“ယူနိုက်တက်မှာ ဂိုးသွင်းအသေအချာဆုံး ကစားသမား၂ယောက်ပဲ”ရှိတယ်လို့ ထုတ်ပြောလိုက်တဲ့ပေါ့ဘာ

လက်ရှိမှာ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့သေချာခြင်းမရှိသေးတဲ့ ပေါ့ဘာဟာ ယူနိက်တက်အသင်းမှာ အဆုံးသတ်အသေချာဆုံး ဂိုးသွင်း အသေအချာဆုံး ကစားသမား ၂ယောက်ပဲရှိတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲမှာ ဘရူနိုဖာနန်ဒက် ဖရက် တဲ့လက်စ်တို့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား က မက်ဆီလား ဒိုလေးလား အငြင်းအခုန်ဖြစ်တဲ့အချိန်မှာ ဒီစကားကို ပြောခဲ့တာဖြစ်ပါတယ်၊

အသင်းဖော်တွေက မန်ချက်စတာယူနိုက်တက်မှာ ဂိုးသွင်းအကောင်းဆုံး အသေချာဆုံးကစားသမား ၂ယောက်ကို ရွေးဆို ဘယ်သူ့ကိုရွေးမလဲလို့ ပေါ့ဘာကို မေးခဲ့တာလို့ မက်ထရိုသတင်းဌာနက ဖော်ပြထားပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အသင်းကို တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းတောင်းထားပြီး ယူနိုက်တက်ဘက်က လက်ရှိအချိန်ထိ ပေါင် ၄သိန်းပဲ ပေးထာတာဖြစ်တဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်သင့်မဖြစ်သေးပေမယ့် အသင်းဖော်တွေနဲ့ ပျော်ပျော်ရွင်ရွင်ပဲရှိနေတယ်လို့ သိရပါတယ်။

အသင်းဖော်တွေက” ပေါ့ဘာ ယူနိုက်တက်မှာ ဂိုးသွင်းအသေချာဆုံးကစားသမားဘယ်သူလို့မင်းထင်လဲ”လို့မေးတဲ့အခါ သူက” ဖရက်နဲ့လုရှောလို့”စစချင်း နောက်ပြောင်ခဲ့ပြီး ဆိုးလ်းရှားက အဲ့ဒါငါရွေးထားပြီးသားဆိုပြီး ပြန်စနောက်တဲ့အတွက် ပေါ့ဘာက ဂိုးသွင်းအသေချာဆုံး ၂ယောက်ကို ခုလိုပြောပြလာပါတယ်။

“ကျွန်တော့်အမြင်ပါ။ အသင်းမှာ ဂိုးသွင်းအကောင်းဆုံး အဆုံသတ်အသေချာဆုံးက ကာဗာနီနဲ့ ဂရင်းဝုဒ်လို့ထင်ပါတယ်။ ကာဗာနီရဲ့ ခေါင်းတိုက်ချက်တိုင်းက ဂိုးဖြစ်သလို ဂရင်းဝုဒ်ကတော့ ခြေထောက်အားသာချက်ပါ။ ၂ယောက်လုံးကတော့ ဘယ်ကနေဘယ်လိုမှန်းမသိပဲ ဂိုးသွင်းယူယူသွားတတ်ပါတယ်”လို့အသင်းဖော်တွေကပြောခဲ့တာပါ။

ယူနိုက်တက်မှာလက်ရှိ ဂိုးသွင်းအများဆုံးနဲ့ အကောင်းဆုံးလို့ ယူဆထားသူတွေက ရက်စ်ဖို့နဲ့ဘရူနိုတို့ပဲဖြစ်ပါတယ်။ ပေါ့ဘာက သူတို့နှစ်ယောက်ကို ကျော်လွန်ပြီး ကာဗာနီနဲ့ ဂရင်းဝုဒ်တို့ကိုရွေးချယ်ခဲ့တာလည်းဖြစ်ပါတယ်။ ကာဗာနီက လက်ရှိအချိန်ထိ ပွဲချိန်နည်းနည်းနဲ့ ၁၂ဂိုးထိသွင်းယူထားပြီး ဂရင်းဝုဒ်ကတော့ ၁၀ဂိုးထိ သွင်းယူထားတာဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြဆိုလ်းရှားကလည်း ယူနိုက်တက်မှာ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာတဲ့ ကစားသမား ၄ယောက်ရှိတယ်လို့ ပြောကြားထားပြီး ကာဗာနီ ဂရင်းဝုဒ် ပေါ့ဘာ ဝစ်ဘာဆာကာဖြစ်တယ်လို့ဆိုထားပါတယ်။

ဒီတော့ ယူနိုက်တက် ပရိတ်သတ်ကြီး ဘယ်လိုထင်လဲ။ ယူနိုက်တက်မှာ ဂိုးသွင်းအသေချာဆုံးကဘယ်သူလို့ထင်လဲ? ပေါ့ဘာပြောတာလက်ခံပါသလား။ ကွန်မန့်မှာ ကျွန်တော်တို့နဲ့အတူ မျှဝေပေးခဲ့ပါဦးနော်

MGH

Leave a Comment

Your email address will not be published.