“ကျောနံပါတ်(၉)နဲ့တိုက်စစ်မှူးအဖြစ် ကစားခဲ့ရတာမုန်းတယ်”လို့ ဝန်ခံခဲ့တဲ့ ရွန်းနီ

မန်ချက်စတာယူနိက်တက်အသင်းနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ မန်က်စတာယူနိုက်တက်ဖန်တွေ ချစ်ရတဲ့ ယူနိုက်တက်ရဲ့ ဂန္တဝင်ကစားသမားကြီးရွန်းနီက သူဟာ ကျောနံပါတ် ၉ဝတ်ဆင်ရတာကို မုန်းတဲ့သူဖြစ်ပြီးတော့ တိုက်စစ်မှူးအဖြစ်ကစားနေရတာကို မုန်းခဲ့တယ်လို့ ဖွင့်ချပြောဆိုခဲ့ပါတယ်။

မားကပ်ရပ်ဖိုစ့်နဲ့ဖာဒီနန်တို့ပါဝင်တဲ့ “Between the Lines”အစီအစဉ်မှာ ရွန်းနီက အဲ့ဒီလိုပြောကြားခဲ့တာပါ။ရွန်းနီဟာယူနိက်တက်အသင်းအတွက်၂၅၃ဂိုးသွင်းပေးခဲ့သူဖြစ်ပြီးတော့ သူဟာ Central Strikerအဖြစ်ကစားရတာကို အဲ့ဒီတုန်းက မုန်းခဲ့တယ်လို့ဝန်ခံလိုက်တာပါ။

ယူနိက်တက်ရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သလို ပရိတ်သတ်အချစ်တော်က အဲ့ဒီတုန်းက သူ့စိတ်ခံစားချက်ကို BT Sportကလုပ်တဲ့ စကားဝိုင်းမှာ ခုလိုပြောဆိုခဲ့တာပါ။

“အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်က ကျောနံပါတ် ၉ဝတ်ရမှာကိုမုန်းနေခဲ့တာပါ။ မပျော်ရွှင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အသင်းအတွက် အဓိက အရေးကြီးတဲ့နေရာမှာပါနေသလို ခံစားနေရလို့ပါပဲ။ ဒါပေမယ့်ကျနော်ဟာကျောနံပါတ် ၉လိုပဲကစားနေခဲ့ရတယ်။ ဒါပေမယ့် အသင်းအတွက် ဂိုးတွေအများကြီးရအောင်ကူညီပေးနိုင်ခဲ့တာကိုတော့ကျွန်တော်ပျော်ရွှင်ခဲ့ရပါတယ်”လို့ရွန်းနီက ရက်ဖို့နဲ့ဖာဒီနန်တို့ပါတဲ့ စကားဝိုင်းမှာပြောခဲ့တာပါ။

ရွန်းနီ နံပါတ် ၉ ကိုဘာလို့မကြိုက်ခဲ့လဲဆိုတော့ နံပါတ် ၉ ဆိုတာ Sole Numberလို့ခေါ်ပြီးသူ့မှာအဓိပ္ပါယ်တွေရှိပါတယ်။

ဘောလုံးအသင်းတစ်သင်းမှာ ကျောနံပါတ်တွေရှိကြသလို အဲ့ဒီကျောနံပါတ်တွေမှာ သီးခြားအဓိပ္ပါယ်တွေရှိကြတာပါ။ ယေဘုယျအားဖြင့် နံပါတ် ၉ ကိုတော့ များသောအားဖြင့် အဆုံးသတ်မှုအကောင်းဆုံးအထောင်တိုက်စစ်မှူးတွေဝတ်လေ့ရှိကြပါတယ်။

နံပါတ် ၁၀ဆိုတာ အသင်းမှာ အကောင်းဆုံးကစားသမား တစ်နည်းအားဖြင့် ဖန်တီးမှုအားအကောင်းဆုံး ကစားသမားကို ပေးဝတ်လေ့ရှိတာမျိုးပေါ့။ မက်ဆီတို့လိုမျိုးပေါ့။ ဒါနဲ့ပက်သက်ပြီး ရွန်းနီက”အဲ့ဒီတုန်းက နံပါတ် ၉ကိုမကြိုက်ဘူးဆိုပေမယ့်လည်း ကျွန်တော်ဟာ နံပါတ် ၉လိုကစားပြီးအသင်းအတွက် ဂိုးတွေအများကြီးရအောင် ကူညီပေးနိုင်ခဲ့တာကို အရမ်းပျော်ရပါတယ်”လို့ဆိုပါတယ်။

ရွန်းနီဟာ ဂိုးသွင်းဖို့ သက်သက်ပဲမဟုတ်ပဲ အသင်းအတွက် ကျရာနေရာ ရောက်ရာနေရာကနေ အမြဲတမ်းအကောင်းဆုံး အများဆုံးပေးဆပ်ချင်နေတယ်ဆိုတာကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။

ဒီဖြောင့်ချက်ကို ရွန်းနီက ၂၀၀၈ ၂၀၀၉.. ၂၀၀၉ ၂၀၁၀ ရာသီတွေမှာ၉၃ပွဲကစားပြီး၅၄ကြိမ်ဂိုးသွင်းပြီးတဲ့နောက်မှာလည်းပြောခဲ့ဖူးတယ်လို့ဆိုပါတယ်။ အဲ့ဒီရာသီတွေမှာ ရွန်းနီက ကျောနံပါတ် ၉ကိုဝတ်ဆင်ကစားခဲ့တာမဟုတ်ပေမယ့် ကျောနံပါတ် ၉အတိုင်းကစားနေခဲ့ရတာမကြိုက်ဘူးလို့ခုလိုဆိုလာပါတယ်။

” ကျွန်တော်အဲ့ဒီတုန်းကလည်းပြောခဲ့ဖူးတယ်။ ဒီနစ်ရာသီကိုကျွန်တော်မကြိုက်ခဲ့ဘူးဆိုပေမယ့် အဲ့ဒိနှစ်ရာသီက ကျွန်တော့်အတွက် အကောင်းဆုံးနစ်တွေပါပဲ။ ဂိုးသွင်းလိုက်တိုင်း ပရိတ်သတ်တွေရဲ့ အားပေးတဲ့ အသံတွေကို ကျွန်တော်ကြားနေတုန်းပဲ”

“တစ်ကယ်တော့ ကျွန်တော်အများကြီးမပျော်ခဲ့ဘူး။ ကျွန်တော်က အသင်းမှာ အရေးကြီးသလိုဖြစ်နေတာမျိုးကိုပေါ့။ မားကပ်လည်း နောက်နှစ်တွေကြာရင် ဒါတွေကို သင်ယူလာရပါလိမ့်မယ်”လို့ရွန်းနီကဆိုပါတယ်။

၂၀၀၉ ၂၀၁၀မှာရွန်းနီဟာ ပရီးမီးယားလိဂ်မှာ ၂၆ဂိုးသွင်းခဲ့ပြီး PFAကစားသမားဆုကိုရရှိခဲ့ပါတယ်။

အဲ့ဒီတုန်းကအချိန်ကာလတုန်းကရွန်းနီဟာ ကျောနံပါတ် ၉လိုကစားရတာ မကြိုက်တဲ့အကြောင်းနဲ့ပက်သပ်ပြီး ဖာဒီနန်ကလည်းရယ်မောရင်း ခုလိုပြောပြပါတယ်။” အဲ့ဒီတုန်းက ကျွန်တော်မှတ်မိသေးတယ်ဗျ။ ရွန်းနီကပြောတယ်။ “ငါဆာအဲလက်ကိုသွားပြောမယ်။ ငါ့ကျောနံပါတ် ၁၀ positionလိုကစားဖို့”ဆိုပြီး တချိန်က အမှတ်တရတွေကိုပြန်ပြောင်းပြောပြပါတယ်။

ရွန်းနိ ရက်ဖိုနဲ့ ဖာဒီနန်တို့စကားဝိုင်းမှာတော့ တချိန်ကတိုက်စစ်မှူးကြီးက ရက်ဖို့နဲ့ပက်သက်ပြီးတော့ အကြံပေးစကားတွေပြောခဲ့ပြီး တချိန်က အမှတ်တရ မန်ယူတွေအကြောင်းပြောကြားသွားပါတယ်။

တချိန်က သရဲနီစစ်စစ်ကြီးဖြစ်သူမို့လူကြိုက်များတဲ့ ရွန်းနီက ယူနိက်တက်ကိုစွန့်ခွာပီးတဲ့နောက်မှာတော့ ဒါဘီအသင်းမှာလက်ရှိတော့ စိန်ခေါ်မှုကြီးတွေနဲ့ရင်ဆိုင်နေရပါတယ်.

Leave a Comment

Your email address will not be published.