“လူသစ်ခေါ်ရေးစီမံချက်”ဆိုပြီး ဆန္ဒပြမှုတွေရပ်တန့်အောင် ပျားရည်နဲ့ဝမ်းချပြန်တဲ့ ဂလေဇာ

လက်ရှိမှာ ယူနိုက်တက်ပိုင်ရှင်တွေဖြစ်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် ဂလေဇာမိသားစုကို ဆန္ဒပြမှုတွေ က တဖြည်းဖြည်းကြီးထွားလို့နေတာပါ၊

မန်ချက်စတာယူနိုက်တက်ဖန်တွေဟာ ၂၀၀၅ခုနှစ် ဂလေဇာက ယူနိုက်တက်ကို ဝယ်ယူလိုက်တဲ့အချိန်ကစပြီး သူတို့မိသားစုရဲ့ စီးပွားရေးတစ်ခုတည်းသာကြည့်ပြီး ဂုတ်သွေးစုပ်တဲ့ လုပ်ရပ်တွေကို စောင့်ကြည့်လာခဲ့ကြတာပါ။

ပရိတ်သတ်တွေဟာ ၁၆နှစ်လုံးလုံး သည်းခံ ခဲ့ကြပေမယ့် ဘောလုံးလောက ကိုဖျက်စီးနိုင်တဲ့ ဥရောပစူပါလိဂ်တည်ထောင်ပြီး ငွေရှာမယ့် လုပ်ရပ်ကို လုပ်လိုက်တဲ့ အချိန်မှာတော့ သူတို့ရဲ့ သည်းခံမှုတွေက ပေါက်ကွဲထွက်လာပြီး အိုးထရက်ဖို့ ကွင်းထဲထိ ဆန္ဒပြခဲ့ကြပါတော့တယ်။

“ကျွန်တော်တို့ မန်ဖန်တွေအနေနဲ့ ဂလေဇာထွက်သွားတာကိုလိုချင်တယ်။ ယူနိုက်တက်ကို ငွေကြေးတစ်ခုတည်းနဲ့ သမိုင်းထဲက ဖျောက်ဖျက်ပစ်မယ့် စီးပွားရေးသမားတွေကို အလိုမရှိပါဘူး”လို့ မန်ချက်စတာယူနိုက်တက်ဖန်တွေကဆိုခဲ့ပါတယ်။

လက်ရှိမှာ မန်ချက်စတာယူနိက်တက်ချစ်သူတွေက ဂလေဇာမိသားစုရဲ့ ရှယ်ယာတွေနဲ့ လုပ်ပိုင်ခွင့်တွေကို လျော့ချဖို့ ၊ဒါမှမဟူတ် လုံးဝထွက်သွားပေးဖို့ စတာတွေပါဝင်တဲ့ အချက် ၄ချက်ကို တောင်းဆိုထားကြပါတယ်။

အဲ့ဒီအချက်တွေကို မလုပ်ဘူးဆိုရင် ဆန္ဒပြတာတွေ ရပ်တန့်သွားလိမ့်မှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ထားပါတယ်။

ပြီးခဲ့တဲ့ ဆန်းဒေးက ဆန္ဒပြမှုမှာမှာ ဆန္ဒပြသူတွေဟာ ဘောလုံး ၂၅လုံးနဲ့ ကင်မရာတွေ အလံတိုင်တွေကို ယူဆောင်သွားခဲ့ကြတာမျိုးရှိတဲ့အတွက် ယူနိုက်တက်ဘက်က သူတို့တွေကို အရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်.

အဲ့ဒီလို ပဋိပက္ခတွေ မြင့်တက်နေတဲ့အချိန်မှာ ဂလေဇာက ယူနိုက်တက်ကို အောင်မြင်မှုတွေရအောင်လုပ်ဖို့ အစီအစဉ်တွေရှိကြောင်း မန်ချက်စတာယူနိုက်တက်ညနေခင်းကတစ်ဆင့် သတင်းပါးလိုက်ပါတယ်။

သူတို့အနေနဲ့ ဆိုလ်းရှားလိုချင်တဲ့ ကစားသမားတွေ ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ကြိုးစားပေးနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှာ လူသစ်ခေါ်ရေးစီမံချက် ရှိထားပြီဖြစ်ပြီး မကြာခင်ကာလမှာ ဖလားတွေ ပြန်လည်သိမ်းပိုက်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့လည်း ဂလေဇာကပြောခဲ့တယ်လို့ ဒေးလီးမေးကဖော်ပြပါတယ်။

လာမယ့်နွေရာသီမှာ တော့တမ်စပါးက ဟာရီကိန်းကို ဆိုလိးရှားက လိုချင်တယ်ဆိုလည်း ဂလေဇာက ခေါ်ယူခွင့်ပြုသွားဖို့ရှိနေပြီးဆိုလ်းရှားနဲ့ လာမယ့်နွေအတွက် ပြောကြားထားပြီးဖြစ်တယ်လို့ ဒေးလီးမေးမှာလည်းဖော်ပြထားပါတယ်။

ဒါပေမယ့် ရာသီအပြောင်းအရွေ့ ဈေးကွက်တိုင်း ပရိတ်သတ်တွေကို မျှော်လင့်ချက်တွေပေးပြီးဖျက်ဆီးတတ်တဲ့ ဂလေဇာက ဒီတစ်ခါလည်း ပျားရည်နဲ့ဝမ်းချလုပ်ရပ်မျိုးကိုလုပ်တာလားဆိုပြီးတော့ ပရိတ်သတ်တွေဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

ကဲမြန်မာက မန်ဖန်တွေရော ဘယ်လိုထင်လဲ။ ဂလေဇာက မင်းအောင်လှိုင်လိုပဲ သူ့အကျိုးစီးပွားအတွက် ပရိတ်သတ်တွေကို လှည့်ကွက်သုံးပြီး အိုးထရက်ဖို့ကိုလက်မလွတ်ဖို့ကြိုးစားနေသလား။ ဒါမှမဟုတ် သူ့ကိုမနှစ်မြို့တဲ့ ပရီတ်သတ်တွေအတွက် အိုးထရက်ဖို့ကနေထွက်သွားမယ်လို့ ထင်ပါသလား…

MGH

Leave a Comment

Your email address will not be published.