အိုးထရက်ဖို့မှာ ဂိုးမိုးတွေနဲ့ဆက်ရစ်မူးဦးမယ့် “နှစ်ချို့ဝိုင်(သို့)ဂိုးသွင်းမုဆိုးကြီး”

ယူနိုက်တက်ရဲ့ဂန္တဝင်ကစားသမားဟောင်းကြီးတွေက ဆေးမြီတိုတိုက်စစ်မှူးဆိုပြီး ဝေဖန်နေကြတဲ့ ယူနိုက်တက်ရဲ့ နှစ်ချို့ဝိုင်လို့ချစ်စနိုးခေါ်ကြတဲ့ ဂိုးသွင်းမုဆိုးကြီး ကာဗာနီကို အသင်းကနေ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်တယ်လို့သိရပါတယ်

မကြာတော့တဲ့ နာရီပိုင်းအတွင်းမှာမန်ချက်စတာယူနိုက်တက်ကနေ ဒီသတင်းကို Officialကြေငြာတော့မှာဖြစ်တယ်လို့ ဘီဘီစီကဖော်ပြထားပါတယ်။

ယူနိုက်တက်ရဲ့ ကျိန်စာသင့်ကျောနံပါတ်ကို အကောင်းဆုံးသောခြေစွမ်းတွေနဲ့ ချို့းဖျက်ပြပစ်ခဲ့တဲ့ ဂိုးသွင်းမုဆိုးကြီး နှစ်ချို့ဝိုင် ကာဗာနီကို သက်တမ်းတိုးဖို့ အချိန်အတော်ကြာ ညှိုနိုင်းခဲ့ပြီးနောက် ၂၀၂၂အထိအသင်းမှာဆက်ရှိဖို့ သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ တခြားသောသတင်းဌာနတွေဖြစ်တဲ့ Metroနဲ့Daily Mailတို့မှာလည်းဖော်ပြထားပါတယ်။

ယူနိုက်တက်ဘက်က လောလောဆယ်မှာ ဒါကို တရားဝင်မကြေငြာသေးပေမယ့် သိပ်မကြာတော့တဲ့အချိန်မှာ တရားဝင်ကြေငြာသွားဖွယ်ရှိနေပါတယ်။

ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီဥတုနဲ့ သဟဇာတဖြစ်မှုမရှိပဲ နေ့ရက်များကို အထီးကျန်စွာဖြတ်သန်းနေရလို့ သူ့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို တော်တော်လေးစဉ်းစားခဲ့ရပုံတော့ရပါတယ်။

ယူနိုက်တက်အတွက် အဓိကလိုအပ်ချက်ဖြစ်နေတဲ့ အထောင်တိုက်စစ်မှူးနေရာကို ကာဗာနီရောက်လာပြီးတဲ့နောက်မှာ ယူနိုက်တက်တို့ဟာ အဆုံးသတ်ဂိုးသွင်းယူမှုတွေမှာ သိသိသာသာတိုးတက်ပြောင်းလဲခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အတွက်လိုအပ်ခ ျက်တွေဖြည့်ဖို့ရောက်လာသလားထင်ရတဲ့ ဥရောဂွေးတိုက်စစ်မှူးကာဗာနီဟာ သူပါဝင်ခဲ့တဲ့ ပွဲစဉ်၃၅ပွဲမှာ ၁၅ဂိုးထိသွင်းယူထားပြီး ဂိုးဖန်တီးမှု အမြောက်အမြားလည်းပြုလုပ်ထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က ကန်ခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာဆိုရင်လည်း နှစ်ချို့ဝိုင်ကြီးဟာ သူဘာလဲဆိုတာကို အကြိမ်ကြိမ်ပြသပြီးဖြစ်ပါတယ်။ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးတွေကတော့ကာဗာနီဟာ “ယူနိုက်တက်အတွက် အဖြေမဟုတ်ဘူး။ ဆေးမြီးတိုသာဖြစ်တယ်”လို့ ဝေဖန်ထားပါတယ်။

အမှန်တစ်ကယ်မှာလည်း အသင်းမှာ နောက်တစ်နစ်ပဲဆက်ရှိမှာဖြစ်တဲ့အတွက် ယူနိုက်တက်အသင်းဟာ ကာဗာနီနေရာကို အစားထိုးနိုင်မယ့် တိုက်စစ်မှူးကောင်းတစ်ယောက်လိုအပ်နေတာဖြစ်ပါတယ်။

လောလောဆယ်မှာ ဟာလန်းကို ဆိုလ်းရှားက နံပါတ်တစ်ဦးစားပေးထားသလို ကိန်းတို့ ဆန်ချိုတို့ကိုလည်း စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွေ့ဈေးကွက်ရောက်တိုင်း ထိပ်တန်းကစားသမားတွေခေါ်ယူမယ်ဆိုပြီး နာမည်ထွက်တတ်တဲ့ ယူနိုက်တက်ဟာ ဒီနွေအပြောင်းအရွေ့မှာ အသင်းအတွက် တစ်ကယ်လိုအပ်တဲ့ ကစားသမားတွေခေါ်နိုင်မလားဆိုတာတောစောင့်ကြည့်ရမှာပါ။

ဂလေဇာကတော့ ဆန္ဒပြမှုတွေကြောင့် ထိပ်တန်းခေါ်ယူမှုတွေလုပ်မယ်လို့ကတိပေးထားပါတယ်။လောလောဆယ်မှာ ယူနိုက်တက်ဟာ ကာဗာနီနဲ့သဘောတူညီမှုရသွားပြီဖြစ်တဲ့အတွက် ကွင်းလယ်ကစားသမားပေါ့ဘာနဲ့ဆက်ပြီးညှိနှိုင်းဖို့သာရှိတော့မှာဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.