အစဉ်အလာမပျက် စမောလင်းပြောတဲ့ Comebackကြီးနဲ့လန်ထွက်ပြသွားပြန်တဲ့ ယူနိုက်တက်

FULL-TIME : Aston Villa 1-3 Man United

ဒီနေ့ညမှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ယူဆိုက်တက်တို့ပွဲမှာတော့ နည်းပြဆိုလ်းရှားနဲ့ဆရာတစ်ပည့်တစ်သိုက်ဟာ အသင်းရဲ့ရိုးရာ အမွေအနှစ်ဖြစ်တဲ့ နာမည်ကျော် ကမ်းဘတ်ကြီးနဲ့လန်ထွက်ပြသွားခဲ့ပြန်ပါတယ်.

ဒီနေ့ကပွဲ ဟာဆိုရင်တော့ ယူဆိုက်တက်တက်တို့ရဲ့ ဦးဆောင်ဂိုးတစ်ဂိုးပေးပြီးနောက် အကြိမ်ကြိမ်ပြန်လည်အနိုင်ယူပြခဲ့တဲ့လ်ဂ်ပွဲ(၁၀)ပွဲမြောက်လည်းဖြစ်ပါတယ်

ဒီမှတ်တမ်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျောက် တစ်ရာသီအတွင်း Comeback ပွဲများရယူနေတဲ့ အသင်းတစ်သင်းအတွက် ပထမဦးဆုံးမှတ်တမ်းလည်းဖြစ်ပါတယ်။

ဆိုးရှားနဲ့ တပည့်ကျော် ဂိတ်ဆရာများ အဖွဲ့ကတော့ ဆာအဲလက်စ် ချန်ရစ်ခဲ့တဲ့ ရိုးရာအမွေအနှစ်ဖြစ်တဲ့ ကမ်းဘတ်နိုင်ပွဲတွေကို ဒီရာသီတွေမှာဆက်တိုက်ဖော်ဆောင်နေကြတာပါ၊

အခုဆိုရင် ယူဆိုက်တက်တို့ဟာ ဆိုလ်းရှားရဲ့ ဆီမီးပြုတ်အစဉ်အလာကိုချိုးဖျက်ပြနေနိုင်ခဲ့ပြီဖြစ်သလို ပုံမှန်ဆို ပွဲအစမှာ အထနှေးတတ်တဲ့အစဉ်လာကိုရိုက်ချိုးလိုက်ပြီး အိမ်ရှင်ဗီလာကိုအစပိုင်းမှာတင် တော်တော်လေး ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယူဆိုက်တက်တို့ဟာ အပြည်ပြည်ဆိုင်ရာနာမည်ကျော်ဂိတ်မှူး လော့ဒ်လင်ဒီလော့ရဲ့ လူကပ်ပုံ အားနည်းမှုကနေတစ်ဆင့် ထရာအိုရေးက လှပသေသပ်စွာ ကန်သွင်းယူတာခံလိုက်ရတဲ့အတွက် အိမ်ရှင်အသင်ဟာ အဖွင့်ဂိုးတစ်ဂိုးရယူသွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်နေကျဖြစ်တဲ့ ဆိုလ်းရှားတို့ ဂိတ်အဖွဲ့ကတော့ သွေးအေးအေးနဲ့ပဲ ဒုတိယပိုင်းမှာ တိုက်စစ်ကို နှစ်ဆမြှင့်တင် ကစားခဲ့တဲ့အတွက် ဗီလာ ခံစစ် အလုပ်များခဲ့ရပြီး မိနစ် ငါးဆယ်အရောက်မှာတော့ ကွင်းလယ်ဗိုလ်ချုပ် ပေါ့ဘာရဲ့ မွှေနှောက်မှုကို ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ် မထိန်းနိုင်ခဲ့တဲ့အတွက် ပင်နယ်တီ ခွင့်ပြုပေးခဲ့ရပြီး ဘရူနိုက အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ချေပဂိုး ရပြီးတဲ့နောက်မှာတော့ ယူဆိုက်တက်တို့အဖွဲ့သားတွေဟာ အသင်းရဲ့ ရိုးရာအတိုင်း တိုက်စစ်ကို အစွမ်းကုန် ထပ်မံ မြှင့်ကစားတဲ့အတွက် ဗီလာတို့ အရူးဖင်သရဲကုတ်သလို ဘယ်သူ့အော်ဆဲလို့ဆဲရမယ်မသိတော့ပဲ ၅၆ မိနစ်မှာ သစ်သားစိမ်းကတစ်ဂိုး၊ ၈၇ မိနစ်မှာ လူစားဝင် ဂိုးသွင်းမုဆိုး နှစ်ချို့ဝိုင် ကာဗာနကြီးရဲ့ တိုက်မလွဲ ခေါင်းတိုက်ချက်တစ်ဂိုးအသီးသီး ထပ်မံခွင့်ပြုပေးခဲ့ရပြီး ယူဆိုက်တက်တို့ရဲ့ စူပါဆန်းဒေးညချမ်းဟာ ပြီးပြည့်စုံတဲ့ ကမ်းဘက်နိုင်ပွဲနဲ့အတူ ပျားရည်ထဲဆေးသကြားကျသလိုချိုမြိန်နေပါတော့တယ်။

ယူဆိုက်တက်တို့ရဲ့ ခုနိုင်ပွဲကြောင့် တစ်ကမ္ဘာလုံးက ဆိုက္ကားဆရာများဟာလည်း တော်လှန်ရေးကာလ စော်ထရသလို အူမြူးနေမှာဖြစ်ပြီး ချန်ပီယံဖြစ်ပြီထင်ထားတဲ့ ကလေးအဖွဲ့ကတော့ ချန်ပီယံဖြစ်ဖို့ ထပ်စောင့်ရတော့မှာလည်းဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.