ဂန္တဝင် ဝေဖန်ရေးသမား နဗီးကို အသံနဲနဲလျော့ဖို့ သတိပေးလိုက်တဲ့ ဆိုလ်းရှား

ယူနိုက်တက် ဂန္တဝင် ကစားသမားဟောင်းလည်းဖြစ်သလို ဘောလုံးပွဲတွေ သုံးသပ်ဝေဖန်နေတဲ့ ဂယ်ရီနဗီးကို တချို့သော ဝေဖန်မှုတွေလုပ်ရာမှာ အသံနဲနဲပါးပါးလျော့ပေးဖို့ ယူနိုက်တက်နည်းပြ ဆိုလ်းရှားကတောင်းဆိုလိုက်ပါတယ်။

ဂယ်ရီနဗီး ပေါ်စခိုး စတဲ့ ဂန္တဝင်တွေဟာ ဘောလုံးလောကနဲ့ပက်သက်တာတွေမှာ ဝေဖန်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်တတ်ပြီး အများအားဖြင့် ဒီရာသီတစ်လျောက်လုံးမှာ ယူနိုက်တက်ကို ပြင်းပြင်းထန်ထန်ဝေဖန်တာတွေလုပ်ခဲ့ပါတယ်။

ဆိုလ်းရှားအနေနဲ့ ဒီဝေဖန်မှုတွေကို ဘာမှမပြောလိုပေမယ့်ပြီးခဲ့တဲ့ ဆန်းဒေး လီဗာပူးနဲ့ ကန်မယ့် ပွဲစဉ်မှာ ကွင်းထဲထိ ဆန္ဒပြမှုတွေလုပ်ပြီး အကြမ်းဖက်မှုတွေလုပ်ခဲ့တဲ့ ဆန္ဒပြသူတွေကို မြှောက်ပေးတဲ့ စကားတွေလုပ်ပြီး ဂလေဇာကို ဝေဖန်ခဲ့တာဟာ ယူနိုက်တက်ကို အဆိုးဆုံးအခြေအနေကို တွန်းပို့နေတယ်လို့ ဆိုလ်းရှားကဆိုပါတယ်။

ယူနိုက်တက် ဆန္ဒပြသူတွေဟာ ဂလေဇာမန်ချက်စတာမြေက အပြီးအပိုင်ထွက်ခွာဖို့ ဆန္ဒပြနေကြတာနဲ့ပက်သက်ပြီးနဗီးက ဒီလုပ်ရပ်တွေကို အားပေးထောက်ခံခဲ့သလို တစ်ကမ္ဘာလုံးက ဘောလုံးပရိတ်သတ်တွေကလည်း ဝိုင်းဝန်းထောက်ခံအားပေးကြဖို့ တီဗီအစီအစဉ်တစ်ခုမှာပြောကြားခဲ့တာပါ။

“သူ့အနေနဲ့ဘောလုံးလောကဝေဖန်ရေးတွေလုပ်တာလက်ခံပါတယ်။ လက်ရှိဖြစ်နေတဲ့ ဂလေဇာ ဆန့်ကျင်မှုတွေမှာ အကြမ်းဖက်မှုတွေပါလာတာအားလုံးလည်းသိပါတယ်။

ဒီလိုအချိန်မှာ အဖြေတစ်ခုကို ရှာဖို့ထက် ဒေါသထွက်နေသူတွေကို ပိုစိတ်ဆိုးစေတဲ့ စကားမျိုးတွေမပြောသင့်ဘူးလို့ထင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ တိုးတက်မှု အောင်မြင်မှုကို လိုလားတယ်ဆိုရင် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကို ပိုလိုအပ်ပါတယ်။

သူ့အသံတွေနဲနဲလောက်လျော့ပေးဖို့လိုအပ်ပါတယ်”လို့ ဆိုလ်းရှားက Sky Sportကသတင်းထောက်ကိုပြောကြားခဲ့တာပါ။

လက်ရှိအခြေအနေမှာ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ကလည်း ဆန္ဒပြသူတွေကို ယူနိုက်တက်ကို တစ်ကယ်ချစ်တယ် အသင်းကို တိုးတက်စေချင်တယ်ဆိုရင် ရိုးမားနဲ့ပွဲကို အေးအေးချမ်းချမ်းကန်ရဖို့ ဆန္ဒပြမှုတွေရပ်တန့်ပေးဖို့တောင်းဆိုထားပါတယ်။

ဂလေဇာဆန့်ကျင်သူတွေကတော့ ရိုးမားနဲ့ပွဲကို ဆန့်ကျင်ဆန္ဒပြဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ဂလေဇာကလည်း ယူနိုက်တက်ကိုရောင်းဖို့ အစီအစဉ်မရှိသလို ဥရောပစူပါလိဂ်နဲ့ပက်သက်ပြီး ပရိတ်သတ်တွေကိုတောင်းပန်ဖို့ အစီအစဉ်မရှိဘူးလို့ ဆိုထားပါတယ်။ ဒါနဲ့ပက်သက်ပြီးဆိုလ်းရှားက

“ဂလေဇာ က ပုဂ္ဂိုရေးအရ ကျွန်တော့်ကို တောင်းပန်ထားပါတယ်။ ပရိတ်သတ်တွေကိုလည်းတောင်းပန်ထားပါတယ်။ သူစခဲ့တဲ့ ဥရောပစူပါလိဂ်နဲ့ပက်သက်ပြီးလည်း မှားကြောင်းနားလည်နေပါပြီ။ ဒါကြောင့် ဆန္ဒပြသူတွေအနေနဲ့ အချိန်တစ်ခုထိ စောင့်ကြည့်ပေးဖို့ ဆိုလိုတာပါ”လို့ ဆိုလ်းရှားကဆိုပါတယ်။

ယူနိုက်တက်ဖန်တွေကတော့ ဂလေဇာကို သူတို့လု်ပပိုင်ခွင့်တွေလျော့ချဖို့ အချက် ၄ချက်တောင်းဆိုထားပါတယ်။

ဂလေဇာဘက်ကတော့ ဘာမှမတုံ့ပြန်ထားဘူး။ ဂန္တဝင် ဝေဖန်ရေးသမားဂယ်ရီနဗီးကတော့” ဂလေဇာအတွက် မန်ချက်စတာမှာနေစရာမရှိပါဘူး”လို့ ပြောကြားထားပါတယ်။

MGH

Leave a Comment

Your email address will not be published.