ရိုးမားနဲ့ယူနိုက်တက် ဒုတိယအကျော့ပွဲကို မော်ရင်ဟို ကိုင်တွယ်မယ်

စပါးနည်းပြအဖြစ်ကနေ ရုတ်တရက် အထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြမော်ရင်ဟိုဟာ နောက်ရာသီမှာ ရိုးမားနည်းပြအဖြစ် လုပ်တော့မှာဖြစ်ပါတယ်။

ဟိုဆေးမော်ရင်ဟိုဟာ ၂၀၁၅ခုနှစ်ကနေစပြီး ၃နစ်တစ်ကြိမ် ထုတ်ပယ်ချင်းခံရတဲ့ အစဉ်အလာရှိသူတစ်ယောက်ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ၂၀၁၅ကနေ၂၀၁၇အထိ ချဲလ်ဆီး၊ ၂၀၁၈နှစ်ကုန်ထိ မန်ချက်စတာယူနိုက်တက်၊ ၂၀၂၁ဧပြီ၁၉ထိ စပါးအသင်းတွေမှာ နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ပြီးတော့ အောင်မြင်တဲ့နည်းပြအဖြစ် လူအများလက်ခံထားသူလည်းဖြစ်ပါတယ်။

ခုလည်း မော်ရင်ဟိုဟာ စပါးက ရုတ်တရက် ထုတ်ပယ်ခံရပြီးပြီးချင်း ရိုးမားအသင်းကို ကိုင်တွယ်ဖို့ ကမ်းလှမ်းခံခဲ့ရတာဖြစ်ပြီးတော့ အဲ့ဒီအသင်းမှာ ယူနိုက်တက်က ကစားသမားဟောင်းတွေလည်းရှိနေတာဖြစ်ပါတယ်။

မော်ရင်ဟိုက နောက်ရာသီမှာ ရိုးမားအသင်းကို နည်းပြအဖြစ်စတင်ကိုင်တွယ်မှာဆိုပေမယ့် ရိုးမားအသင်းနဲ့ ယူရိုပါလိဂ်ဆီမီး ဒုတိယအကြိမ်ကို လက်ရှိနည်းပြ Paulo Fonsecaအစား ကိုင်တွယ်သွားမယ်လို့ ရိုးမားအသင်းရဲ့ အံ့ဩဖွယ် ကြေငြာချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရိုးမားအသင်းရဲ့ ကွင်းလယ်ကစားသမား ဟန်းရစ်မစ်ခီတာယန်ကလည်း ရိုးမားနဲ့ယူနိုက်တက် ဒုတိယ အကျော့ကို မော်ရင်ဟို ကိုင်တွယ်မယ်ဆိုတာ အတည်ပြုထားပြီး သူ့ရဲ့မန်နေဂျာအသစ်အောက်မှာ ကစားရမှာကို နှစ်ခြိုက်တယ်လို့ Metroသတင်းဌာနကိုပြောကြားထားပါတယ်။

အသက်၅၈နှစ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ စီးရီးအေကို တစ်ကျော့ပြန် ပြန်လာခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်နဲ့ပွဲကို တိုက်ရိုက်ကိုင်တွယ်တာမျိုးတော့မဟုတ်ဘူးလို့လည်း မစ်ခီတာယန်ကဆိုပါတယ်။

ယူနိုက်တက်ဟာ အိုးထရက်ဖို့မှာ ရိုးမားအသင်းကို ဂိုးဒါဇင်ဝက်ထိသွင်းယူခဲ့တာကြောင့် ပထမအကျော့ရလာဒ် ၆-၂နဲ့ပြတ်ပြတ်သားသား ဗိုလ်လုပွဲကို ချီတက်သွားပြီဖြစ်ပါတယ်။

မော်ရင်ဟိုကိုင်တွယ်မယ့် ရိုးမားအသင်းရဲ့ ရိုးမားမြေမှာ ယူနိုက်တက်ကို ၄ဂိုးသွင်းဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှမဖြစ်နိင်တော့ပါဘူး။ လက်ရှိရိုးမားအသင်းကိုမော်ရင်ဟိုရောက်လာတာနဲ့ပက်သက်ပြီးမစ်ခီတာရန်းက” မော်ရင်ဟို ဟာ ကမ္ဘာ့အအောင်မြင်ဆုံးနည်းပြဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ဖလားတွေအများကြီးနဲ့ အောင်မြင်မှုတွေကိုယူပေးခဲ့သူပါ။

သူနဲ့ဆိုအတွေ့အကြုံကောင်းတွေရလာမှာဖြစ်ပါတယ်။ လာမယ့်ပွဲမှာလည်း ကျွန်တော်တို့အသင်းကို တိုက်ရိုက်မဟုတ်ပေမယ့် သူကိုင်တွယ်မှာပဲဖြစ်တယ်။ ဒါကိုလည်း အသင်းက သဘောကျပါတယ်”လို့ ပြောခဲ့တာပါ။

စပါးကအထုတ်ခံရတဲ့ မော်ရင်ဟိုကိုင်တွယ်မယ့် ရိုးမားနဲ့ သူ့အသင်းဟောင်းယူနိုက်တက်တို့ကတော့ ရိုမားကွင်းမှာ ဘယ်လိုရင်ခုန်စရာရသတွေပေးမလဲဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်၊

Leave a Comment

Your email address will not be published.