ယူနိုက်တက်ကအပျော်ကြံတယ်ဆိုပြီး နာကျင်ခံခက်ဒေါသထွက်ပီး ခံစားချက်တွေဖွင့်ချလိုက်တဲ့ ဆန်ချို

နွေရာသီအပြောင်းအရွှေ့နီးစပ်လာတဲ့အချိန်တိုင်း ထိပ်တန်းနာမည်ကြီး ကစားသမားတွေကို ဟိုလူခေါ်မယ် ဒီလူခေါ်မယ်နဲ့ သတင်းတွေထွက်လာတတ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနှစ်နွေမှာလုံး ၄၅ကမ္ဘာလောက်လိုချင်ခဲ့ဖူးတယ်ဆိုတဲ့ ဆန်ချိုကိုလည်း ခုဆိုမသိသ သိသလို ဟန်ဆောင်နေပြန်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဆန်ချိုကို မခေါ်ယူနိုင်လို့ ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုလည်း ယူနိုက်တက်က တော်တော်လေးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်ဟာ ဆန်ချိုကို အသင်းဆီခေါ်ယူဖို့ အသဲအသန်ဖြစ်ခဲ့သလို ဒီနှစ်မှာလည်း ပထမဆန်ချိုကို ယူနိက်တက်က တော်တော်လိုချင်နေတဲ့ပုံပေါက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဆန်ချိုကို စိတ်ဝင်စားမှုလျော့နည်းသွားပြီလို့ဆိုရမှာပါ။

တစ်ဖက်ကလည်း ယူနိုက်တက်ဟာ အသင်းအတွက် မရှိမဖြစ်လိုနေတဲ့ အထောင်တိုက်စစ်မှူးနေရာအတွက် ဂိုးသွင်းမုဆိုးကြီးကာဗာနီကို စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်သလို သစ်သားစိမ်း ဂရင်းဝုဒ်ကလည်း ပြန်လည်နိုးထ ရှင်သန်လာနေတဲ့အကြောင်းရင်းလည်း ပါဝင်နိုင်ပါတယ်။ ကာဗာနီကိုသက်တမ်းတိုးလိုက်တဲ့အတွက် ကိန်းနဲ့ဟာလန်းတို့ကို ခေါ်ယူဖို့ကြိုးစားနေတာတွေကို လျော့ချပြီး ဆန်ချိုကို ပစ်မှတ်ထားခေါ်ယူနိုင်မလားဆိုတာလည်းစိတ်ဝင်စားစရာတော့ကောင်းပါတယ်။

ဆန်ချိုနဲ့ပက်သက်ပြီး ယူနိုက်တက်က စိတ်ဝင်စားမှုလျော့သွားတဲ့အကြောင်းရင်းတွေအမျိုးမျိုးဖြစ်နိင်ပေမယ့် ဆန်ချိုကိုယ်တိုင်ကလည်း ဒီနှစ်ရာသီမှာ သူ့အသင်းက အသင်းဖော်ဟာလန်းရဲ့ ခြေစွမ်းပြမှုတွေကြောင့်တော်တော်လေး နေရာရောက်ဖို့ရုန်းကန်နေရပါတယ်။

ဆန်ချိုကို ဒေါ့မွန်က ပြီးခဲ့တဲ့နစ်တွေတုန်းက ပေါင်သန်း ၁၀၈သန်းလောက်ထိ ဈေးတင်ထားပြီး ဒီနှစ်မှာတော့ ပေါင်၇၈သန်းဝန်းကျင်လောက်နဲ့ရောင်းချဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဒါကဒစ်စကောင့်နဲ့ရောင်းတဲ့ပုံစံမျိုးဖြစ်ပြီးတော့ အဲ့ဒီတန်ကြေးနောက်မှာ ညှိနှိုင်းချက်တွေတော့ရှိနိုင်ပါသေးတယ်။အင်္ဂလန်ကြယ်ပွင့်တောင်ပံတိုက်စစ်ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်ကို လာချင်နေတဲ့အရိပ်အယောင်တွေပြခဲ့ဖူးပြီး ယူနိက်တက်တိုက်စစ်မှူးရက်ဖိုစ့်နဲ့လည်း စကားတွေပြောထားတယ်လို့သိရပါတယ်။

လက်ရှိအခြေအနေနဲ့ပက်သက်ပြီး ဆန်ချိုက The Sunကို ပြောကြားရာမှာ “စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ဘယ်လိုတွေကစားကြမလဲဆိုတဲ့ထိရက်ဖိုစ့်နဲ့စကားတွေပြောခဲ့ဖူးပါတယ်။ ယူနိုက်တက်အနေနဲ့ ကျွန်တော်ကို အစစ်အမှန် ခေါ်ယူချင်တယ်ဆို ဒီအချိန်မှာ အရင်ထက် ပိုကြိုးစားသင့်ပါတယ်။ သူတို့ဘက်က ကျွန်တော့်ကို အရေးမပါလုပ်သလိုခံစားရတယ်”လို့ ဆန်ချိုကဆိုပါတယ်။

ရပ်စ်ဖို့နဲ့တောင် သူ့အနာဂါတ်နဲ့ပက်သက်ပြီး နစ်ယောက်သား ဘယ်လိုတွဲဖက်ကစားကြမလဲဆိုတာ စိတ်ကူးယဉ်ဖူးတဲ့ ဆန်ချိုကတော့ ယူနိက်တက်နဲ့အပြောင်းအရွေ့ပျက်တဲ့ကိစ္စအတွက် စိတ်ဆိုးနေတယ်လို့ Athleticသတင်းကလည်းဖော်ပြထားပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်အနေနဲ့ သူ့အပေါ် တန်ဖိုးမရှိတဲ့ပုံစံမျိုးလုပ်နေသလို ခံစားပြီး ဒေါသထွက်နေတယ်လို့ဆိုပါတယ်။လက်ရှိမှာ အသက်၂၁နစ်အရွယ်ကစားသမား ဆန်ချိုဟာ ဒေါ့မွန်အတွက် ၁၄ဂိုးထိသွင်းယူပေးထားပြီး သူ့ကို ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ချဲလ်ဆီးလ်၊ လီဗာပူးနဲ့အခြားကလပ်အသင်း ၄သင်းလောက်ကလည်း စိတ်ဝင်စားနေကြပါတယ်။

ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ရောင်းထုတ်သွားမှာဖြစ်ပေမယ့် ဟာလန်းကိုတော့အသင်းမှာ ဆက်ထိန်းသွားဖိုရှိနေပါတယ်။

ယူနိုက်တက်က အသဲအသန်ခေါ်ယူချင်ပါတယ်ဖြစ်ပြီး ပျက်ပျက်သွားရတဲ့ ကစားသမားဟာ ဆန်ချိုတစ်ယောက်တည်းမဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့လတွေတုန်းက တော်တော်လေးသတင်းထွက်ခဲ့တဲ့ အက်စတွန်ဗီလာက ဂရေးလစ်ကိုခေါ်ယူမှုကလည်း တုံ့ဆိုင်းနေပြန်တဲ့အတွက် ဂရေးလစ်အေးဂျင့်ကတောင် ယူနိုက်တက်က ဂရေးလစ်ကို ထိပ်တန်းဦးစားပေးပစ်မှတ်မှာမထားဘူးလို့တောင် ထုတ်ပြောခဲ့ပါတယ်၊

ဒီတော့ ယူနိုက်တက်က အရမ်းစိတ်ဝင်တစားနဲ့လိုချင်ခဲ့ပါတယ်ဆိုပြီးမှ အပျော်ကြံခံရသလိုဖြစ်သွားတဲ့ဆန်ချိုလေးဟာ ဒီရာသီဈေးကွက်မှာရော နာမည်ကြီးထမင်းငတ်ဦးမလား အရောင်းလာဘ်ပွင့်မလား ယူနိုက်တက်က တိုက်စစ်မှူးထပ်မခေါ်တော့ပဲ ဆန်ချို့ကိုပဲရအောင်ခေါ်မလားဆိုတာတော့စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.