အဝတ်လဲခန်းထဲမှာ သရဲနီတွေ ဒေါသတကြီး ငြင်းခုန်ရတဲ့ ကိစ္စအကြောင်း ပြောပြလာတဲ့ ဘရူနို

မန်ချက်စတာယူနိုက်တက်အသင်းဟာ လတ်တလောမှာ ရှုပ်ထွေးမှုတွေကြုံတွေ့နေရတာပါ။

ထောင်ပေါင်းများစွာသော ပရိတ်သတ်တွေကလည်း ခုဆို ဂလေဇာမိသားစု အိုးထရက်ဖို့ကနေ ထွက်သွားဖို့ ဆန္ဒပြနေကြတာဖြစ်ပြီး တမြန်နေ့က လီဗာပူးနဲ့ပွဲစဉ်လည်းပျက်ပြားသွားခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ဖလား အိမ်မက်နဲ့ ဝေးနေပြီဆိုပေမယ့် ယူရိုပါလိဖလားအိမ်မက်တော့ မက်လို့ရပါသေးတယ်။ ရိုးမားဂို ၆ဂိုး ၂ဂိုးနဲ့ အိုးထရက်ဖို့မှာ ဂိုးမိုးရွာပြီးတဲ့နောက်မှာတော့ အသင်းသားတွေဟာ စိတ်ဓါတ်ပိုမိုတက်ကြွနေကြပါတယ်။

အဲ့ဒီအချိန်မှာ သူတို့သရဲနီတွေအနေနဲ့ အဝတ်လဲခန်းထဲမှာ ဒေါသတကြီး ငြင်းခုန်ရတဲ့ ကိစ္စတွေရှိကြောင်းနဲ့ အဲ့ဒီထဲက ရယ်စရာလည်းကောင်း ဒေါသဖြစ်စရာလည်းကောင်းတဲ့တစ်ခုကတော့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဘယ်သူဆိုတာ ငြင်းခုန်ရတာပဲဖြစ်တယ်လို့ ဘရုနိုဖာနန်ဒက်က ခုလိုဆိုပါတယ်။

“သူတို့ ဖရက်နဲ့တဲစ်က သမိုင်းကြောင်းတစ်လျောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဘာညာ ဘလာဘလာတွေအမြဲပြောကြတယ်”ဆိုပြီး သူကမန်ချက်စတာယူနိုက်တက်ညနေခင်းကို အစချီပြီးပြောပြပါတယ်၊

“ကျွန်တော်တို့အမြဲငြင်းရတယ် အဲ့ဒီကိစ္စ။ သူတို့က ပီလီက ကမ္ဘာ့အကောင်းဆုံးလို့ပြောနေကြတာလေ။ကျွန်တော်ကတော့ ခရစ်စတီယာနို ရော်နယ်ဒိုသာအကောင်းဆုံးလို့ ဝင်ငြင်းတယ်။

ကျွန်တော့်အတွက် Cristiano နဲ့ [Lionel] Messi နှစ် ဦး စလုံးဟာသမိုင်းကြောင်းကိုနှစ်ပေါင်းများစွာဖန်တီးခဲ့ကြပြီးနှစ်ပေါင်းများစွာထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တယ်လို့မြင်တယ်။

ဒီလိုပဲသူတို့ Pele ကစားတာကို ဘယ်တုန်းကမှ မြင်ဖူးကြတာမဟုတ်ဘူ။ သူတို့က ဘရားဇီးလူမျိုးတွေဆိုတော့ ပီလီက အကောင်းဆုံးဖြစ်မှာပေါ့၊

“တစ်ကယ်လည်း Pele ဟာကမ္ဘာပေါ်မှာအကောင်းဆုံးသူတစ်ယောက်လို့ကျွန်တော်ထင်ပါတယ်။ ဘာလို့လဲဆိုတော့သူကလူတွေအကြောင်းပြောနေတာကိုကြားရတာ၊ သမိုင်းနဲ့ဗီဒီယိုအချို့ကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်၊ [Diego] Maradona, Eusebio နဲ့လူတွေက Pele အကြောင်းပြောနေတာကိုလူတိုင်းတွေ့မြင်နိုင်ပါတယ် အားလုံးကတစ်ချိန်ကအကောင်းဆုံးတွေပါပဲ။

ဒါပေမယ့် ကျွန်တော်က ပေါ်တူဂီတစ်ယောက်လေ။ ဒီတော့ ကျွန်တော့်ပေါတူဂီကစားသမားသာ ကမ္ဘာ့အကောင်းဆုံးဆိုတာ ကျွန်တော်ခံငြင်းရတာပေါ့။”လို့ ဘရူနိုကဆိုပါတယ်။ဆက်ပြီးသူက

“ဟဲဟဲ ဒါက ဘရာဇီးနဲ့ပေါ်တူဂီလူမျိုးတွေရဲ့ရန်ပွဲဖြစ်ပေမယ့်တခြားအရာတွေထက်ရယ်စရာကောင်းပါတယ်။ ကျွန်တော်တို့က အမြဲလိုလို ပေါတူဂီသားနဲ့ဘရားဇီးသား ဘောလုံးသမားတွေအကြောင်းပြောရင် ငြင်းနေကျပဲဗျာ။ သိပ်လေးနက်တဲ့ ကိစ္စတော့မဟုတ်ပါဘူး”လို့ဆိုပါတယ်။

Red Devils အတွက်ဒီအငြင်းအခုံဟာလေးနက်မှုမရှိပါဘူး။ ကစားသမားတွေက ဒီကိစ္စအပေါ်” မင်းသဘောမတူတာကို ငါသဘောတူပါတယ်”လို့ပဲသဘောထားကြတယ်လို့ ဘရူနိုက ဆိုပါတယ်။

ကဲဒီတော့ သရဲနီတွေပြောတဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ပီလီ မက်ဆီ ရိုနယ်ဒို သုံးယောက်ထဲက ဘယ်တစ်ယောက်က သင်အကြိုက်ဆုံးဖြစ်မလဲ..ဖြေပေးခဲ့ကြပါဦး

Leave a Comment

Your email address will not be published.