“ဗိုလ်လုပွဲအတွက်ပြင်ဆင်နေပြီး ဝေဖန်သံတွေကို ကျောခိုင်းထားတယ်” ဆိုတဲ့ မာရှယ်

ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူနေခဲ့ရသောတိုက်စစ်မှုး Anthony Martial သည် ယခုအခါ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ကြောင်းသိရပါတယ်။

မာရှယ်ဟာ ပြီးခဲ့တဲ့ လတွေထဲမှာ ယူနိုက်တက် တိုက်စစ်အတွက် တော်တော်လေးကိုခက်ခဲတဲ့ ရာသီကို ဖြတ်ခဲ့ရသူလည်းဖြစ်ပါတယ်။

မာရှယ်ဟာ လက်ရှိမှာ ခြေစွမ်းပိုင်း ကျဆင်းနေတာဖြစ်ပြီး အထောင်တိုက်စစ်မှူးစစ်စစ်မဟုတ်ဘူးလို့ပရီတ်သတ်တွေနဲ့ ယူနိုက်တက်ဂန္တဝင်တွေက ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။

မာရှယ်ဟာ လောလောဆယ်မှာ ချက်ချင်းပြန်ကစားနိုင်ဦးမှာ မဟုတ်ပေမယ့် ရာသီလက်ကျန်(၄)ပွဲခန့်ကိုကစားနိုင်ရန်အတွက် သူ့မှာ အခွင့်အရေးကောင်းတစ်ရပ်ရှိနေတယ်လို့ဆိုပါတယ်။

အကယ်၍ ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့မည်ဆိုပါက Martial အနေဖြင့် အဆိုပါဗိုလ်လုပွဲကိုဝင်ရောက်ဆင်နွှဲနိုင်မှာဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက်ညနေခင်းကဖော်ပြထားပါတယ်။

ဒဏ်ရာရပြီး ကာလရှည် အနားယူနေရတဲ့ မာရှယ် နေပြန်ကောင်းလာချိန်မှာပဲ မာရှယ်ရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းမာရှယ်ဟာ ယူနိုက်တက်မှာ ကစားတော့မှာမဟုတ်ပဲ တစ်ကယ့် အိမ်မက်က ရီးရဲမက်ဒရစ်မှာဖြစ်ပါတယ်ဆိုပြီး ပြောကြားခဲ့တဲ့အပေါ် ပရိတ်သတ်တွေက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

လက်ရှိခြေစွမ်းပိုင်းအနေအထားနဲ့ ဝေဖန်မှုတွေကြုံနေရတဲ့ မာရှယ်ကတော့ သူ့အနေနဲ့ ဝေဖန်သံတွေကို ကျောခိုင်းထားတယ်လို့ ခုလိုဆိုလာပါတယ်။

“လူတွေက ဝေဖန်မှာပဲလေ။ ဝေဖန်တာ သူတို့အလုပ်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် ကွင်းထဲကို မကြာခင်ပြန်လာနိုင်အောင်ကြိုးစားနေပါတယ်။ ကျွန်တော့်ကို ခနခနဝေဖန်နေကြတာတွေ ကျွန်တော်ကြားရပါတယ်။

ဒါမယ့် မကြားချင်ယောင်ဆောင်ပြီး ကျွန်တော် ကျောခိုင်းထားပါတယ်။ အဲ့ဒါတွေက ကျွန်တော့်ကို ကွင်းထဲမှာ ပိုကောင်းလာအောင် မလုပ်ပေးနိုင်ဘူးလေ”လို့ မက်ထရိုသတင်းကိုပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက် အမှန်တစ်ကယ်လိုအပ်နေတာဖြစ်ပြီး ကာဗာနီဟာ ယူနိုက်တက်အတွက် အဖြေမဟုတ်ပဲ ဆေးမြီးတိုပဲဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်၊။

ဆိုလ်ရှားရဲ့ အချစ်တော် မာရှယ်ကလည်း ဒီရာသီမှာ ခြေစွမ်းမပြနိုင်ခဲ့တာဖြစ်လို့ အသင်းအနေနဲ့ ရောင်းထုတ်သွားဖို့တောင် ရှိတယ်လို့သတင်းတွေထွက်နေပြီး ဝေဖန်သံတွေကို ကျောခိုင်းထားတဲ့ မာရှယ်ကတော့ ယူရိုပါလိဂ်‌ေဘောလုံးပွဲမှာ ပရိတ်သတ်တွေကို ဘယ်လိုရင်ခုန်မှုတွေပေးဦးမလဲဆိုတာ
ရင်တဒိတ်ဒိတ်နဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.