ရိုးမားရဲ့ကြောက်စရာComebakအကြောင်းပြောပီးယူနိုက်တက်ကိုသတိပေးခဲ့တဲ့ စမောလင်း

မန်ချက်စတာယူနိုက်တက်နဲ့ ရိုးမားတို့ရဲ့ယူရိုပါလိဂ် ဆီမီးလ်ဖိုင်နယ် ဒုတိယအကျော့ကို မကြာခင် နံနက် ၁နာရီခွဲမှာ ရိုးမားကွင်းမှာ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်တို့ဟာ အိုးထရက်ဖို့မှာ ရိုးမားအသင်းကို ဂိုးမိုး ရွာသလို ၆ဂိုးအထိသွင်းယူခဲ့ပြီး ဆီမီးဖိုင်နယ်ကို နောက်တစ်ကျော့ကန်စရာမလိုရလောက်အောင်ပြတ်သားတဲ့ရလာဒ်ကို ရရှိသွားခဲ့ပါတယ်။

ဒါပေမယ့်အဲ့ဒီနေ့ပွဲမှာရိုးမားတို့ဟာ ပထမပိုင်းမှာ၂ဂိုး၁ဂိုးနဲ့ဦးဆောင်နေခဲ့တာဖြစ်ပြီးတော့ ယူနိုက်တက်တို့ရဲ့ ဒုတိယပိုင်းနာမည်ကျော် ကမ်းဘက်နဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။

မကြာခင်မှာကန်တော့မယ့်ပွဲနဲ့ပက်သက်ပြီး ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာရိုးမားနောက်ခံလူ စမောလင်းကတော့ဘောလုံးဟာ အရာရာဖြစ်နိုင်တယ်ဆိုပြီး ရိုးမားရဲ့ကြောက်စရာCome Backအကြောင်းပြောပြီးယူနိုက်တက်ကိုသတိပေးသွားခဲ့တာပါ။

“ပထမအကျော့မှာ ပထမပိုင်းကျွန်တော်တို့ တော်တော်လေးကောင်းခဲ့ပါတယ်။ဘောလုံးဆိုတာအရာတိုင်းဖြစ်သွားနိုင်ပါတယ်။ရိုးမားအသင်းဟာ ဘာစီလိုအသင်းကို ၃ဂိုးနဲ့ကမ်းဘက်ပြန်လာဖူးပါတယ်။ကျွန်တော်တို့အကောင်းဆုံးတိုက်ပွဲဝင်သွားမှာပါ။

ရှုံးပါပြီဆိုပြီး စာတန်းမထိုးသေးသလိုပွဲသိမ်းခရာလည်းမမှုတ်သေးပါဘူး”ဆိုပြီးယူနိုက်တက်ကိုပြောကြားသွားတာပါ။

စမောလင်းပြောခဲ့သလို ရိုးမားရဲ့ လူပြောများခဲ့တဲ့ Epic Come Backဟာ ၂၀၁၈ခုနှစ်မှာဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ ဒုတိယအကျော့ကန်တဲ့အချိန်မှာ ၃ဂိုး ဇီးရိုးနဲ့ပြန်နိုင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကဘာကာက ရိုးမားကို ၄ဂိုး ၁ဂိုးနဲ့ ပထမအကျော့အနိုင်ရရှိထားတာဖြစ်ပါတယ်။

လက်ရှိမှာ ရိုးမားအသင်းကိုကိုင်တွယ်နေတဲ့ နည်းပြဖွန်ဆီကာကလည်း ဘောလုံးမှာမဖြစ်နိုင်ဘူးဆိုတာဘာမှမရှိဘူးလို့ပြောကြားထားပြီးတော့သူ့နောက်ကွယ်က မော်ရင်ဟိုကလည်း သွယ်ဝိုက်အကူအညီပေးမှာဖြစ်တဲ့အတွက် နည်းဗျူဟာ အပြောင်းအလဲရှိမလားဆိုတာတော့ ရင်ခုန်စွာစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပြောသလိုပဲ မဖြစ်နိုငတာတွေကဖြစ်လာတတ်လို့ပါပဲ

MGH

Leave a Comment

Your email address will not be published.