စာချုပ်သစ်မချုပ်သေးခင် ဘရူနိုတောင်းဆိုထားတဲ့ဆန္ဒ ၂ခုကို ပြည့်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဆိုလ်းရှား

လက်ရှိအချိန်ထိမန်ချက်စတာယူနိက်တက်အသင်းရဲ့ အဓိက အသက်သွေးကြောလို့ဆိုရမယ့် ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဟာ ယူနိက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုမှုမရှိသေးတာပါ။

ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်ဟာ သူ့အနေနဲ့ စာချုပ်သစ်ချုပ်ဆိုရန်အတွက် အသင်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်စောင့်ကြည့်ရန်လိုနေသေးပြီး သူအဖြစ်ချင်ဆုံးဆန္ဒ ၂ခုကို အကောင်အထည်ဖော်ပေးဖို့ အလိုရှိနေတာပါ။

ဘရူနိုဖာနန်ဒက်ဟာ ယူနိက်တက်အသင်းရဲ့ အနာဂါတ်အတွက် အသင်းအနေနဲ့ တိုက်စစ်မှူးကာဗာနီနဲ့ ကွင်းလယ်ကစားဖော် ပေါ့ဘာတို့ကို စာချုပ်သစ်ချုပ်ဆိုပြီး အသင်းမှာဆက်ရှိနေဖို့ပြောကြားထားတာဖြစ်ပြီး လက်ရှိမှာ ယူနိက်တက်ဘက်က ပေါကို စာချုပ်ချုပ်ဖို့ အပြင်းအထန်ကြိုးစားြေနေတယ်လို့ဆိုလ်းရှားက ခုလိုဆိုပါတယ်။

“သူ့အနေနဲ့ ယူနိက်တက်နဲ့အတူ ကြီးကျယ်တဲ့အရာတွေရယူဖို့ စိတ်ကူးထားတာတွေအများကြီးရှိနေမှာပါ။ သူအဖြစ်ချင်ဆုံးဖြစ်တဲ့ အက်ဒီကိုတော့ ကျွန်တော်တို့ဘက်က အသင်းမှာဆက်ရှိနေဖို့ လုပ်ဆောင်ခဲ့ပြီးပြီ၊ ပေါအတွက်ကတော့ ကျွန်တော်တို့ကြိုးစားနေတုန်းပါပဲ၊ ပေါကလည်း အသင်းမှာဆက်ရှိနေချင်တဲ့ ပုံတွေ့ရပါတယ်၊ သူ့ဆန္ဒတွေပြည့်ဝမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”လို့ ဆိုလ်းရှားကဆိုပါတယ်။

ကွင်းလယ်ကစားသမားဖာနန်ဒက်က သူ့ရဲ့စာချုပ်သစ်ချုပ်ဆိုရေးဟာ သူ့ရဲ့အသင်းဖော်ဖြစ်တဲ့ ပေါ့ဘာရဲ့ အခြေအနေပေါ်မူတည်နေတယ်လို့ ပြောကြားထားပြီး ပေါ့ဘာနဲ့ ယူနိက်တက်တို့ရဲ့အခြေအနေကိုစောင့်ကြည့်နေတာပါ။

ပြီးခဲ့တဲ့ရက်တွေအတွင်းကသူဟာ အသင်းရဲ ဆေးမြီတို တိုက်စစ်မှူးလို့ ဝေဖန်သူတွေက ပြောနေကြတဲ့ တိုက်စစ်မှူးကာဗာနီကို အသင်းမှာဆက်ရှိနေဖို့ ဘာမဆိုလုပ်သင့်တယ်လို့ တောင်းဆိုခဲ့တာဖြစ်ပြီး အသင်းကလည်း ဂိုးသွင်းမုဆိုးကြီးကာဗာနီကို နောက်ရာသီအတွက် စာချုပ်သစ်ဆက်လက်ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် အသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုထဲမှာ ပါနေတဲ့ ပေါ့ဘာနဲ့စာချုပ်သစ်ချုပ်ဆိုရေးကတော့ အခုချိန်ထိအေးစက်နေဆဲပဲဖြစ်နေပါသေးတယ်။

ယူနိက်တက်မှာ ပေါ့ဘာဆက်ရှိရေး မရှိရေးမှာ ပေါ့ဘာရဲ့‌အေးဂျင့် ရွိင်းအိုလာကလည်း အဓိကကျနေပြီးအေးဂျင့်နဲ့အသင်းကြားမှု မပြေလည်မှုတစ်ချို့လည်းရှိနေပုံရပါတယ်

ပေါ့ဘာဟာ ယူနိက်တက်နဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းကနေ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းတောင်းထားပြီး ယူနိက်တက်ဘက်က ပေါင်၄သိန်းနဲ့ ညှိနှိုင်းနေတာကြောင့် အဆင်ပြေမှုမရသေးဘူးလို့လည်းသိရပါတယ်။

ဒါ့အပြင် ဘရူနိုဖာနန်ဒက်က ယူနိက်တက်အသင်းတာဝန်ရှိသူတွေကို ကွင်းလယ်တစ်ယောက်နဲ့ နောက်တန်းတစ်ယောက်ကို ခေါ်ယူပေးဖို့တိုက်တွန်းထားပြီး အသင်းကလည်းလက်ရှိမှာ နောက်တန်းတစ်ယောက်ကို အစောတလျင် ခေါ်ယူဖို့ကြိုးစားနေပြီလည်းဖြစ်ပါတယ်။

သူချစ်တဲ့ပရိတ်သတ်တွေက ကွင်းလယ်ဗိုလ်ချုပ်လို့ခေါ်တဲ့ ပေါ့ဘာကတော့ ယူနိုက်တက်နဲ့ စာချုပ်သစ်ချုပ်ဆိုမဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဂလေဇာသာပေးထားတဲ့ ကတိတွေတည်မယ်ဆိုရင် ဒီပြဿနာဟာ ယူနိက်တက်အတွက် အချိန်ကုန်ခံထည့်စဉ်းစားရတော့မယ့် ပြဿနာမဟုတ်သလိုမန်စီးတီးကို စိန်ခေါနိုင်ဖို့ လုံလောက်တောင့်တင်းတဲ ယူနိုက်တက်ရဲ့အင်အားကို ထပ်ဖြည့်တင်းဖို့က လည်းခက်ခဲတဲ့ကိစ္စတော့မဟုတ်ပါဘူး။

ဆန္ဒပြမှုတွေပြင်းပြင်းထန်ထန်ခံနေရတဲ့ ဂလေဇာကလည်း လက်ရှိအခြေအနေမှာ သူတို့အနေနဲ့ ယူနိက်တက်ကို ဂုတ်သွေးစုပ်ရုံသာသိတဲ့ စီးပွားရေးသမားတံဆိပ်တွေကို ဖျောက်ဖို့ အသင်းပရိတ်သတ်တွေတောင်းဆိုနေတာတွေကို လုပ်ပေးလိုက်ရုံနဲ့ ဖြေလျော့နိုင်မှာဖြစ်လို့ စိတ်ကူးမမှားနဲ့ဂလေဇာလို့ပဲဆိုရတော့မှာဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.