ဂျူဗင်က ထွက်ပြီး ငယ်ဘဝအသင်းလေးကိုပဲ ပြန်မယ်ဆိုတဲ့ ဒိုလေးကို မန်ယူခေါ်ဖို့ ကြိုးစားနေ

ဂျူဗင်တပ်အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်နေပြီး ရုန်းကန်နေရမှုများကြောင့် အသင်း ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ ငယ်ဘဝအသင်းလေးကို ပဲပြန်တော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဒိုလေးဟာ သူ့ငယ်ဘဝ အသင်းဟောင်း စပို့တင်းလစ္စဘွန်းကို ပြန်ပြောင်းဖို့ ရှိနေတယ်လို့ အီတလီသတင်းသမား ကလော်ဒီယို ရွိုင်မွန်ဒီက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းကြောင့် ယူနိုက် တက်ကလည်း သူတို့ရဲ့ အသင်းသားဟောင်းဖြစ်တဲ့ စီရော်နယ်ဒိုကို ပေါင်၂၅သန်းနဲ့ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် လို့ သတင်းတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စီရော်နယ်ဒိုတို့ဟာ အသက် ၁၂ နှစ်အရွယ်တုန်းက စပို့တင်းလစ္စဘွန်းအသင်းအကယ်ဒမီကို ရောက်ရှိလာခဲ့ သူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်အထိ အသင်းအတွက်ကစားပေးခဲ့သူလည်းဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ တော့ ယူနိုက်တက်ကို ပြောင်းရွှေ့ကစားပြီးနောက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား တစ်ယောက်အဖြစ် အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီရာသီဂျူဗင်တပ်မှာရုန်းကန် နေရတယ် ဆိုပေမယ့် စီးရီအေပွဲ ၃၀ မှာ ၂၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂျူဗင်ကထွက်တော့မယ့် စီရော်နယ်ဒိုကို ပီအက်စ်ဂျီအသင်းက ယူနိုက်တက်နဲ့ အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဒိုလေးဆီကတော့ ဒီအသင်း၂သင်းနဲ့ပက်သက်ပြီး ဘာအသံမှထွက်မလာသေးပဲ လက်ရှိမှာ စီရော်နယ်ဒိုဟာ စိတ်ရှုပ်ထွေးမှုတွေဖြစ်နေတယ်လို့သိရပါတယ်။

MGH

Leave a Comment

Your email address will not be published.