ဆိုးရှားဆီက ကြယ်ပွင့်၂ယောက်ကို ရိုးမားဆီ ခေါ်ချင်တယ်လို့ ဆိုလာပြန်တဲ့ မော်ရင်ဟို

လာမယ့်နွေရာသီအပြောင်းအရွေ့ဈေးကွက်မှာ ရိုးမားနည်းပြသစ်ဖြစ်လာဖြစ်လာမယ့် မော်ရင်ဟိုက တော့ ယူနိုက်တက် အဓိက ကစားသမား ၂ယောက်ကို ခေါ်ယူချင်နေတယ်လို့ ဆိုထားကြောင်း ဒေးလီးမေးလ်သတင်းဌာနကဖော်ပြထားပါတယ်။

လာမယ့်ဈေးကွက်သစ်မှာ သူ့အနေနဲ့ သူအထူးလိုချင်နေတဲ့ ကစားသမား ၂ယောက်ကို ရိုးမားအသင်းတာဝန်ရှိသူတွေကို ချပြထားတယ်လို့ သိရပါတယ်။

မော်ရင်ဟိုက စပါးအသင်းကနေ ရုတ်တရက် အလုပ်ထုတ်ခံရပြီးနောက် ချက်ချင်းဆိုသလို ရှုံးပွဲတွေဆက်တိုက်ကြုံတွေ့နေရတဲ့ ရိုးမားအသင်းက သူ့ကို ခေါ်ယူခဲ့တာပါ။

လာမယ့်ရာသီမှာ နည်းပြအဖြစ်လုပ်မယ်လို့ဆိုထားပေမယ့် ယူနိုက်တက်နဲ့ ရိုးမား ကန်မယ့် ဒုတိယအကျော့ ယူရိုပါလိဂ်ဆီမီးပွဲကိုလည်း သူ့အနေနဲ့ နောက်ကွယ်က ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ရိုးမားအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သေချာပြီးပြီးချင်း သူ့အနေနဲ့ ရိုးမားအသင်းကို အင်အားပိုတောင့်အောင်လုပ်ဖို့အတွက် ယူနိုက်တက် ကွင်းလယ်လူ
မားတစ်ကို အထူးခေါ်ယူချင်နေတယ်လို့ ရိုးမားအသင်းတာဝန်ရှိသူတွေကို သူ့ပလန်ချပြထားကြောင်းသိရပါတယ်။

ဒါ့အပြင် မော်ရင်ဟိုက ဂိုးသမား ဒီဂီယာကိုလည်း ရိုးမားအသင်းကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဘက်ကလည်း ဒီနှစ်နွေရာသီဈေးကွက်မှာ ကစားသမား ၈ဦးထိရောင်းချသွားဖို့ရှိနေပြီး အဲ့ဒီထဲမှာ ဂိုးသမားဒီဂီယာလည်းပါဝင်နေတာဖြစ်ပါတယ်။

ရိုးမားဘက်ကတော့ လက်ရှိအချိန်ထိ အသက် ၃၂နှစ်အရွယ်ရှိတဲ့ ကွင်းလယ်လူ မားတစ်ကို ကမ်းလှမ်းတာမျိုးမရှိသေးပါဘူး။

မားတစ်ဟာလည်း ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်အလွန်နည်းပါးနေတာဖြစ်ပြီး မော်ရင်ဟိုကတော့ ယူနိုက်တက် လူဟောင်းတွေရှိနေတဲ့ ရိုးမားအသင်းကို မာတစ်ကို သူ့နည်းစနစ်ပိုင်းအတွက် ခေါ်ယူချင်နေတာဖြစ်တယ်လို့ Sky Sportsက သုံးသပ်ထားပါတယ်

MGH

Leave a Comment

Your email address will not be published.