အိုးထရက်ဖို့က သရဲနီတွေဆီ ပြန်လာတော့မယ့် ဗန်ဒါးဆား

ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တက်ကို ၁၆နှစ်ကြာ ကိုင်တွယ်ခဲ့ပြီးတဲ့နောက်မှာ ပရိတ်သတ်တွေရဲ့ ဆန္ဒပြမှုတွေကို အပြင်းအထန်ခံနေရပါတယ်.

ဥရောကစူပါလိဂ်ကိုလုပ်ဖို့ စတင်ခဲ့တဲ့ အသင်းတစ်သင်းထဲမှာ ပါဝင်ခဲ့တာကြောင့်လည်း အခြေအနေတွေရှုပ်ထွေးခဲ့ပြီး ယူနိုက်တက်ရဲ့ အမှဆောင်အရာရှိချုပ် အက်ဝုဒ်ကတော့ ရာသီကုန်ရင်အသင်းကထွက်သွားတော့မှာဖြစ်ပါတယ်။

ဂလေဇာကတော့ ခုချိန်ထိ အသင်းကိုလက်လွတ်မခံသေးပဲ ပရိတ်သတ်တွေကို နွေမှာလူခေါ်ပေးမယ်ဆိုတဲ့ ကတိပေးပြီး ယူနိုက်တက်ကို ဆက်လက်ချုပ်ကိုင်နေဦးမှာပဲဖြစ်ပါတယ်။

မကြာခင် အသင်းကထွက်ခွာတော့မယ်ဆိုတဲ့ အမှုဆောင်အရာရှိချုပ် အက်ဝုဒ်နေရာမှာ အစားထို့မယ့်သူလည်းလိုလာပြီဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာပဲ တစ်ချိန်က ယူနိုက်တက်ရဲ့ နာမည်ကျော် ဂိုးသမားကြီးဗန်ဒါးဆားက ယူနိုက်တက်ကို သူပြန်လာချင်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်.

ယူနိုက်တက်ရဲ့သရဲနီတပ်သားဟောင်းကြီး ဗန်ဒါးဆားယူနိုက်တက်ကိုရောက်ရှိလာနိင်တဲ့အခြေအနေနဲ့ပက်သက်ပြီးဆိုးလိရှားကခုလိုထုတ်ပြောလာပါတယ်.

“သူရောက်လာမယ်ဆို တစ်ကယ်ပျော်မိမှာပါ။ကျွန်တော်တို့အသင်းမှာအလိုအပ်ဆုံးထဲကတစ်ခုပါ။ သူပြန်လာဖို့ကလည်းတော်တော်လေးနီးစပ်နေပါပြီလို့”ပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။

ကဲပရိတ်သတ်ကြီးရော ဗန်ဒါးဆားသာ ယူနိုက်တက်ရဲ့နည်းစနစ်ဒါရိုက်တာနေရာမှာ ရောက်လာမယ်ဆို လက်ခံမှာလား….အသင်းကဒီထက်ပိုကောင်းသွားမယ်လိုယုံကြည်ပါသလား

MGH

Leave a Comment

Your email address will not be published.