အိုးထရက်ဖို့ထဲမှ အလံများနင့်ဘောလုံးများ ခိုးယူသွားသည့် ဆန္ဒပြသူများကို အရေးယူမယ်

လီဗာပူးနဲ့ပွဲစဉ်ပျက်သွားလောက်တဲ့အထိ အိုးထရက်ဖို့မှာ ဆန္ဒပြသူ တွေ အလွန်များပြားခဲ့ပြီးတော့

ထောင်နဲ့ချီတဲ့ မန်ချက်စတာယူနိုက်တက် ဖန်တွေဟာ ဂလေဇာ မိသားစုထွက်သွားဖို့တောင်းဆိုနေကြတာပါ။

အဲ့ဒီနေ့ ဆန္ဒပြမှုတွေမှာ ဘောလုံးတွေနဲ့ အလံတွေ ခိုးယူခံလိုက်ရပြီး အကြမ်းဖက်မှုတွေလုပ်တဲ့ ပရိတ်သတ်တွေကို အရေးယူဖို့ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။

လက်ရှိမှာ ဆန္ဒပြမှုတွေကြောင့် ယူနိုက်တက်အသင်းဟာ လီဗာပူးနဲ့ပွဲကို မကန်လိုက်ရတဲ့ အပြင် အရှုံးပေးရတာမျိုး အမှတ်လျော့ပြစ်ဒဏ်ခံရတာမျိုး ခံယူရဖွယ်လည်းရှိလို့နေနေပါတယ်။

ဆန္ဒပြပွဲတွေက ခုထိ မပြီးဆုံးသေးပဲ Manchester United Supporter Trust (MUST)အဖွဲ့ကဂလေဇာမိသားစုကို အချက် ၄ချက်ပါဝင်တဲ့ အိတ်ဖွင့်ပေးစာပေးခဲ့ပြီး အဲ့ဒီအချက် ၄ချက်ကို သဘောမတူရင် ဆန္ဒပြမှုတွေ ဆက်ရှိနေမယ်လို့ဆိုပါတယ။

MUST က အဲ့ဒီစာမှာ” အရင်လို အခြေအနေပြန်ရမယ်လို့ လုံးဝမထင်နဲ့။ ဒီတောင်းဆိုချက်တွေမရမချင်း လုံးဝရပ်တန့်သွားမည်မဟုတ်”လို့ ယူနိုက်တက် တွဲဖက်ဉက္ကဌဂျိုးဂလေဇာကို ရာဇသံပေးခဲ့ပါတယ်။

သူတို့ပေးခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ “ပြီးခဲ့တဲ့ ၁၆နှစ်လုံးလုံး ခင်ဗျားတို့မိသားစုဟာ ယူနိုက်တက်ကို အကြွေးတွေနဲ့သံသယတွေ မယုံကြည်နိုင်မှုတွေဆီကို ခေါ်ဆောင်သွားခဲ့တယ်”လို့ရေးထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆန္ဒပြမှုတွေမှာ Old Trafford ကွင်းထဲထိရောက်လာတဲ့ ပရိသတ်များက ထောင့်တိုင်အလံများ နဲ့ ဘောလုံး(25)လုံးကိုခိုးယူသွားခဲ့တယ်လို့ ဒေးလီးမေးသတင်းကဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဘက်ကတော့ ဆန္ဒပြမှုတွေနဲ့ပက်သက်ပြီး ကြေငြာချက်တစ်စောင်ကိုထုတ်ပြန်ထားပြီး ဆန္ဒပြမှုတွေမှာ အကြမ်းဖက်လှုပ်ရှားသည့်ပရိသတ်များကို အမှုဖွင့်အရေးယူဖို့ရှိ ပေမယ့် မည်သူမည်ဝါ ဟု အတိအကျသိရှိရခြင်းတော့မရှိသေးပါဘူး

MGH

Leave a Comment

Your email address will not be published.