ကာဗာနီ၊ဘရူနို၊ဒီဂီယာကလွဲရင် တသင်းလုံးရွံစရာခြေစွမ်းနဲ့ ဖိုင်နယ်ပြုတ်ဘွတ်ကင် ယူသွားနိုင်ခဲ့တဲ့ယူနိုက်တက်

FULL TIME : Roma 3-2 Man United ( Agg 5-8 )
ဆီမီးပြုတ်ဆိုလ်းရှားနဲ့ သူ့ချစ်တပည့် ယူဆိုက်တက်တို့အဖွဲ့ကတော့ ဆီမီးလ်ရောက်တိုင်း ဂေါက်ပလပ်ထထကျွတ်တတ်တဲ့ အစဉ်အလာကို မဖျောက်နိုင်ပဲ ရိုးမားနဲ့ပွဲမှာလည်း ၃-၂နဲ့ရှုံးနိမ့်ပြီး အစဉ်အလာကို ဆက်ထိန်းသိမ်းခဲ့ပါတယ်။

ရိုးမားနဲ့ယူနိုက်တက် ဆီမီးဒုတိယအကျော့ပွဲမှာ ဒီဂီယာသာ ဘုရားပေးတဲ့ လက်စွမ်းနဲ့ မကာကွယ်နိုင်ခဲ့ရင် ဆီးမီးပြုတ်ဆိုးလ်းရှားနဲ့ သူ့တပည့်တစ်သိုက်ဟာ ရောမမြေမှာ မနေ့မနက်က ဒူးနဲ့မျက်ရည်သုတ်နေခဲ့ရလောက်ပါပြီ။

လူထုတ်ပုံအမှားတွေ၊ နည်းစနစ်အမှားတွေ၊ စိတ်ပျက်ဖွယ် ခြေစွမ်းတွေနဲ့ ရှုံးပွဲကြုံခဲ့ရပေမယ့် ပထမအကျော့က ဂိုးပြတ်နိုင်ထားတဲ့ အကျိုးကျေးဇူးကြောင့် နှစ်ကျော့ပေါင်းရလဒ် 5-8 နဲ့ ဆီမီးပြုတ် ဘဝကနေလွတ်ကင်းပြီး ဖိုင်နယ်ပြုတ် အဖြစ် တဆင့်တက်လှမ်းသွားနိုင်ခဲ့တာပါ။

ပထမအကျော့က ဂိုးပြတ်နိုင်ထားပေမယ့် ယူဆိုက်တက်တို့ဟာ ရက်ဖိုစ့်ကလွဲပြီး လူစုံထုတ်လာခဲ့ပါတယ်၊ ပွဲအစမှာ ဂိုးပြတ်နိုင်ထားလို့ သွေးနဲနဲအေးနေတဲ့ ယူနိုက်တက်တို့ဟာ ဘာစီလိုနာကို ၂၀၁၈က ၃ဂိုးပြတ်ပြန်ဖုတ်ဘူးတဲ့ ရိုးမားရဲ့ တရစပ် ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို ခံခဲ့ရတာပါ။

ဘုရားပေးတဲ့လက်နဲ့ ဒီဂီယာသာ မကယ်တင်ခဲ့ရင် ဆီမီးပြုတ်ဘဝနဲ့အိမ်ပြန်ပြီး အစဉ်အလာမပျက် ဆီးမီးပြုတ်ဆိုလ်းရှား ဂုဏ်ကိုဆက်ထိန်းသိမ်းနေရလောက်ပါပြီ။

ရိုးမားအနေနဲ့ တစ်ပွဲလုံး ယူနိုက်တက်တို့ကို တောက်လျောက် တိုက်စစ်ဆင်ဖိကစားခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၀ကြိမ်လောက်ရရှိခဲ့တာပါ။ ဒီဂီယာဟာ အပိုင်ဂိုး ၅ဂိုးပလောက်ကို အံဩဖွယ် ကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက်တို့ ဂိုးပြတ်သွင်းမခံခဲ့ရတာပါ။

ဒီပွဲရဲ့ ဦးဆောင်ဂိုးကိုတော့ ယူဆိုက်တက်က စရခဲ့တာဖြစ်ပြီး ပထမအပိုင်တစ်လုံးကို စကေးပြပြီး ကျော်သွင်းလို့ လွဲသွားခဲ့တဲ့ နှစ်ချို့ဝိုင်ဂိုးမုဆိုးကြီးကာဗာနီက တိုက်စစ်မှူးပီသစွာ အမြန်ပြေးထွက်ပြီး အပြင်းပိတ်သွင်းခဲ့တာပါ။

ရှေ့တန်းတိုက်စစ်မှာ အသစ်တစ်ဖန်ပြန်မွေးဖွားတယ်ဆိုပြီး ဆိုလိးရှားချီးကျူးထားတဲ့ သစ်သားစိမ်းလေးကတော့ ဒီကနေ့ပွဲမှာ ကြောင်ပျောက်နေပြီး အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ အနိုင်ရလာဒ်သေချာနေပြီဆိုတာ တွက်ထားတဲ့ ဆိုးလ်ရှားဟာ ဂေါက်တောက်တောက် ကြောက်တောင်တောင် ပေါတောတောနဲ့ Full Back နှစ်ယောက်ကို လဲရာကနေ ပျက်စီးခြင်းကိန်းဆိုက်ခဲ့ရပါတော့တယ်။

အထူးသဖြင့် လူစားဝင်လာတဲ့ တဲလက်စ် ဘက်က ခံစစ်ပေါက်ချက်ကတော့ ရှေ့တန်းကို မမြင်ရတော့ပဲ ဖောင်းဒိုင်းဖောင်းဒိုင်းနဲ့ သွင်းဂိုးတွေ ဆက်တိုက်အသွင်းခံခဲ့ရတာပါ။

ဒီဂီယာဆိုတာ ကာလီမယ် မယ်တော်ဝင်ပူးနေသလားအောက်မေ့လောက်ရအောင် တဒိုင်းဒိုင်းကစ်နေတဲ့ ဂိုးတွေကို ကာကွယ်ခဲ့ရပြီး ရလာဒ်ကတော့ ဆိုးရှားဦးဆောင်တဲ့ ချစ်သားလူမိုက် နောက်တန်းမောင်ငဆိုက်တို့သောက်သုံးမကျမှုကြောင့် ရောမမြေမှာ ၃-၂ ဆိုတဲ့ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရပါတော့တယ်။

ရောမမြေမှာ အနိုင်ဆိုတာလေးကို မခံစားရတော့ပဲ စုတ်ပြတ်သတ်နေတဲ့ ဂေါင်းကြီး ဦးဆောင်တဲ့ နောက်တန်း၊ ကြောင်ပျောက်နေတဲ့ သစ်သားစိမ်း၊ ခြေမပေါ်နိုင်သေးတဲ့ ဗန်ဒီဘိ၊ လူစားလဲဝင်လာပြီးမှ ဆိုဒ်ပိနေတဲ့ ရက်ဖို့စ် တို့ ငဆိုက်အသင်းဟာရိုးမားကိုရှုံးပြီးနှစ်ကျော့ပေါင်းရလဒ်ကြောင့် ဖိုင်နယ် တက်သွားခဲ့တာပဲဖြစ်ပါတယ်။

ဂိုးပြတ်နိုင်ထားတာတောင် လူငယ်တစ်ယောက်မှ မသုံးရဲ၊ အရံအင်အားဖြစ်ဖြစ်မြောက်မြောက်မရှိ ၊ လူစုံထုတ်ကန်တာတောင် ရှုံးတဲ့ ဆိုးရှားရဲ့ နည်းဗျူဟာ နဲ့ ကာဗာနီ၊ဘရူနို၊ဒီဂီယာတို့ကလွဲလို့ ဒီနေ့ ပွဲထွက်ခွင့်ရခဲ့တဲ့ ဂိတ်မှူးတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံကတော့ တော်တော်တော်လေး စိတ်ပျက်ဖွယ်ကောင်းခဲ့ပါတယ်။

ကံကောင်းလို့ မောင်ဆိုးတို့ ဆီမီးပြုတ်ဘဝက လွတ်မြောက်ခဲ့ပေမယ့် ဒီလိုခြေစွမ်းမျိုးနဲ့ဆိုရင် အာကြီးကို ဘုခဲ့တဲ့ စပိန်အသင်း ဗီလာရီးရဲက ဖိုင်နယ်မှာ ရိုးမားလို ဖောင်းဒိုင်းတွေတဒိုင်းဒိုင်း ပစ်ကြွေးရင်း ဒူးနဲ့မျက်ရည်သုတ်ခိုင်းဖို့ မောင်ဆိုးတို့ ဆရာတပည့်တစ်သိုက်ကို စောင့်ကြိုနေတယ်ဆိုတာ သတိပေးပါရစေ..

ရိုးမားပွဲမှတ်တမ်းများ

ဂိုးသမား ဒီဂီယာသည် ရိုမား 3-2 ယူနိုက်တက်ပွဲစဉ်တုန်းက ဂိုးပေါက်ကာကွယ်မှု (10)ကြိမ်အထိရှိခဲ့ကာ ဂိုးဧရိယာအတွင်း၌ ဂိုးပေါက်ကန်သွင်းမှု (9)ကြိမ်အထိ ရှိခဲ့သည်။
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ (FT)
ရိုးမား 3-2 မန်ချက်စတာယူနိုက်တက်
(နှစ်ကျော့ပေါင်းရလဒ် 5-8 နဲ့ ယူနိုက်တက် ဗိုလ်လုပွဲတတ်)
(ဒီဇီကို ၅၇မိနစ် ခရစ္စတန်တေ ၆ဝမိနစ် ဇလက်ပ်စကီး ၈၃မိနစ်) (ကာဗာနီ ၃၉မိနစ် ၆၈မိနစ်)

Leave a Comment

Your email address will not be published.