ဘောလုံးကမ္ဘာအတွက်သတင်းဆိုး စိတ်ဆိုးနေတဲ့မန်ဖန်တွေနဲ့ အိုးထရက်ဖို့က ဂလေဇာမောင်းပွဲ

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးနဲ့ အင်္ဂလန်ဒါဘီပွဲစဉ်ကို ယူနိုက်တက်အသင်း ပရိသတ်တွေရဲ့ အသင်းပိုင်ရှင်အပေါ် ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဥရောပစူပါလိဂ်ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောတူခဲ့တဲ့အချက်နဲ့ ပတ် သက်ပြီး ဆိုရှယ်မီဒီယာတွေကနေတဆင့် ဝေဖန်မှုပြုလုပ်ခဲ့ရာကနေ ကွင်းပြင်ပအထိလာရောက်ပြီး အသင်း ပိုင်ရှင်အဖြစ်ကပါ နုတ်ထွက်ဖို့ တောင်းဆိုခဲ့ကြတာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တစ်ဦးက အသင်းကနေ ဂလေဇာမိသားစု နုတ်ထွက်သွားဖို့ဆိုတာ ဒီနေ့မှာကစား မယ့် လီဗာပူးနဲ့ပွဲထွက် ပိုပြီးအရေးကြီးတယ်လို့ ပြောခဲ့သလို နောက်တစ်ဦးကလည်း အသင်းအတွက် ပရိ သတ်တွေအနေနဲ့ အကောင်းဆုံးဖြစ်ဖို့ ဂလေဇာမိသားစုကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လီဗာပူးတို့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်း ဖြစ်ပါတယ်။

ပရိတ်သတ်တွေ ဒီလိုဆန္ဒပြတာနဲ့ပက်သက်ပြီး နဗီးနဲ့ပေါ်စခိုးကတော့ ထောက်ခံအားပေးပြီး ကမ္ဘာတစ်ဝှန်းမှာရှိတဲ့ ပရိတ်သတ်တွေကိုလည်း‌ ထောက်ခံအားပေးကြဖို့နဗီးက ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်နည်းပြဆိုလ်းရှားကတော့ ပရိတ်သတ်တွေခုလို အုံ့ကြွဆန္ဒပြနေတာနဲ့ပက်သက်ပြီး ဘာမှထွေထွေထူးထူးမှတ်ချက်မပေးပေမယ် ပရိတ်သတ်တွေဘက်က ရပ်တည်ပေးခဲ့ပါတယ်။

April လ 18 ရက်နေ့မှာဘောလုံးကမ္ဘာအတွက်သတင်းဆိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်က အင်္ဂလန်ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ယူ,မန်စီးတီး,လီဗာပူး,အာဆင်နယ်,စပါးအီတလီ စီးရီးအေက ဂျူ ဗင်တပ်,အင်တာမီလန်,အေစီမီလန်စပိန်လာလီဂါ က ဘာစီလိုနာ,ရီးရဲမက်ဒရစ်အက်သလက်တီကိုမက်ဒရစ်အသင်းတွေကယူရိုပီယံစူပါလိဂ် ဆိုပြီးသူတို့အသင်း ၁၂သင်းနဲ့တခြားဝင်လာမဲ့အသင်း ၈ သင်းစုစုပေါင်း အသင်း၂၀ ကပါတ်လည်ကန်မဲ့ လိဂ်တစ်ခုတည်ထောင်လိုက်ကြောင်းပါပဲ။

ဒီလိဂ်ကို စတင်သူကရီးရဲလ်ဥက္ကဌ ပီးရက်ဇ်ရဲ့အကြံပါပဲ။လိဂ်က တန်းတက်တန်းဆင်းမရှိပဲ ဒီအသင်းတွေပဲ ပါတ်လည်ကန်ရပါမယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကငွေကြေးကြောင့်ပါပဲ။

အိမ်ကွင်းအဝေးကွင်းစနစ်ကိုကျင့်သုံးမယ်လို့ဆိုပေမဲ့ကိုဗစ်ကြောင့်နိုင်ငံတွေကူးသန်းသွားလာပြီးအဝေးကွင်းကန်ဖို့ခက်ခဲမှာပါပဲ။

ရီးရဲလ်ရဲ့ဥက္ကဌFlorentino Perez သည် Super League ၏ ဥက္ကဌ အဖြစ်တာဝန်ယူပြီး မန်ယူရဲ့ပိုင်ရှင် ဂလေဇာမိသားစုက သားတစ်ဦးဖြစ်တဲ့Joel Glazer သည် ဒု ဥက္ကဌဖြစ်ပါတယ်။

ဒီလိဂ်ကို ပါဝင်ဖို့ သဘောတူတဲ့အသင်းတိုင်းကပူးပေါင်းရုံနဲ့ဒေါ်လာ ၄၂၅ သန်း ရရှိမှာဖြစ်ပါတယ်။

ဒီငွေကြေးပမာဏကအလွယ်ပြောရရင် သက်ဆိုင်ရာရိုးရိုးလိဂ်တွေမှာဗိုလ်စွဲပြီးနဲ့အပြင်UEFA ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတဲ့ဖလား ၂ ခုပေါင်းရတဲ့ဆုကြေးထက်တောင်အခုပေးတဲ့သဘောတူလက်မှတ်ထိုးပူးပေါင်းကြေးကများပါသေးတယ်။

May Beဒီလိဂ္မြာပါမဲ့ကလပ်တစ်ခုကတစ်နှစ်ကိုဆုကြေးငွေဒေါ်လာသန်း ၅၀၀ နီးပါးရနိုင်ပါသတဲ့။

အခုညမှာ ဖီဖာကဒီအသင်း ၁၂ သင်းအတွက်အရေးယူမှုက ကစားသမားတွေအနေနဲ့ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင်အဖြစ်ကနေ ban တဲ့အပြင်ဒီကလပ်တွေဟာချန်ပီယံလိဂ်ယူရိုပါလိဂ်နဲ့ တခြားဖီဖာ နဲ့ယူအီးအက်ဖ်အေကကျင်းပတဲ့ ဖလားပွဲတွေအားလုံး
ပွဲပါယ်လိုက်ပါတယ်။

ဒီကလပ် ၁၂ ခုက ကစားသမားတွေကကမ္ဘာ့ဖလားလို ပွဲတွေယူရိုပြိုင်ပွဲတွေ ပါဝင်ခွင့်မရတော့ပါဘူး။ဒါ့အပြင် ဘလွန်းဒီအော်လို ဆုတွေရွှေဖိနပ်ဆုတွေ ဂိုးသွင်းအများဆုံးဆုတွေ Golden Boy ဆုတွေပွတ်ရှ်ကပ်ဆုတွေနဲ့ လွဲချော်သွားပါပြီ။

သက်ဆိုင်ရာနိုင်ငံအလိုက်လိဂ်တွေကနေဒီအသင်းတွေကိုထုတ်ပါယ်သွားမယ်လို့လည်းကြားရပါတယ်။စိတ်မကောင်းစရာကGOAT နှစ်ဦးဖြစ်တဲ့လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိူ ရိုနယ်ဒိုတို့ရဲ့ကစားသမားလက်ကျန်အချိန်တွေကိုနိုင်ငံ့လက်ရွေးစင်အဖြစ်မမြင်နိုင်တော့မှာပါပဲ။ဘောလုံးကမ္ဘာဟာငွေကြေးကြောင့်ပျက်စီးခဲ့ပါပြီ။

ကြည့်ရှုအားပေးနေကျရသအပြည့်ပါတဲ့ယှဉ်ပြိုင်မှုပြင်းထန်တဲ့ဘောလုံးပွဲစဉ်တွေအစားကလပ်အသင်းကြီးတွေမပါတော့တဲ့ ပွဲစဉ်တွေကို
ကျွန်တော်တို့ စောင့်ကြည့်ရုံပါပဲ။

မြက်ခင်းစိမ်းတွေဟာဒဏ်ရာတွေ အတိပြီးလို့ ။ဒါတွေပြီးဆုံးသွားတဲ့နောက်မှာတော့ ဥရောပ စူပါလိဂ်ပျက်သိမ်းသွားခဲ့ပြီး နစ်ပေါင်းများစွာ ယူနိုက်တက်ကို လက်ဝါးကြီးအုပ် ငွေကြေးဂုတ်သွေးစုပ် ခဲ့တဲ့ ဂလေဇာတို့ကို မန်ဖန်တွေ ဒေါသထွက်ခဲ့ကြပါပြီ

ဥရောပစူပါလိဂ်ဖြစ်ဖို့ အထူးပါဝင်တဲ့ ယူနိုက်တက် အမှုဆောင်အရာရှိချုပ်လည်း တိုင်ပတ်ခဲ့ပါပြီ ဝုဒ်ဝါ့ဟာ ဥရောပစူပါလိဂ် ပြုလုပ်ရေးမှာ ကိုယ့်ရှူးကိုယ်ပြန်ပက်ခဲ့ပြီးနောက် နှစ်ကုန်မှာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ နှုတ်ထွက်စာ တင်ခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အခြားပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ်တို့နဲ့အတူ ဥရောပစူပါလိဂ်ကို စတင်တည်ထောင်တဲ့ အသင်း၁သင်းအဖြစ် သတ်မှတ်ခံခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကြား ငွေကြေးကိုသာကြည့်ပြီး အသင်းကောင်းဖို့ မကြည့်တတ်တဲ့ ဝုဒ်ဝက်ဟာ လူမုန်းများနေခဲ့ပြီး ဝေဖန်စရာ ဖြစ်နေတဲ့ ဝုဒ်ဝါ့ဟာ ယခုနှစ်ကုန်မှာ ယူနိုက်တက်က ထွက်ခွာဖို့ နှုတ်ထွက်စာ တင်ခဲ့ရပါပြီ

Talksportရဲ့ ဖော်ပြချက်အရ ၄၉နှစ်သားဟာ စူပါလိဂ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရရှိစေခဲ့တာကြောင့် ယခုလို နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။

ဝုဒ်ဝါ့ဟာ ၂၀၂၁နှစ်ကုန်ရင် ထွက်ဖို့ ပြင်ဆင်ထားသူ ဖြစ်တာကြောင့် ယခုလို ထွက်စာတင်လိုက်တာက ယူနိုက်တက်နဲ့ ဘာပြဿနာမှ မဖြစ်နိုင်ဘူးလို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။
သတင်းတွေအရ အသင်းခေါင်းဆောင် မက်ဂွါရီဟာ ဝုဒ်ဝါ့ကို ရန်တွေ့ခဲ့ပြီး စူပါလိဂ်နဲ့ ပတ်သက်လို့ မကျေနပ်ချက်တွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။

ဝုဒ်ဝါ့ဟာ ၂၀၀၅ခုနှစ်မှာ ဂလေဇာ မိသားစု ယူနိုက်တက်ကို ဝယ်ယူချိန်မှာ အရေးပါတဲ့ အကြံပေးနေရာက ပါဝင်ခဲ့ပါတယ်။
ယူနိုက်တက် ဒုဥက္ကဌ ဝုဒ်ဝ့ါဟာ အသင်းရဲ့ စီးပွားရေးနဲ့ မီဒီယာ လှုပ်ရှားမှုတွေကို ၂၀၀၇ခုနှစ်က တာဝန်ယူခဲ့ပြီးနောက် ယူနိုက်တက်မှာ ပိုပြီး အရေးပါလာခဲ့ပါတယ်။

ဝုဒ်ဝါ့ရဲ့ အောင်မြင်မှုတွေကြောင့် ယူနိုက်တက်ဟာ စပွန်ဆာ စာချုပ်တွေမှာ အဆင်ပြေလာခဲ့ပြီး အသင်းတန်ဖိုးတွေ မြင့်တက်လာခဲ့ပါတယ်။

၂၀၁၂ခုနှစ်ကနေ စတင်ပြီး အမှုဆောင်ချုပ်ရာထူးယူထားပေမဲ့ ဖာဂူဆန်လက်ထက်နောက်ပိုင်း အပြောင်းအရွှေ့ စီမံပုံတွေကို အကြီးအကျယ် ဝေဖန်ခံခဲ့ရသူ ဖြစ်ပါတယ်။

ယူနိုက်တက်ကို အဲ့ဒီလို ငွေကြေးတန်ဖိုးတစ်ခုတည်းကြည့်ပြီး အသင်းရဲ့ သမိုင်းကြောင်းတွေ ဖြစ်တည်မှုတွေ အနှစ်သာရတွေကို မကြည့်ပဲ လုပ်ချင်တာလုပ်နေတဲ့ ဂလေဇာနဲ့ဝုဒ်ဝက်တို့ ကို ပရိတ်သတ်တွေက မုန်းတီးနေခဲ့တာကြာပြီဖြစ်ပါတယ်။

ပရိတ်သတ်တွေဟာ နှစ်များစွာ စုထား သည်းခံထားတဲ့ အမုန်းတွေကို ဥရောပ စုပါလိဂ်လုပ်လိုက်တဲ့အချိန်မှာတော့
ဂလေဇာမိသားစုအပေါ် ပွင့်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်.

ပရိတ်သတ်တွေဘက်ကတော့ရှင်းပါတယ်။ ဂလေဇာ အိုးထရက်ဖိုဒ့်က မထွက်မသွားမချင်း မိစ္ဆာတွေကို မောင်းထုတ်နေမှာပဲဖြစ်ပါတယ်။

အမေရိကန်စီးပွားရေးမိသားစုဂလေဇာကတော့ ဖလော်ရီဒါ အခြေစိုက် မိသားစုတစ်စုကို ကမ္ဘာ့အံဩဖွယ် တန်ဖိုး ပေါင်၆ဘီလီယံနဲ့ ရောင်းချဖို့လုပ်နေပြီး နောက်ဆုံးအချိန်ထိ ယူနိုက်တက်အသင်းဆီက ဂုတ်သွေးစုပ်ဖို့ ကြံနေဆဲပဲဖြစ်ပါတယ်.

တမြန်နေ့က ပျက်ခဲ့တဲ့ လီဗာပူးနဲ့ပွဲကိုတော့ ဒီလထဲမှာပြန်လုပ်သွားမှာဖြစ်ပေမယ့် ရက်အတိအကျကိုတော့ မကြေငြာသေးပါဘူး။

MGH

Leave a Comment

Your email address will not be published.