ပါပူးကိုရှုံးပီးနောက် ဗိုလ်လုပွဲအတွက် ဖာနန်ဒက် ထိုးလိုက်တဲ့ သတိပေးခေါင်းလောင်းသံ

မန်ချက်စတာယူနိက်တက်တို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိုးထရက်ဖို့စ်မှာ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အိုးထရက်ဖို့မှာ လက်စတာကို ယူနိုက်တက်က ၂-၁နဲ့ ဒူးထောက်လိုက်ရပြီးနောက်ရက်မှာပဲ ကလော့ရဲ့ ကြိုးကြာနီတပ်မတော်ကို သရဲနီတပ်က ၄ဂိုး၂ဂိုးနဲ့ လက်မြှောက်အရှုံးပေးလိုက်ရပြန်ပါတယ်။

ယူနိုက်တက်တို့ဟာ မကြာခင်မှ ပရီးမီးယားလိဂ်အတွက်ဖူဟမ်နဲ့ Woolvesအသင်းတို့နဲ့ ကစားရဦးမှာဖြစ်ပြီးတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလည်း မေ၂၆မှာ ဗီလာရီးရဲနဲ့ ကစားရမှာဖြစ်ပါတယ်။

ဆိုရရင် ယူနိက်တက်တို့ဟာ ပွဲတွေဆက်တိုက်ကစားနေရပြီး ဒဏ်ရာ၇ရမှု ပင်ပန်းမှုတွေ နဲ့ အသင်းဟာ
အားလျော့နေကြတာလည်းဖြစ်ပါတယ်။

ဒီလိုဖြစ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး မန်ချက်စတာယူနိက်တက်ဂန္တဝင်ကစားသမားတွေက ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာကြပြီး လက်ရှိမက်ဂွိင်းယား နားနေချိန်တွင်း အသင်းခေါင်းဆောင်တာဝန်ယူထားတဲ့ ဖာနန်ဒက်က သရဲနီတွေကို ခုလိုသတိပေးခေါင်းလောင်းထိုးလိုက်ပါတယ်။

“ရှုံးနိမ့်မှုတွေတစ်ခုပြီးတစ်ခုက ကျွန်တော်တို့ကိုများစွာနာကျင်စေပါတယ်။ ဒီအရှုံးတွေကနေ

ကျွန်တော်တို့သင်ခန်းစာယူကြရပါမယ်။ လာမယ့်ပွဲတွေကိုမကြောက်ဖို့နဲ့တစ်စုံတစ်ခုကို အကောင်းဆုံးလုပ်ပြဖို့ ပြင်ဆင်ထားကြပါတယ်။”လို့ ဘရူနိုဖာနန်ဒက်က မန်ချက်စတာညနေခင်းသတင်းကတစ်ဆင့်ပြောကြားခဲ့ပါတယ်။

ဘရူနိုဟာ ဒီရာသီမှာ ယူနိက်တက်အတွက် ၂၈ဂိုးထိသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု အမြောက်အမြား
ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိရှုံးနိမ့်မှုတွေဖြစ်နေပေမယ့် အသင်းရဲ့လက်ရှိအခြေအနေကို ဖာနန်ဒက်က ခုလိုဆက်ပြောပါတယ်။

“ကျွန်တော်တို့အသင်း ယုံကြည်မှုအပြည့်ရှိနေပါတယ်။ ဒီရာသီအစမှာတည်းက ငါတို့ဘာလုပ်ကြရမယ်ဆိုတာကို ကျွန်တော်တို့ကောင်းကောင်းသိထားခဲ့ပါတယ်”

“ကျွန်တော်တို့ ဒီထက်ပိုတိုးတက်ဖို့လိုသေးတယ်။ ခုအခြေအနေက ကောင်းဆုံးပုံစံတစ်ခုကိုမရသေးဘူးဗျ.အမှားတွေကနေ နောက်တစ်ဆင့်အတွက် ဘယ်လိုတိုးတက်အောင်လုပ်ဖို့ ဆိုတာကိုလက်တွေ့ပြဖို့အချိန်ကျပါပြီ”

ကျွန်တော်တို့လေ့ကျင့်ခန်းတွေမှာအကောင်းဆုံးလေ့ကျင့်နေကြပါတယ်။ ဒီလို‌လေ့ကျင့်နေတာတောင် လီဗာပူးလိုအသင်းနဲ့ ၄၅မိနစ်ကန်ရတာ ဒဏ်ရာသစ်တွေဖန်တီးမိစေသလိုပင်ပန်းမှုများစွာဖြစ်ရပါတယ်။

အဲ့ဒီနေ့အရှုံးမှာဆို ကျွန်တော်တို့ရဲ့ အဝတ်အစားလဲခန်းထဲမှာ

“ငါတို့ဘာအမှားတွေလုပ်မိလဲဆိုတာပြောကြပါတယ်။ ဒါတွေကနေ သင်ခန်းစာယူပြီး ကျွန်တော်တို့ နောက်ပွဲတွေမှာ ပိုကောင်းရမယ်။

ဂိုးတွေပိုသွင်းရမယ်။ အခွင့်အရေးတွေရသလောက်ဖန်တီးရမယ်။

ယူနိုက်တက်ရဲ့သမိုင်းသစ်ကို မကြာခင်မှာရေးထိုးကြနိုင်ပါလိမ့်မယ်”လို့ဆိုပါတယ်။

လက်ရှိမှာ ယူနိက်တက်အသင်းရဲ့ ကစားသမားတွေရဲ့ဖွဲ့စည်းပုံနဲ့ပက်သက်ပြီးတော့ ယူနိက်တက်ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ရွိင်ကိန်း ပေါစကိုးတို့က ဝေဖန်နေကြပါတယ်။

” ဒီလူစာရင်းနဲ့တော့ နောက်ရာသီ ဘာဖလားမှ မျှော်လင့်မနေနဲ့။ အဓိက ကွင်းလယ်က ဖရက်ဒ်နဲ့တော်မီနေးကို ပွဲအစတည်းက ထည့်သုံးနေသမျှ ဒုက္ခတွေ့နေဦးမှာပဲ။ သူတို့မှာ လုံလောက်တဲ့အရည်အချင်းမရှိဘူး။ ဒီပုံစံနဲ့ မန်စီးတီးကို စိန်မခေါ်နိုင်ဘူး။ ကွင်းလယ်နဲ့ နောက်တန်းကို အားဖြည့်ဖို့လိုပါတယ်”လို့ ရွိင်ကိန်းက SKY SPORTSကတစ်ဆင့်ဝေဖန်ခဲ့ပါတယ်။

MGH

Leave a Comment

Your email address will not be published.