ဆိုလ်းရှားနဲ့ ကွင်းလယ်က သရဲနီတပ်သားတွေကို အံဩချီးကျူးလိုက်တဲ့ ကလော့ပ်

လီဗာပူးအသင်းနည်းပြကလော့ကချန်ပီယံလိဂ်ဝင်ခွင့်နေရာရဖို့မရေမရာဖြစ်နေပေမယ့်ချန်ပီယံလိဂ်ဝင်ခွင့်နေရာရရေးကြိုးပမ်းမှုတွေကိုစွန့်လွှတ်သွားမှာမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် သူတို့အနေနဲ့ အိုးထရက်ဖို့စ်မှာ မယှဉ်ပြိုင်ဖြစ်တဲ့ ယူနိုက်တက်အသင်းနည်းပြဆိုလ်းရှားနဲ့ကစားသမားတွေကိုလည်း အံဩချီးကျူးမိကြောင်း ကလော့ကပြောကြားခဲ့ပါသေးတယ်။

ယူနိုက်တက်အနေနဲ့ ၅ရက်အတွင်း ၃ပွဲကန်ဖို့ထိဖြစ်လာတာကို နည်းပြဆိုလ်းရှားအနေနဲ့ မကြိုက်နှစ်သက်ပေမယ့်လည်း အကောင်းဆုံးအသန်မာဆုံးသောကစားသမားတွေနဲ့ဆိုလ်းရှားကဖြစ်အောင်ပြုလုပ်ပြလိမ့်မယ်လို့လည်းကလော့ကဆိုပါတယ်။

“လူတိုင်းကနည်းပြအိုလေးဂန်နားဆိုးလ်းရှားကို ၁၀၀ ရာခိုင်နှုန်းယုံကြည်လိမ့်မယ်ကျွန်တော်ထင်တယ်။ ပီးတော့အိုလေကလည်း ပရီးမီးယားလိဂ်ဆုံးဖြတ်ချက်ကို ၁၀၀ရာခိုင်နှုန်းလေးစားလိမ့်မယ်။ အခြေအနေတွေက အဲ့ဒီလိုဖြစ်ဖို့အကြောင်းဖန်လာတာကို။

သူတို့ပင်ပန်းပြီးခက်ခဲမယ်ဆိုတာသူသေချာသိမှာဖြစ်သလို ကျွန်တော်တို့အသင်းဟာ မယုံနိုင်လောက်အောင် သန်မာတောင့်တင်းတဲ့ အကောင်းဆုံးလူတွေနဲ့ဖွဲ့စည်းထားတဲ့အသင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာတနားလည်ထားတယ်။ ယူနိုက်တက်မှာ ကွင်းလယ်ကိုကြည့်မလား ရှေ့တန်းကိုကြည့်မလား မယုံနိုင်စရာကောင်းတဲ့ကစားသမားတွေရှိတယ်။ သူတို့ကငယ်တယ်။ ဒါပေမယ့် အရမ်းကောင်းကြပါတယ်။ ကျွန်တော်ယုံကြည်ပါတယ်. သူတို့ရဲ့လက်ရှိအဆင့်နေရာကို ဆက်ထိန်းထားနိုင်မယ်ဆိုတာပေါ့”လို့ကလော့ပ်ကပြောကြားခဲ့တာပါ၊

လီဗာပူးအသင်းအနေနဲ့ပရီးမီးယားလိဂ်ရာသီကုန်အချိန်အထိလက်ကျန်ပွဲပေါင်း၄ပွဲကစားရမှာဖြစ်ရာနိုင်ပွဲရယူနိုင်ဖို့အရေးကြီးနေပါတယ်။လီဗာပူးအသင်းအနေနဲ့လာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင်အားလုံးမှာတာဝန်ရှိနေမှာဖြစ်ကြောင်း၊ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းဟာအသင်းအတွက်စစ်မှန်တဲ့ပြဿနာဖြစ်လာနိုင်ကြောင်းနည်းပြကလော့ကပြောပါတယ်။

လီဗာပူးအသင်းနည်းပြကလော့ကလက်ကျန်ပွဲစဉ်တွေမှာအမြင့်ဆုံးခြေစွမ်းအဆင့်တန်းမျိုးနဲ့ယှဉ်ပြိုင်ဖို့လိုအပ်နေကြောင်းပြောပါတယ်။

လီဗာပူးအသင်းနည်းပြကလော့က“ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာအသင်းအတွက်ကောင်းမွန်တဲ့အရာတွေဖြစ်ခဲ့တယ်။လက်ရှိရာသီမှာအတူတကွဲအားလုံးလုပ်ဆောင်ပေမယ့်ကောင်းမွန်တဲ့အရာတွေမရခဲ့ဘူး၊ဒီလိုမျိုးအခြေနေတွေဟာဘောလုံးလောကမှာဖြစ်လေ့ဖြစ်ထရှိပါတယ်။

ဒါဟာအသင်းအတွက်စိန်ခေါ်မှုမဟုတ်ဘူး၊အသင်းဟာလက်ရှိတွေ့ကြုံနေရတဲ့အခြေနေနဲ့ပတ်သက်ပြီးအားလုံးမှာတာဝန်ရှိနေပါတယ်။အသင်းဟာလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်နေရာမရဘူးဆိုရင်ရုပ်သံရှေ့မှာလီဗာပူအသင်းပရိသတ်တွေကြည့်တော့မှာမဟုတ်ဘူးလီဗာပူးအသင်းနဲ့ပတ်သက်သူတိုင်းမှာတာဝန်ရှိပါတယ်။“လို့ပြောပါတယ်။

လီဗာပူးအသင်းဟာ ဆောက်သမ်တန်ကို မာနေး သီယာဂိုတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက်ချန်ပီယံလိဂ်ဝင်ခွင့်ကမဖြစ်နိုင်တော့တဲ့အနေအထားမဟုတ်တော့ဘူးလို့လည်း ကလော့ပ်ကဆိုပါတယ်။

လက်ရှိမှာ လီဗာပူးဟာ အမှတ်ပေး ဇယား ၆နေရာမှာရှိနေပြီးတော့ အဆင့်၄နေရာက လက်စတာနဲ့တစ်ပွဲလျော့ကစား၆မှတ်အကွာ၊ အဆင့်၅နေရာကဝက်ဟမ်းနဲ့ပွဲတူ ၁မှတ်အကွာ၊ အဆင့်၃နေရာက ချဲဆီလ်းနဲ့တစ်ပွဲလျော့ ၇မှတ်အကွာမှာ ရှိနေတာလည်းဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.