မြေခွေးပြာကြောင့်ကျတဲ့မျက်ရည် ကြိုးကြာတောင်ပံကျိုးသံနဲ့ မကြီးဆိုလ်းအတွက် သင်ခန်းစာရသွားတဲ့ည

FULL TIME : Man United 1-2 Leicester City

ဒီနေ့ညပွဲမှာတော့ အားလုံးသိထားပြီးတဲ့အတိုင်း အိုးထရက်ဖိုစ့်မှာ အိမ်ရှင် သရဲနီတွေဟာ မြေခွေးတို့ရဲ့ တိုက်ခိုက်ခြင်းကို အလူးအလဲခံခဲ့ရပြီး ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါပြီ။

ဒီရှုံးပွဲကြောင့် မြို့ခံပြိုင်ဘက်စီးတီးက ဖလားရသွားခဲ့ပြီဖြစ်ပေမယ့် ကလော့ရဲ့ ကြိုးကြာတွေကတော့ မြေခွေးပြာကြောင့် အတောင်ပံကျိုးပြီး မျက်ရည်တွေကျနေရလောက်ပါပြီ။

ပွဲအစမှာကတည်းက ပွဲပန်းနေတဲ့ ချစ်တပည့် တွေအတွက် မမဆိုလ်းကမြေခွေးပြာတွေကို အရံလူတွေသာပါဝင်တဲ့ထီမထင်လိုင်းအပ်နဲ့ထုတ်လာခဲ့ပြီးလူငယ်ကစားသမား၂ယောက်ကိုတောင် ထည့်သွင်းအသုံးပြုခဲ့ပါသေးတယ်။

ဒီနေ့ညမှာ နည်းပြဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ တောင်ပံနှစ်ဖက်ကို အာမက်ဒီယယ်လိုနဲ့ အန်တိုနီအီလမ်ဂါတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ညာတောင်ပံက အာမက် ဂျယ်လို မဆိုးပေမယ့် အမြဲတမ်းဒစ်လည်နေတဲ့ ဘရန်ဒန် ဝီလီယမ်စ်ကြောင့် ညာခြမ်းက လွဲနေခဲ့သလို ဘယ်ခြမ်းကတော့ အီလန်ဂါနဲ့ အဲလက်စ် တဲလက်စ်ရဲ့ ထင်ထားတာထက်ပိုဆိုးခဲ့ပါတယ်။

ကွင်းလယ်က ကလေးထိန်း မာတစ်ချ်နဲ့မာတာတို့ဟာလည်း ဗန်ဒိဘိခ်နဲ့ အစေးမကပ်ခဲ့ဘဲ ရှေ့မှာ ဂရင်းဝုဒ်တစ်ယောက် သနားစရာဖြစ်နေခဲ့ပါတယ်။ ဗန်ဒိဘိဟာဆိုရင်လည်း မျှော်လင့်ထားတာထက် ပိုချာတူးလန်သွားတာကလွဲလို့ ခုထိတော့ဘာမှမထူးခြားသေးဘူးလို့ဆိုရပါမယ်။

ဒီပွဲရဲ့ ဦးဆောင်ဂိုးကို လက်စတာရဲ့ လူငယ်ကစားသမား သောမတ်စ်က ဘယ်ခြမ်းကနေ လှပစွာ သွင်းယူခဲ့ပြီး ပထမပိုင်းမှာပဲ ဂိုးကံကောင်းနေတဲ့ သစ်သားစိမ်းက အာမတ်ရဲ့ ဖန်တီးပေးမှုကနေတဆင့် ဂိတ်အဖွဲ့အတွက် ချေပဂိုးကို ရှာဖွေပေးခဲ့ပါတယ်။

ယူဆိုက်တက်ထက် လက်စတာအသင်းက ပိုမိုဖိကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒီပွဲမှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ တွမ်ဇီဘီနဲ့ တဲလက်စ်တို့ရဲ့ ခံစစ်ဘယ်ခြမ်းကတော့ Ball Playing Defender လူသစ်တစ်ဦး မဖြစ်မနေ ခေါ်ယူသင့်တယ်ဆိုတာကို မီးမောင်းထိုးပြနေခဲ့ပါတယ်။

ယူနိုက်တက်နောက်တန်းမှာလည်း တချို့ငဆိုက်ဖန်တွေဖောင်းထုကြတဲ့ ဂေါင်းကြီးမပါလို့ နည်းပြ ဆိုးလ်ရှားအတွက် ခေါင်းကိုက်စရာလည်းဖြစ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း မာတစ်ချ်၊ မာတာ၊ ဗန်ဒဘိခ်တို့ရဲ့ ကွင်းလယ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ပြီး ပွဲချိန် ၆၆ မိနစ်မှာတော့ တိုက်စစ်ကို အားဖြည့်တဲ့အနေနဲ့ အီလန်ဂါနဲ့ ဂရင်းဝုဒ်တို့နေရာမှာ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ကို လူစားလဲခဲ့ပါတယ်။

လူစားလဲပြီးဆရာကြီးတွေဝင်လာတော့မှပဲ “ဗိုလ်ကြီးတို့လာမှကျွန်မတို့ရွာလည်းပြာကျသွားတယ်ဆိုသလို လက်စတာက အနိုင်ဂိုးသွင်းယူသွားပါတော့တယ်။

ဒီအနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၆၆ မိနစ်မှာ နောက်ခံလူ ဆိုယွန်ကူက Corner ကနေတဆင့် ခေါင်းတိုက်သွင်းယူပေးခဲ့ရင်း မြေခွေးပြာတို့ အောင်ပွဲခံခဲ့နိုင်ပါတယ်။

လူစာရင်းတစ်ခုလုံးအပြောင်းအလဲလုပ်ထားတဲ့ ဒီပွဲမှာ ယူနိုက်တက်တို့ရဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်စုဖွဲ့မှုကတော့ တော်တော်လေး ဝါးအစည်းပြေနေခဲ့ပြီး တစ်သင်းလုံးနီးပါး ဆင်းဖျက်နေရတဲ့အထိ အခြေအနေဆိုးရွားနေခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ၃ ပွဲအကျန်မှာ ယူနိုက်တက်နဲ့ ၁၀ မှတ်ကွာသွားခဲ့တဲ့ စီးတီးတို့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ဒီနေ့ပွဲ အောင်ပွဲခံနိုင်ခဲ့ပါပြီ.

မကြီးဆိုလ်းရဲ့ ယူနိုက်တက်တို့ကတော့ လက်ကျန်ပွဲတွေမှာ အဆင့် ၂ နေရာကို သေချာအောင်နဲ့ ယူရိုပါလိဂ်နဲ့ ရာသီသိမ်းလှဖို့ ပါးပါးနပ်နပ် စီမံခန့်ခွဲရဦးမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်တစ်ဖက်ကကြိုးကြာတွေကတော့”ဂျွတ်”ဆိုတဲ့တောင်ပံကြိုးသံတောင် ကြားလိုက်ရပြီး ကလော့ပ်ကတော့ မကြီးဆိုလ်းကို ကျိန်ဆဲနေလောက်ပြီလည်းဖြစ်ပါတယ်။

ဒီပွဲမှာ မကြီးဆိုလ်းရရှိခဲ့တာသင်ခန်းစာကတော့ “သူ့မှာလုံလောက်တဲ့အရံကစားသမားမရှိဘူး”ဆိုတာပါပဲ။ ဒီပုံစံဒီလူစာရင်းတိုင်းသာဆို နောက်ရာသီမှာ ၅၆တန်းပြန်ရောက်တော့မယ်ဆိုတာ မကြီးဆိုလ်းကောင်းကောင်းသင်ခန်းစာရခဲ့လို့ ပွဲအပြီးမှာ လုံလောက်တဲ့လူတွေထပ်ခေါ်ရမယ်လို့ မကြီးဆိုလ်းက ဂလေဇာသိအောင်မကြားတစ်ကြားပြောသွားတာပဲဖြစ်ပါတော့တယ်။

MGH

Leave a Comment

Your email address will not be published.