ချက်စတာယူနိုက်တက် ဖန်တွေဟာ ဂလေဇာ မိသားစုထွက်သွားဖို့တောင်းဆိုနေကြတာဖြစ်ပြီး ဒီနေ့မှာတော့ Manchester United Supporter Trust (MUST)အဖွဲ့က ဂလေဇာမိသားစုကို အချက် ၄ချက်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာပေးခဲပါတယ်။

MUST က အဲ့ဒီစာမှာ” အရင်လို အခြေအနေပြန်ရမယ်လို့ လုံးဝမထင်နဲ့။ ဒီတောင်းဆိုချက်တွေမရမချင်း လုံးဝရပ်တန့်သွားမည်မဟုတ်”လို့ ယူနိုက်တက် တွဲဖက်ဉက္ကဌဂျိုးဂလေဇာကို ရာဇသံပေးခဲ့ပါတယ်။

သူတို့ပေးခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ “ပြီးခဲ့တဲ့ ၁၆နှစ်လုံးလုံး ခင်ဗျားတို့မိသားစုဟာ ယူနိုက်တက်ကို အကြွေးတွေနဲ့သံသယတွေ မယုံကြည်နိုင်မှုတွေဆီကို ခေါ်ဆောင်သွားခဲ့တယ်”လို့ရေးထားပါတယ်။

ဒါ့အပြင်” ပရိတ်သတ်တွေဟာ အရေးမကြီးသလို ဘေးရောက်သလိုနဲ့လျစ်လျူရှုခြင်းကိုသာခံစားခဲ့ရတယ်။ ဂလေဇာရဲ့တာဝန်ရှိသူတွေဟာ၂၀၀၅ခုနှစ်ကစလို့ ပရိတ်သတ်တွေကို အလေးထားတဲ့စကားတစ်ခွန်းမပြောသလို အရေးမစိုက်တာဟာ ဒီနေ့ဆန္ဒပြမှုကြီးဖြစ်လာတဲ့အထိ ဆူပွက်စေခဲ့တာဖြစ်တယ်”လို့ MUSTကဆိုပါတယ်။

လက်ရှိဆန္ဒပြနေတာတွေဟာ ဥပဒေအရ လုပ်နေခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ မုန်းတီးစက်ဆုပ်လို့ လုပ်တာမဟုတ်ပဲ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမှ ဂလေဇာမိသားစုကို လုပ်သွားမှာမဟုတ်ဘူးလို့လည်း အဲ့ဒီစာထဲမှာရေးထားပါတယ်။

ဒါပေမယ့် ဒီစာထဲမှာ ပါတဲ့ အချက် ၄ချက်ကို မလုပ်ဆောင်ဘူးဆို ဒီဆန္ဒပြမှုတွေဟာ ရပ်တန့်သွားမှာမဟုတ်ဘုးလိုဆိုထားပါတယ်။

MUSTအဖွဲ့တောင်းဆိုထားတဲ့ အချက် ၄ချက်ကတော့ယူနိုက်တက်ပိုင်ရှင်တွေအနေနဲ့ ဖန်တွေရဲ့ အကြံပြုချက်တွေကို သုံးသပ်ပြီးတရားဝင်ကြေငြာပေးဖို့နဲ့ ဒီအကြံပြုချက်တွေကို လက်ရှိအသငိးပိုင်ရှင်တွေကို ဦးစားပေးထားတဲ့ပုံစံကနေတစ်ဆင့် ဖန်တွေကို ဦးစားပေးတဲ့ဖွဲ့စည်းပုံ ပြန်တည်ဆောက်ပေးဖို့ဆိုလိုတာ အသင်းပိုင်ရှင်တွေလုပ်ချင်တာစိတ်ကြိုက်မလုပ်နိုင်ဖို့ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ချက်ချင်း လွတ်လပ်တဲ့ဒါရိုက်တာတွေကို ဘုတ်အဖွဲ့မှာပါဝင်စေဖို့နဲ့ အဲ့ဒီသူတွေဟာ အသင်းရဲ့အကျိုးစီးပွားပျက်ပြားစေတာတွေကို ကာကွယ်ပေးဖို့

တတိယချက်အနေနဲ့”ဂလေဇာအနေနဲ့MUSTတို့လိုမန်ဖန်အဖွဲ့နဲ့အလုပ်အတူတွဲလုပ်ဖို့ အစီအမံတွေကို မျှဝေဖို့နဲ့အကြံပြုတာလက်ခံဖို့

ဆိုလိုတာဂလေဇာဟာ ဖန်တွေကို နွေးထွေးစွာကြိုဆိုပြီး သူတို့ပိုင်ရှင်တွေပဲလုပ်ချင်တာလုပ်မယ်ဆိုတာမျိုးထက်ဖန်တွေနဲ့လက်တွဲဖို့..ဂလေဇာမိသားစုရဲ့ ရှယ်ယာတွေကို အတတ်နိုင်ဆုံးလျော့ချဖို့နဲ့ ဖြစ်နိုင်ရင် တစ်ခုလုံးကို ရောင်းချဖို့

နောက်ဆုံးအချက်အနေနဲ့” ယူနိုက်တက်ရဲ့ နောင်အနာဂါတ်မှာ လုပ်မယ့် အစီအစဉ်တွေ ဥပမာ ယူရိုပါလိဂ်လိုကိစ္စမျိုးတွေမှာ ပြိင်ပွဲဝင်ပြိုင်မယ့် ကိစ္စမျိုးတွေမှာ MUSTအဖွဲ့နဲ့ တိုင်ပင်ဖို့ အကြံညဏ်ရယူပြီးဆွေးနွေးဖို့ စတာတွေကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်.

ဂလေဇာက ငွေကြေးတစ်ခုတည်းကိုပဲကြည့်ပြီးသူလုပ်ချင်တာလုပ်ခဲ့တဲ့အတွက် ပရိတ်သတ်တွေ အခုတောင်းဆိုလိုက်တာက သူတို့ဖွဲ့စည်းပုံ ပုံစံပြင်ဖို့
Votingစနစ်ပြင်ဖို့ အစုရှယ်ယာတွေကို လျော့ချဖို့ ဒါမှမဟုတ် လုံးဝရောင်းချပြီးထွက်သွားဖို့ နောင်အနာဂါတ်မှာ ယူရိုပါလိဂ်လို သိသာထင်ရှားတဲ့ ပြင်ပွဲတွေမှာ မန်ဖန်တွေရဲ့အကြံပြုချက် သုံးသပ်ချက်တွေကို ရယူဖို့တောင်းဆိုလိုက်တာပဲဖြစ်ပါတယ် ။

ဒါနဲ့ပက်သပ်ပြီး ဂလေဇာကတော့ ဘာမှမတုံ့ပြန်ထားပဲ ဆန္ဒပြသူတွေက” ဒီနည်းလမ်းက ဒီပြဿနာကို ဖြေရှင်းဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းပဲ”လို့ဆိုပါတယ်။

MGH

Leave a Comment

Your email address will not be published.