ငွေစကားပြောတဲ့ အက်ဝုဒ်ကို ပြင်းပြင်းထန်ထန် ဒဲ့ပြန်ဖြဲလိုက်တဲ့ ကာဗာနီ

လက်ရှိမှာ ယူနိုက်တက် ရဲ့ တိုက်စစ်မှူး ကာဗာနီကို ယူနိုက်တက်ဘက်က အသင်းမှာ ဆက်ရှိနေဖို့ကြိုးစားနေပြီး စာချုပ်သစ်ချုပ်ဆိုလိုနေကြပါတယ်။

ဒါပေမယ့် အခုထက်ထိတော့ ကစားသမားဘက်က စာချုပ်ကို သက်တမ်းတိုးပြီး အသင်းမှာဆက်နေမလား မနေဘူးလားဆိုတာကို ဆုံးဖြတ်နိုင်စွမ်းမရှိသေးပါဘူး။

ယူနိုက်တက်ကို ဒီရာသီမှာရောက်ရှိလာတဲ့ ကာဗာနီဟာ ကျိန်စာသင့်ကျောနံပါတ် ၇ကို ချေဖျက်ပြပစ်ခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နေလို့ နည်းပြဆိုလ်းရှားနဲ့ အသင်းသားတွေက အသင်းမှာဆက်ရှိဖို့လိုလားနေတာဖြစ်ပေမယ့်တိုက်စစ်မှူးကာဗာနီကတော့ မိသားစုဆုံးဖြတ်ချက်က အရေးပါနေသလိုခံစားနေရတာဖြစ်ပါတယ်။

ကာဗာနီရဲ့အဖေက မတ်လကုန်တုန်းက ကာဗာနီကို ပြန်လာဖို့ ပြန်ခေါတယ်လို့ သတင်းတွေမှာဖော်ပြထားပြီး ကာဗာနီဟာ မန်ချက်စတာရဲ့ ရာသီဥတုအခြေအနေနဲ့ သဟဇာတမဖြစ်ပဲ အထီးကျန်စွာ နေ့ရက်တွေကိုဖြတ်သန်းနေရတယ်လို့ မန်ချက်စတာညနေခင်းကဖော်ပြဖူးပါတယ်။

ကာဗာနီဟာဘယ်လိုအကြောင်းကြောင့်စာချုပ်သစ်ချုပ်ဆိုဖို့ကို တုံ့ဆိုင်းနေမှန်းမသိသေးတဲ့အချိန်မှာပဲ ဒီရာသီကုန်ရင် အသင်းကထွက်ခွာတော့မှာဖြစ်တဲ့ ယူနိုက်တက် အမှုဆောင်အရာရှိချုပ်အက်ဝုဒ်က ကာဗာနီဟာ အသင်းမှာဆက်နေဖို့ ဈေးပိုလိုချင်နေတယ်ဆိုတဲ့စကားမျိုးကိုပြောခဲ့တာဖြစ်ပါတယ်.

ဒါနဲ့ပက်သက်ပြီး ကာဗာနီဟာ အက်ဝုဒ်ကို သည်းခံမနေပဲ ခုလိုမျိုးဒဲ့တုံ့ပြန်ခဲ့တာပါ။

“အက်ဝုဒ်ကိုသိစေချင်တာက ကစားသမားတိုင်းက ငွေကြေးနောက်ကိုလိုက်နေတာမဟုတ်ဘူး။ ယူနိုက်တက်မှာ ငွေအတွက်လာကန်တာမဟုတ်သလိုကျွန်တော်ဘာဆုံးဖြတ်ချက်ချချငွေအတွက်မဟုတ်ဘူး။ ငွေစကားသိပ်ပြောတာကျွန်တော့်အတွက်အဆင်မပြေဘူးဗျ”လို့ပြန်တုံ့ပြန်ခဲ့တာပါ။

တိုက်စစ်မှူးကာဗာနီကို လက်ရှိမှာအသင်းမှာဆက်နေဖို့ဆိုလိးရှားဘက်က အစွမ်းကုန်ကြိုးစားနေပြီး ကာဗာနီဘက်ကလည်းဆက်နေချင်တဲ့သဘောတော့ရှိနေပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ ၆ပွဲမှာ ၇ဂိုးထိသွင်းယူခဲ့သူဖြစ်သလို ဂိုးဖန်တီးမှုတွေပြုလုပ်ထားနိုင်သူပါ။

လက်ရှိမှာယူနိုက်တက်ဟာ အထောင်တိုက်စစ်မှူးစစ်စစ်လိုအပ်နေတာဖြစ်ပြီး ဒီနွေမှာ အထောင်တိုက်စစ်မှူးခေါ်ဖို့ကြိုးစားနေပါတယ်။

လောလောဆယ်မှာဟာလန်း ဆန်ချိုတို့ကို ပစ်မှတ်ထားနေပေမယ့် ဆန်ချိုကတော့ မျှော်လင့်ချက်ပျက်ရမယ့်အနေအထားမျိုးဖြစ်ပြီး ယူနိုက်တက်ဘက်က စိတ်မဝင်စားတော့ဘူးလို့ဆိုပါတယ်။

ဂလေဇာကလည်း တိုက်စစ်မှူးကိန်းကိုခေါ်ဖို့နဲ့ထိပ်တန်းခေါ်ယူမှုတွေလုပ်မယ်လို့ပြောထားပေမယ့် အထောင်တိုက်စစ်မှူးစစ်စစ်မရှိတဲ့ ယူနိုက်တက်အတွက်တော့ ကာဗာနီဟာဆေးမြီတိုဖြစ်နေရင်တောင် အဲ့ဒီဆေးမြီတိုကို ယူနိုက်တက်က မရှိမဖြစ်လိုအပ်နေဆဲပဲဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.