အံဩဖွယ် လျော့ရဲတဲ့လူစာရင်းနဲ့ အိုးထရက်ဖို့မှာ သရဲနီတွေကို ရင်ဆိုင်မယ့် ကလော့ပ်

မကြာခင်မှာ အင်္ဂလန်ဒါဘီပွဲဖြစ်တဲ့ ကြိုးကြာလီဗာပူးနဲ့အိုးထရက်ဖို့က သရဲနီကြီးတွေရဲ့ အပြီကြမ်းမယ့်ပွဲတ ပွဲက ပရိတ်သတ်တွေကိုစောင့်ကြိုနေပြီဖြစ်ပါတယ်။

အိုးထရက်ဖို့မြေမှာ ဆန္ဒပြမှုတွေကြောင့်မကန်ဖြစ်လိုက်တဲ့ ခါးသီးပြိုင်ဘက်၂သင်းဟာ အိုးထရက်ဖို့မှာ ဒုတိယအကြိမ်ပြန်ကန်ရမယ့်ပွဲလည်းဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အိမ်မက်လက်ကျန်နဲနဲကျန်သေးတဲ့ ကလော့တို့ကြိုးကြာအနေနဲ့ ယူနိက်တက်ကို အနိုင်ကန်ဖို့ အရေးကြီးနေပေမယ့် ဒီကနေ့ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အဓိက စီနီယာကစားသမားတွေပါဝင်ကစားနိုင်ခြင်းမရှိဘူးလို့ ဒေးလီးမေးသတင်းကဆိုပါတယ်။

လီဗာပူးအသင်းအနေနဲ့ အနည်းဆုံး အဓိက စီနီယာကစားသမား ၄ယောက်အထိ လွဲချော်မှာဖြစ်ပြီး မန်ချက်စတာယူနိက်တက်အသင်းကတော့ အဓိကကစားသမား၂ယောက်ပဲ ဒီပွဲမှာမပါဝင်နိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နေ့က လက်စတာစီးတီးအသင်းကို အဓိက ကစားသမားအားလုံးအနားပေးပြီး အရံလူတွေနဲ့သာ ကစားခဲ့တဲ့ ယူနိက်တက်အနေနဲ့ ဒီကနေ့ပွဲမှာ လူစုံတက်စုံပွဲထုတ်လာနိုင်ပေမယ့် လီဗာပူးကတော့ အဓိကပွဲထွက်ကစားသမားတွေဖြစ်တဲ့Kabak, Milner, Keita and Daviesဒီကစားသမား ၄ယောက်တော့ပါဝင်လာမှာမဟုတ်ပါဘူး။

ယူနိက်တက်ဘက်ကတော့ မက်ဂွိင်းယားနဲ့ ဒန်ဂျိန်းတို့၂ယောက်မပါဝင်ပေမယ့် အဓိကကစားသမားတွေနဲ့ပွဲထွက်လာနိုင်ပါတယ်။

ယူနိုက်တက်အသင်းဟာလက်ရှိမှာ ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ချန်ပီယံလိဂ်ဝင်ခွင့်သေချာနေခဲ့ပြီဖြစ်လို့ စိတ်ဓါတ်အမြင့်မားဆုံးအနေအထား ခြေစွမ်းအကောင်းဆုံး အတည်အငြိမ်ဆုံးအနေအထားကို ရောက်နေပါတယ်။

လီဗာပူးကတော့ တကယ့်အရေးကြီးချိန်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကန်ရတဲ့ပွဲတွေမှာ တောက်လျောက်အမှတ်တွေရှုံးနေတဲ့အချိန်လည်းဖြစ်တယ်။
ကံကောင်းလို့သာ မျော်လင့်ချက်ယဲ့ယဲ့ရှိနေသေးတာဖြစ်ပါတယ်။

လက်ရှိအချိန်နဲ့ ယူနိုက်တက်ရဲ့လက်ရှိခြေစွမ်းအရ လီဗာပူးအနေနဲ့ ယူနိုက်တက်ကို အနိင်ကန်ဖို့ဆိုတာ အရမ်းခက်ပါတယ်။

အရင်တုန်းက သိပ်ကောင်းခဲ့တဲ့အချိန်တုန်းကတောင် အိုးထရက်ဖို့ဒ်မှာ နိုင်ဖို့ခက်ခဲခဲ့တာဖြစ်လို့ လက်ရှိခြေစွမ်းကျနေတဲ့လီဗာပူးဟာ သရဲနီတွေကို အခက်အခဲဆုံးယှဉ်ပြိင်ရမှာဖြစ်တယ်။

ဒါ့အပြင် ဒီ၂သင်း Fa Cupမှာတွေ့ခဲ့ဖူးတုန်းကမန်ချက်စတာယူနိုက်တက်က ဘရူနိုဖာနန်ဒက်ရဲ့ ဖရီးကစ်ဂိုးနဲ့အနိုင်ရခဲ့ဖူးတယ်။ ဒါကြောင့် ဒီ၂သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့် အိမ်ရှင်အသင်းက အဘက်ဘက်က အားသာနေပါတယ်။

မကြာခင်ကန်တော့မယ့် ခါးသီးပြိုင်ဖက်အသင်းနဲ့ပက်သက်ပြီးဆိုလ်းရှားကတော့ ခုလိုကြုံးဝါးလိုက်ပါတယ်။

ပြီးခဲ့တဲ့အက်စတွန်ဗီလာနဲ့ပွဲတုန်းက ပါဝင် ကစားကြတဲ့ ကစားသမားအများစုဟာ အင်္ဂါနေ့ပွဲတုန်းက အနားယူမှုရခဲ့ကြတယ်။ အင်္ဂါနေ့ပွဲတုန်းက ထက် ဆိုင်ရင် ကြာသပတေးနေ့ပွဲစဉ်မှာ ကျွန်တော်တို့ဘက်က လန်းဆန်မှု၊ အသင့်ဖြစ်မှုတွေရှိနေပါပြီး။

လီဗာပူးလ်နဲ့ ပွဲစဉ်မှာ ကျွန်တော်တို့အတွက်ခက်ခဲမယ့် ပွဲတစ်ပွဲ ဖြစ်လာမယ့်အပေါ်လား? တကယ်တမ်းတော့ လီဗာပူးလ်နဲ့ပွဲဟာ ကျွန်တော်တို့အတွက် သုံးမှတ်ရဖို့ပဲ ကစားတာမဟုတ်ဘူး။ ဂုဏ်သိက္ခာအတွက်ပါကစားရမှာပါ။ ”

MGH

Leave a Comment

Your email address will not be published.