သံယောဇဉ်မျက်နှာမထောက် ကိုယ့်အချစ်တော် ကိုယ်ရက်စက်တော့မယ့် ဆိုလ်းရှား

မန်ချက်စတာယူနိက်တက်အသင်းနည်းပြ အိုလေဂန်းနားဆိုလ်းရှားကတော့ သူ့ရဲ့အချစ်တော်လို့တောင်ထင်ရတဲ့ လုပ်ချင်ရာလုပ်ပီးသွားရင် အလှဆုံးပြုံးနေတတ်သူ ရှယ်ရှယ်လေးကိုရက်စက်တော့မယ်လို့ Daily Mailကဖော်ပြသွားပါတယ်။

တစ်ရာသီလုံးမှာ တစ်ရာသီလုံးလောက်သာခြေစွမ်းမပေါ်ခဲ့တဲ့ မာရှယ်ဟာ ကာလရှည်ဒဏ်ရာရနေခဲ့ပြီးနောက်မှာ ခုဆိုပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စိတ်ဒုက္ခပေးဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။

မာရှယ်ဟာ ယခင့်ယခင်ကအလွန့်အလွန်ကောင်းတဲ့ခြေစွမ်းတွေပြခဲ့ဖူးတာမှန်ပေမယ့် နောက်ပိုင်းမှာ သူ့ခြေစွမ်းဟာ ပရိတ်သတ်တွေကို စိတ်ပျက်စေခဲ့တာလည်းဖြစ်ပါတယ်

အခုဆိုရင် ယူနိက်တက်ဂန္တဝင်ဟောင်းကြီးတွေက သူ့ကို အထောင်တိုက်စစ်မှူးမဟုတ်ဘူးလို့ ဝေဖန်နေကြပြီး သူ့ခြေစွမ်းနဲ့ပက်သက်ပြီး မေးခွန်းထုတ်နေကြတာလည်းဖြစ်ပါတယ်။

ယူနိက်တက်မှာ နိုင်ငံတကာသောက်ဖောင်းပတ်ထုရေးဝန်ကြီးဌာနအလား သောက်ဖောင်းထုသူများက ကာဗာနီကို အသက်ကြီးတဲ့အဘိုးကြီးလို့ဝေဖန်ခဲ့ကြပေမယ့် ကျောနံပါတ် ၇ကျိန်စာကို ချိုးဖျက်ပြခဲ့တဲ့ ကာဗာနီကတော့ “ငါမအိုသေးဆိုတဲ့ ဦးပေါင်ကြားနဲ့မြင်းကျားရှင်ထဲကလို”သူ့ခြေစွမ်းတွေကိုပြသခဲ့ပြီးဖြစ်ပါတယ်

ဒါကြောင့် ယူနိကက်တက်က အထောင်တိုက်စစ်မှူးလိုအပ်ချက်ရှိနေတဲ့အတွက် ကာဗာနီကိုနောက်တစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်လိုက်ပါတယ်။

ဒီလိုစာချုပ်ချုပ်တဲ့အပြင် အခုနောက်ပိုင်းမှာ ပြန်လည်မွေးဖွားလာသလို ရှင်သန်ထမြောက်လာတဲ့ သစ်သားစိမ်းကလည်းခြေစွမ်းပြနေပြန်ပါတယ်။

ဒါ့အပြင် တိုက်စစ်နေရာမှာ ကာဗာနီဟာဆေးမြီးတိုသာဖြစ်နေသေးတဲ့အတွက် ဂုတ်သွေးစုပ်ဂလေဇာက ပရိတ်သတ်ကို ပျားရည်နဲ့ဝမ်းချဖို့ တိုက်စစ်မှူးထပ်ခေါ်ယူပေးမယ်လို့ဆိုထားပါတယ်။

ဒေးလီးမေလ်းရဲ့သတင်းအရ ယူနိက်တက်က ခုဆိုရင် မာရှယ်ကို ရောင်းချဖို့စဉ်းစားနေပြီး တကယ်လို့မရောင်းချခဲ့ဘူးဆိုရင်တောင် နောက်ရာသီမှာ မာရှယ်ကို အထောင်တိုက်စစ်မှူးနေရာကနေ ပြောင်းမယ်လို့ သိရပါတယ်။

မာရှယ်ခြေစွမ်းတွေဘယ်လောက်ပျက်ပျက် အပြုံးမပျက်ခဲ့တဲ့ မကြီးဆိုလ်းက မာရှယ်ရဲ့ အနာဂါတ်အတွက် ဆုံးဖြတ်ချက်တစ်ခုခုကို မဖြစ်မနေချရတော့မယ်ဆိုတာလည်း အထင်အရှားပါပဲ။

ဒီတော့ နောက်ရာသီမှာ ကိုယ့်အချစ်တော်ကိုယ်ရက်စက်မလားဆိုတာတော့ ယူနိက်တက်ပရိတ်သတ်ကြီးက ရင်ခုန်စွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

မာရှယ်ကိုရောင်းမလား အထောင်တိုက်စစ်မှူးနေရာကပြောင်းမလားဆိုတာပေါ့.ဘယ်လိုထင်ပါသလဲ??

MGH

Leave a Comment

Your email address will not be published.