ပေါ့ဘာကိုပေါင်၄သိန်းနဲ့အဆင်မပြေရင် အစားထိုးမယ့် ၃ယောက်ရှာထားတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဘာကို တစ်ပတ်ကို ပေါင် ၄သိန်းနဲ့ ညှိုနှိုင်းနေပြီး လက်ရှိအချိန်ထိတော့ စာချုပ်သစ်ချုပ်ဆိုနိုင်စွမ်းမရှိသေးပါဘူး။

ကွင်းလယ်လူပေါ့ဘာက လက်ရှိမှာ ယူနိုက်တက်အသင်းကနေ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းကို တောင်းဆိုထားတာဖြစ်ပြီး ရိုင်းအိုလာရဲ့ ကြားဝင်မှုတွေကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ကို နှောင့်နှေးနေတာလည်းဖြစ်ပါတယ်၊

ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်တဲ့ ရိုင်းအိုလာက ပေါ့ဘာကို ယူနိုက်တက်အနေနဲ့ ရေရှည်ကို မကြည့်ပဲ ကန့်သတ်မှုတွေလုပ်နေမယ်ဆိုရင် ပေါ့ဘာက အသင်းပြောင်းသွားနိုင်တယ်လို့ လည်းပြောထားပါတယ်။

ပေါ့ဘာကတော့ နောက်ပိုင်းမှာ ခြေစွမ်းတွေပြနေသလို သူဟာ လက်ရှိ ယူနိုက်တက်မှာနေရတာ အဆင်ပြေနေတယ်လို့လည်းဆိုပါတယ်။

ဒါပေမယ့် ပေါ့ဘာက သူဟာ ယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့လတွေက ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရပြီး လူပိုကြီးတစ်ယောက်လို ခံစားခဲ့ရတယ်လို့လည်း ပြောဆိုထားပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ ပေါ့ဘာနဲ့ဘရူနိုကို လိုအပ်နေတာဖြစ်ပြီး ဘရူနိုဖာနန်ဒက်ကလည်း ပေါ့ဘာရဲ့စာချုပ်သစ်ချုပ်ဆိုတဲ့ အခြေအနေကိုစောင့်နေတယ်လို့ဆိုထားပါတယ်။၊

ပေါ့ဘာဘက်ကလည်း လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုမယ် မချုပ်ဆိုဘူး ပြတ်သားတဲ့ အဖြေမျိုးမရှိသေးတဲ့အတွက် ယူနိုက်တက်ကတော့ ပေါ့ဘာနေရာကို အစားထိုးနိုင်တဲ့ ကစားသမား ၃ယောက်ကို ရှာဖွေထားပြီးဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် ညနေခင်းသတင်းမှာဖော်ပြထားပါတယ်။

အဲ့ဒီကစားသမား ၃ယောက်ကတော့ West Hamအသင်းက Declan Rice၊Leicester Cityအသင်းကs Wilfred idi နဲ့ Atletico Madridက Saul Niguezတို့ဖြစ်တယ်လို့ ယူနိုက်တက် ညနေခင်းကဖော်ပြထားပါတယ်။ မန်ဖန်ပရိတ်သတ်ကြီးရော ပေါ့ဘာသာ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် သူတို့ ၃ယောက်ထဲက ဘယ်သူ့ကို ကြိုက်နှစ်သက်မလဲ ခေါ်ယူစေချင်လဲ?

Leave a Comment

Your email address will not be published.