လက်စတာကို ယူနိက်တက် ရှုံးခဲ့တဲ့ပွဲ EPLကိုပါ အမှုတွဲလိုက်တဲ့ ကလော့ပ်

မန်ချက်စတာယူနိက်တက်နဲ့လက်စတာပွဲတို့ ပြီးတဲ့နောက်မှာ ယူနိုက်တက်ဟာ အိုးထရက်ဖို့မှာ လက်စတာကို ၂-၁နဲ့ရှုံးနိမ့်ခဲ့ပြီး အဲ့ဒီလိုဖြ့စခဲ့တဲ့အခြေအနေနဲ့ပက်သက်ပြီး EPLဟာပြစ်မှုကျုးလွန်ခဲ့တာဖြစ်တယ်လို့ လီဗာပူးနည်းပြဂျာကန်ကလော့ပ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

ကလော့ပ်ဟာ ပရီးမီးယားလိဂ်က မန်ချက်စတာယူနိက်တက်အသင်းကို 5ရက်အတွင်းမှာ3 ပွဲကန်ခိုင်းခဲ့တာဟာ မန်ယူအသင်းကို ထိခိုက်မှုတွေဖြစ်စေခဲ့သလို သူတို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက်ကို ပါထိခိုက်စေခဲ့ကြောင်း EPLကိုဝေဖန်ခဲ့တာပါ။

“Sunday, Tuesday, Thursday မှာ ကစားခိုင်းတာဟာ ပြစ်မှုတစ်ခုပဲ။”လို့ ကလောပ်က ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့တာပါ။

ကလော့ပ်ဟာ ဆိုလ်းရှားကို စာနာနားလည်ပြီး သူလည်းမပျော်ရွင်နိုင်ကြောင်း ဆိုလ်းရှားအသင်းဟာလည်း အားနည်းတဲ့ အခြေအနေနဲ့အချိန်အခါကို သူတို့လိုပဲကြုံခဲ့ရတာလို့လည်းကလော့ပ်ကပြောပါတယ်။

“ဒါပေမယ့် ဒါဆိုးလ်းရှားနဲ့ကစားသမားတွေအမှားမဟုတ်ဘူး။ မေးခွန်းကကတော့ငါ့ကိုယ်ငါမေးတာပါပဲ။ ငါတို့လည်း ဒီလိုအခြေအနေပါပဲ။ ဒီရာသီရဲ့နောက်ဆုံးအချိန်တွေမှာ ကစားသမားတွေဟာ ကစားပွဲတွေအများကြီးကစားခဲ့ရတယ်”

“ပရီးမီးယားလိဂ်ကဖြေရှင်းချက်ကသိပ်တော့မဟုတ်ဘူး။ အခြားအသင်းတွေက ငါတို့လိုမခံစားခဲ့ရဘူး။ ငါတို့က မန်ချက်စတာမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကြောင့် အခြေအနေပိုဆိုးသွားတာ”လို့လည်းကလော့ပ်ကဆိုပါတယ်။

ယူနိက်တက်ဟာလက်စတာကိုရှုံးခဲ့တဲ့အတွက်ကြောင့် ပက်ဂွာဒီယိုလာရဲ့ အသင်းဖြစ်တဲ့ မြို့ခံပြိုင်ဘက်မန်စီးတီးဟာ ဖလားကို ရရှိသွားပြီဖြစ်ပြီး လီဗာပူးကတော့ ဇယားအဆင့် ၄နဲ့လွဲချော်ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ လက်စတာနဲ့ပွဲမှာ အရံကစားသမားတွေနဲ့သာပွဲထွက်လာခဲ့ပြီး ရှုံးနိမ့်ခဲ့တာကိုတော့ ကလော့ဘက်ကဘာမှမပြောပါဘူး။

တကယ်လို့ ယူနိက်တက်သာ လက်စတာကို အိုးထရက်ဖို့မှာ နိုင်ခဲ့မယ်ဆို ကလော့တို့ကြိုးကြာတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိသေးတယ်လို့ပြောရမှာပါ။

လက်ရှိမှာတော့ ယူနိက်တက်ဟာ နံပါတ် ၂နေရာမှာဆက်လက်ရှိနေဆဲဖြစ်ပြီး လက်စတာအသင်းကတော့ ဝက်ဟမ်းကို ၈မှတ်၊ လီဗာပူးကို ၉ မှတ်ဖြတ်ပြီး တတိယနေရာမှာရှိနေပါတယ်

လက်ရှိမှာ လက်စတာက ၂ပွဲကစားဖို့ကျန်သေးပြီးဝက်ဟမ်းက ၃ပွဲ လီဗာပူးက ၄ပွဲကစားဖို့ကျန်သေးတဲ့အတွက်ချန်ပီယံလိဂ်ဝင်ခွင့်ကတော့ ကလော့ပ်အတွက် အိမ်မက်ဆိုးလိုဖြစ်နေပါတယ်။ ဒါပေမယ်ကလော့ကတော့ ယူနိက်တက်နဲ့ ရင်ဆိုင်မယ်ပွဲအတွက် ခုလိုပြောပါတယ်?

“ယူနိုက်တက်ကို နိုင်ကိုနိုင်ရမယ်”..အောင်မြင်ပါစေ ကြိုးကြာတို့ရေ..(နောက်ရာသီမှာ)

MGH

Leave a Comment

Your email address will not be published.