ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားကို ၉ယောက်အထိ ရွေးချယ်ပေးခဲ့တဲ့ ဘရူနို

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိကသွေးကြောဖြစ်တဲ့ ကွင်းလယ် ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် လူရွေးချယ်ဖို့ မေးမြန်းခံရတဲ့ အချိန်မှာတော့ တစ်ဦးတစ်ယောက်ကို မရွေးချယ်ပေးခဲ့ပဲ ကစားသမား 9 ဦး အမည်ကို ဆန်ကာတင် အဖြစ် ရွေးချယ် သွားခဲ့ကြောင်းသိရပါတယ်။

ဘရူနိုဖာနန်ဒက်ဟာ သူ့အတွက် အကောင်းဆုံးကစားသမားတစ်ယောက်ကို ရွေးချယ်ဖို့ဆိုတာ အလွန်ခက်ခဲတယ်လို့ ခုလိုဆိုပါတယ်။

” ဒီအတွက် တစ်စုံတစ်ယောက်ကို ရွေးချယ်ဖို့ ဆိုတာက ခက်ခဲလှတယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အနေနဲ့ ကျွန်တော့်အတွက်တော့ ဒီပြိုင်ပွဲ စတင်လိုက်ကတည်းက ခင်ဗျားဟာ အစကနေ အဆုံးထိ ကောင်းပြနေဖို့ လိုအပ်ပါတယ် ။ ဒီဇင်ဘာ ၊ ဇန်နဝါရီလလောက်က စတင်ကစားပြီး ကောင်းပြရုံနဲ့ မလုံလောက်ပါဘူး ”

” အကောင်းဆုံး ကစားသမား တစ်ဦး အနေနဲ့ ခြေစွမ်းတွေ တည်ငြိမ်နေဖို့ လိုအပ်လှသလို ၊ တက်နိုင်သလောက် အချိန် အကြာကြီး အကောင်းဆုံး ဖြစ်နိုင်ဖို့ လိုအပ်တယ်လို့ ကျွန်တော် ထင်မိပါတယ် ။ ရိုးရိုးသားသား ပြောရရင် လက်ရှိ အချိန်မှာ အကောင်းဆုံး ကစားသမားပါဆိုပြီး တစ်ဦးတစ်ယောက်ကို ရွေးချယ်ဖို့က ခက်ခဲလှပါတယ် ”

” ဟုတ်ပါတယ် ၊ ကျွန်တော်တို့ ပြိုင်ဖက် အသင်းတွေဆီမှာ ဘယ်လို အရည်အသွေးကောင်းတွေ ရှိနေသလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ် ။ ကျွန်တော့်အတွက်ကတော့ အားလုံး သိကြတဲ့နည်းတူ ကယ်ဗင် ဒီဘရိုင်းက အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါပဲ ။ ဒါကို ကျွန်တော်တို့ အားလုံး ရိုးသားစွာ ပြောနိုင်ကြပါတယ် ”

” အကယ်လို့ ကျွန်တော်တို့ လီဗာပူး အသင်းကို သွားကြမယ်ဆိုရင် ကျွန်တော်ကတော့ ဆာလာလို့ ထင်ပါတယ် ။ ခင်ဗျားတို့က သူကစားတာ ကောင်းလား မကောင်းလား ပြောကြပါလိမ့်မယ် ၊ ဒါပေမယ့် သူကတော့ ဂိုးတွေ သွင်းပြနေဆဲပါပဲ ။ ပြီးတော့ ဥပမာ အနေနဲ့ ပြောရရင် ဟယ်ရီကိန်း ကလည်း တော့တင်ဟမ် အသင်းမှာ တစ်ကယ့်ကို ကောင်းမွန်နေခဲ့ပါတယ် ”

” ပြီးတော့ လိဒ်စ် အသင်းက ရာဖင်ဟာ ကလည်း တစ်ကယ့်ကို ကောင်းနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါ့ကြောင့် တစ်ယောက်ထဲ ရွေးဖို့ ခက်ခဲလှပါတယ် ။ ဂွမ်ဒိုဂန် ၊ သူက ရာသီဝက် ၊ ဒီဇင်ဘာလလောက် ကတည်းက ဆက်တိုက် ဆိုသလို ကောင်းပြနိုင်ခဲ့ ပါတယ် ”

” ကျွန်တော် ပြောခဲ့သလိုပါပဲ ၊ ကျွန်တော် အခု ပြောပြနိုင်တဲ့ ကစားသမား အများကြီး ရှိနေပါသေးတယ် ။ ဒါ့ကြောင့် တစ်ယောက်ပဲ ရွေးဖို့က ခက်ခဲနေတာပါ ။ ဥပမာ အနေနဲ့ ထပ်ပြောရရင် ရူဘင် ဒီယက်စ်ဟာ ဘင်ဖီကာ အသင်းကနေ မန်စီးတီးဆီ ရောက်လာပြီး တည်ငြိမ်တဲ့ ခြေစွမ်းတွေကို ဆက်တိုက် ပြနိုင်ခဲ့ ပါတယ် ”

” ကျွန်တော်တို့ရဲ့ အသင်းထဲမှာလည်း တစ်ရာသီလုံးပဲ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း ပြနိုင်ခဲ့တဲ့ ကစားသမားတွေ ရှိနေပါသေးတယ် ။ လက်ရှိ အခိုက်အတန့်မှာ ကျွန်တော် နောက်ထပ် ကစားသမား အများကြီးကို အမှတ်ရပြီး မပြောပြ နိုင်သေးပါဘူး ”

” မေဆွန်မောင့် ၊ ကျွန်တော် သူ့ကို တစ်ကယ်ပဲ နှစ်သက်လှပါတယ် ။ သူက ရာသီစကတည်းက ခြေစွမ်းတည်ငြိမ်ခဲ့ပါတယ်။ ဒါပေမယ့် ကိန်းဂဏန်းတွေကို ကြည့်လိုက်ရင်တော့ သူက အခြား ကစားသမားတွေလို ဂိုးသွင်း ၊ ဖန်တီးမှုတွေ အများကြီး မလုပ်ပြ နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ စွမ်းဆောင်ရည်အရ သူဟာ တစ်ကယ့် ထိပ်တန်း ကစားသမား တစ်ယောက်ပါပဲ ”

” ဂရီလစ်ရှ် ကလည်း ဒဏ်ရာ မရခင်တုန်းက အရမ်း ၊ အရမ်းကို ကောင်းခဲ့ ပါတယ် ။ ပြီးတော့ လိဒ်စ် က ဘမ်ဖို့ဒ် လည်း ဒီရာသီ ဂိုးတွေ အများကြီး သွင်းယူခဲ့တယ် ၊ 14 ဂိုးလို့ ကျွန်တော် ထင်ပါတယ် ( လက်ရှိ 15 ဂိုး ) ။ ဒါဟာ တစ်ကယ့်ကို ကောင်းမွန်လှပါတယ် ။

ဒါကြောင့် တစ်ဦးတစ်ယောက်ကိုပဲ ရွေးဖို့ ခက်ခဲလှပါတယ် ။ ကျွန်တော် ဒီအကြောင်း ပြောနေတာ အတော်လေး ကြာပါပြီ ။ ဒီမှာပဲ ရပ်လိုက်တာ ကောင်းပါလိမ့်မယ် ။ မဟုတ်ရင် ကျွန်တော် မေ့ပြီး မပြောပဲ ကျန်ခဲ့တဲ့ နာမည်တွေ ရှိရင် မကောင်းပါဘူးဗျာ ” လို့ ဘရူနို ဖာနန်ဒက်စ် က ဖြေကြား သွားခဲ့လိုက် ပါတယ် ။ပရိသတ်ကြီးရော ပရီးမီးယားလိဂ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဘယ်သူ့ကိုရွေးချယ်ချင်သလဲ???

Leave a Comment

Your email address will not be published.