ယူနိုက်တက်အတွက်”မကောင်းဆိုးဝါးကြီးတစ်ကောင်ကိုဖန်တီးခဲ့မိတယ်”လို့ဆိုတဲ့ တိုက်စစ်မှူးဟောင်းကြီး

မန်ချက်စတာယူနိက်တက်အသင်းအတွက် ကျွန်တော်မကောင်းဆိုးဝါးကြီးတစ်ကောင်ကိုဖန်တီးခဲ့မိတယ်လို့ ကိုလံဘီယံတိုက်စစ်မှူ’ဟောင်းကြီးက ဂုဏ်ယူဝင့်ကြားစွာပြောကြားလိုက်ပါတယ်။

ယူနိက်တက်မှာ ဒီရာသီ ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူနေတဲ့ ဂိုးသွင်းမုဆိုးကြီးလို့ပရိတ်သတ်တွေ ချစ်ခင်လေးစားခေါ်ယူနေတဲ့ကာဗာနီကို တောင်အမေရိကသားကြီးဟာ အက်ဒီကို ဘောလုံးပညာနဲ့ပက်သက်လို့ သူသင်ယူပေးခဲ့တာနဲ့ပက်သက်ပြီး ခုလိုပြောကြားခဲ့တာပါ။

ကိုလံဘီယံတိုက်စစ်မှူးဟောင်းကြီးဖြစ်တဲ့ ဟယ်မင်တန် ရစ်ချက်ဟာ အက်ဒီဆင်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဂိုးသွင်းတဲ့ပညာနဲ့ပက်သက်ပြီး သင်ကြားခဲ့ဖူးကြောင်း ပြောကြားခဲ့တာပါ။

ဟယ်မင်တန်ဟာ ကလပ်ပေါင်းများစွာအတွက် နိုင်ငံ ၁၀နိုင်ငံမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်းကြီးဖြစ်ပြီး သူဟာအက်ဒီဆင်ကာဗာနီကလေးအရွယ်မှာ အတူတွဲဖက်ကစားဖူးခဲ့တယ်လို့ဆိုပါတယ်။

“ကာဗာနီအသက်၁၉လောက်မှာ သူ့ရဲ့ သန့်ရှင်းခိုင်မာတဲ့ဘောလုံးပညာက အရမ်းလျင်မြန်တယ်.ခွန်အားအရမ်းကြီးတယ်။ သူ့ပြဿနာက အဆုံးသတ်ကိုအရမ်းမြန်ပီးလောနေတာမျိုးဖြစ်ပါတယ် တစ်ခါတစ်လေဂိုးသမားဆီဘောလုံးရောက်ရောက်သွားတယ်”လို့ ဟယ်မီတန်ကဆိုပါတယ်။

“ကျွန်တော်သူ့ကိုစပြီးရှင်းပြခဲ့တယ်။ မင်းနောက်ခံလူတွေကိုကျော်လာပြီဆိုရင် ရပ်လိုက် ဂိုးသမားနဲ့
အရမ်းမနီးနဲ့။ ပစ်မှတ်ကို အပေါ်နဲ့အောက်ကိုသုံးဖို့ရှင်းပြခဲ့တယ်။”

ကာဗာနီဟာ အသက်၂၀အရွယ်မှာ ဟယ်မီတန်ရစ်ချက်ကစားခဲ့တဲ့ Danubioကလပ်ကနေ၂၀၀၇ခုနှစ်မှာPalermoအသင်းကိုပြောင်းရွေ့သွားခဲ့ပါတယ်

ရစ်ချက်ကအတိတ်ကိုပြန်တွေးရင်”အိုး…အဲ့ဒိတုန်းက.ငါဟာမကောင်းဆိုးဝါးကြီးတစ်ကောင်ကိုဖန်တီးမိခဲ့တာပဲ”လို့ဆိုပါတယ်။

ကာဗာနီဟာ နောက်ပိုင်းမှာ နာပိုလီကိုပြောင်းခဲ့ပြီး ပေါင်၆၄သန်းခွဲနဲ့ပီအက်စ်ဂျီကိုရောက်တဲ့အချိန်မှာတော့
တော်တော်အောင်မြင်နေခဲ့ပြီလည်းဖြစ်ပါတယ်။

ပြင်သစ်မြေမှာ တိုက်စစ်မှူးကာဗာနီဟာ ဂိုးပေါင်း ၂၀၀◌ကို သူကစားခဲ့တဲ့ ၇နှစ်အတွင်း ကလပ်အတွက် သွင်းယူခဲ့ပြီး ပြီးခဲ့တဲ့နွေမှာ မန်ချက်စတာယူနိက်တက်ကို ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။

“ကာဗာနီရဲ့လက်ရှိအောင်မြင်မှုတွေအတွက် ကျွန်တော် ဂုဏ်ယူမိတယ်”လို့ ရရစ်ချက်ကဆိုပါတယ်။

လက်ရှိမှာ ကာဗာနီဟာ မန်ချက်စတာယူနိက်တက်အတွက် ၃၆ပွဲမှာ ၁၅ဂိုးအထိသွင်းယူထားပြီး ဂိုးဖန်တီးမှု အမြောက်အမြားလုပ်ထားနိုင်လို့ ယူနိက်တက်နဲ့လည်း နောက်နှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

ရစ်ချက်ရဲ့ ဂိုးသွင်းအတတ်ကို တိုက်စစ်မှူးကြီးကာဗာနီဟာ ကောင်းကောင်းအသုံးချခဲ့ပြီး သူ့ရဲ့အဆုံးသတ်မှုတွေက အရမ်းလျင်မြန်သလို အရမ်းသေချာခဲ့ပါတယ်။ ပေါ့ဘာကလည်း ယူနိက်တက်မှာ အဆုံးသတ်အသေချာဆုံးကစားသမား ၂ယောက်မှာ တစ်ယောက်က ကာဗာနီဖြစ်ပြီး တစ်ယောက်က ဂရင်းဝုဒ်ဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။ ကာဗာနီဟာ နေရာလွတ်တွေရှာဖွေရာမှာလျင်မြန်လွန်းပြီး ဂိုးတွေကို လျက်စီးလက်သလို သွင်းယူတတ်ပါတယ်။

သူ့ရဲ့ အားအကောင်းဆုံးအဆုံးသတ်ကတော့ ခေါင်းတိုက်ဂိုးတွေဖြစ်ပြီး သူဟာမန်ချက်စတာအတွက် လက်ရှိမှာဆေးမြီတို ဂိုးသွင်းမုဆိုးကြီးအဖြစ်ဆက်ရှိနေသလို ယူနိက်တက်နဲ့နှစ်ချို့ဝိုင်ကြီးတို့ဟာ မကြာခင်မှာ‌ အောင်မြင်မှုတွေဆက်ယူလာနိုင်ဦးမလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.