ယူနိုက်တက်ကို ရဲရင့်ပြောင်မြောက်တဲ့ သတိပေးစကားပြောလိုက်တဲ့ ဗီလာရီးရဲအသင်းပိုင်ရှင်

ဗီလာရီးယဲလ်အသင်းပိုင်ရှင်ဖြစ်တဲ့ Fernando Roigကတော့ ယူနိုက်တက်အသင်းကို မန်ချက်စတာယူနိုက်တက် ညနေခင်းသတင်းစာက တစ်ဆင့်ပြောင်မြောက်တဲ့ သတိပေးစကားတစ်ခွန်းကိုပြောကြားခဲ့ပါတယ်။

ဗီလာရီးယဲလ်အသင်းဟာ ဆီမီးဖိုင်နယ်ပထမအကျော့အိမ်ကွင်းမှာ အာဆင်နယ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာတော့ ဂိုးမရှိသရေကစားနိုင်ခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ပထမအဆုံးအကြိမ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိခဲ့တာပါ။

ဗီလာကိုရှုံးခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ တော့ ဂိုးသွင်းခွင့်တွေအများကြီးရရှိခဲ့ပေမယ့် ဗီလာရီးယဲလ်အသင်းက တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ခဲ့သလို ပေးဂိုးမရှိအောင်စွမ်းဆောင်ခဲ့တာကြောင့် ဗိုလ်လုပွဲလက်မှတ်ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဗီလာအတွက် ဗိုလ်လုပွဲလက်မှတ်ရခဲ့ပေမယ့် အာဆင်နယ်အသင်းကတော့ (၂၅)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လာမယ့်ရာသီကျရင် ဥရောပပြိုင်ပွဲတစ်ခုမှ ဝင်ခွင့်မရမယ့်အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။

ရိုးမားကို ရောမမြေမှာ ဒုတိယအကျော့ရှုံးနိမ့်ခဲ့ပေမယ့် ၂ကျော့ပေါင်းရလာဒ်နဲ့ ဗိုလ်လုပွဲတက်လာတဲ့ ယူနိုက်တက်ကတော့ ပိုလန်နိုင်ငံ ဂဒန့်စ်မြို့မှာ ဗီလာရီးရဲကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ဗီလာ နည်းပြ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အင်္ဂလန်ထိပ်သီး မန်ချက်စတာယူနိုက်တက်နဲ့ ဆုံတွေ့ရမှာဖြစ်ပေမယ့် သူတို့အသင်းကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ကြုံးဝါးပြောဆိုခဲ့သလို ဗီလာအသင်းပိုင်ရှင်Fernando Roigကလည်း ယူနိုက်တက်ကိုပြောင်မြောက်တဲ့ ခြိမ်းခြောက်စကားကိုခုလိုပြောကြားခဲ့ပါတယ်။

ဂျူဗင်က ထွက်ပြီး ငယ်ဘဝအသင်းလေးကိုပဲ ပြန်မယ်ဆိုတဲ့ ဒိုလေးကို မန်ယူခေါ်ဖို့ ကြိုးစားနေ


“ငါတို့အသင်းကကွင်းထဲမှာလမ်းလျောက်နေမှာမဟုတ်ဘူး။ ပိုလန်မှာ အနိုင်ကန်ပြီး အဆုံးသတ်ဆုဖလားကို သိမ်းပိုက်သွားမှာဖြစ်တယ်”လို့ မန်ချက်စတာညနေခင်းကတစ်ဆင့် ယူနိုက်တက်ကို သတိပေးပြောကြားခဲ့တာပါ။

လက်ရှိဗီလာရီးရဲနည်းပြအူနိုင်းအမ်မရီဟာလည်းယူနိုက်တက်နဲ့ပက်သက်ပြီး အလားတူသတိပေးစကားကိုပြောကြားခဲ့ပါသေးတယ်။

ကာဗာနီ၊ဘရူနို၊ဒီဂီယာကလွဲရင် တသင်းလုံးရွံစရာခြေစွမ်းနဲ့ ဖိုင်နယ်ပြုတ်ဘွတ်ကင် ယူသွားနိုင်ခဲ့တဲ့ယူနိုက်တက်


အိမ်မရီဟာ ၂၀၁၉ ခုနှစ်တုန်းက အာဆင်နယ်နည်းပြရာထူးကနေ အထုတ်ခံခဲ့ရသူဖြစ်ပြီး အခုအချိန်မှာ အသင်းဟောင်းကို ပြန်လည်လက်စားချေနိုင်ခဲ့တယ်လို့ပြောရမှာပါ။ ဗီလာရီးယဲလ်အသင်းဟာ အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်(၃)ကြိမ်၊ ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်(၃)ကြိမ်တက်ရောက်ခဲ့ပေမယ့် အခု အူနိုင်းအမ်မရီလက်ထက်မှ ပထမဆုံးအဖြစ် ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ၂၀၁၇ ချန်ပီယံဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ဆုံတွေ့ရမှာဖြစ်ပေမယ့်လည်း အူနိုင်းအမ်မရီကတော့ အဲဒီပွဲအတွက် စိုးရိမ်နေမှာမဟုတ်ဘူးလို့ ဆိုခဲ့တာပါ။

“ဒီရာသီ ယူရိုပါလိဂ်မှာဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဗိုလ်လုပွဲမှာဆုံတွေ့ရတော့မှာဖြစ်ပြီး သူတို့အသင်းဟာ ပြိုင်ပွဲတစ်လျှောက်မှာ ပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ကလည်း ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်း(အာဆင်နယ်)ကို ဖြုတ်ချနိုင်ခဲ့ပါပြီ။

လာမယ့်ဗိုလ်လုပွဲဟာ ဘယ်လောက်ခက်ခဲမလဲဆိုတာ နားလည်ပေမယ့် ကျွန်တော်တို့ကတော့ အဲဒီလိုပွဲမျိုးကို ရင်ဆိုင်ဖို့အသင့်ပြင်သွားမှာပါ။ ယူနိုက်တက်အသင်းဟာ ထိပ်သီးအသင်းဖြစ်ပြီး သူတို့အသင်းရဲ့ အားသာချက်တွေကို ချိုးဖျက်နိုင်ဖို့ ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်သွားမှာဖြစ်ပါတယ်”လို့ အမ်မရီက ဆိုခဲ့ပါတယ်။

အသက်(၄၉)နှစ်အရွယ်ရှိပြီဖြစ်သူ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှုအများဆုံးနည်းပြတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပြီး ဆီဗီလာအသင်းနဲ့အတူ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာ ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသင်းတစ်သင်းနဲ့ (၃)နှစ်ဆက်ဗိုလ်စွဲခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် စံချိန်တင်ထားတာလည်းဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.