ကိုယ့်အားနည်းချက်တွေကိုယ် ဖွင့်ချပြီး အခုခြေစွမ်းထက်တာ ဆိုလ်းရှားကြောင့်လို့ဆိုတဲ့သစ်သားစိမ်း

ပြီးခဲ့တဲ့ပွဲစဉ်တွေအတွင်းမှာ ကံကောင်းလို့ဂိုးရတာမျိုးမဟုတ်ပဲ တစ်ကယ့်ကို အဆုံးသတ်သေချာစွာနဲ့ အဆုံးသတ်ဂိုးတွေသွင်းယူမှုအလွန်ကောင်းတဲ့သစ်သားစိမ်းကတော့ သူ့ရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေနဲ့ပက်သက်ပြီး နည်းပြဆိုးလ်ရှားဟာ အလွန်အရေးပါတယ်လို့ဆိုလာပါတယ်။

ပေါ့ဘာကတောင် ယူနိက်တက်မှာ” အဆုံးသတ်အကောင်းဆုံး ကစားသမား ၂ယောက်ပဲရှိတယ်။ တစ်ယောက်က ကာဗာနီနဲ့ တစ်ယောက်က ဂရင်းဝုဒ်ပါပဲ။ အက်ဒီရဲ့ ခေါင်းတိုက်ချက်တွေက ဂိုးတွေဖြစ်လာပြီး ဂရင်းဝုဒ်ရဲ့အားသာချက်ကတော့ ဂိုးရှေ့မှာသူထိချက်က ဂိုးပါပဲ။ သူတို့နစ်ယောက်ဟာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိပဲ ဂိုးတွေကို သွင်းယူနိုင်ပါတယ်”လို့ချီးကျူးခဲ့ဖူးပါတယ်။

လက်ရှိမှာ ယူနိက်တက်အတွက် ခြေစွမ်းထက်နေတဲ့ သစ်သားစိမ်းကတော့ လက်ရှိအခြေအနေတွေနဲ့ပက်သက်ပြီး ခုလိုပြောပြလာပါတယ်။

ကျွန်တော့်ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရောက်ရှိဖို့ အတွက် တစ်နှစ်လောက်အချိန်ယူပြီးကြိုးစားခဲ့ရပါတယ်။ ကျွန်တော့်ဘက်က တိုးတက်ဖို့လိုအပ်ပါသေး တယ်။ ကျွန်တော့်အသက်က အခုမှ(19)နှစ်ပဲရှိသေးတာ ပါ။

အထူးသဖြင့် ကျွန်တော့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု အတွက် လက်တွေ့ကျကျ လေ့ကျင့်တာမျိုးတွေမလုပ်ရ သေးပါဘူး။ ဒါပေမယ့် ဒီနှစ်ကစလို့ လေ့ကျင့်နေပါပြီး။ ကျွန်တော်ကစားတဲ့နေရာကနေ တိုးတက်လာပြီးလို့ယူဆ တယ်။

ကျွန်တော်ဟာ အသက်ငယ်လို့ ဘောလုံးပေးပို့တဲ့ အခါ အရမ်းကြီးခရီးမပေါက်တာမျိုးတွေ မဖြစ်တော့ဘူး။ ကျွန်တော်ကစားရတဲ့ ပွဲက ပရီးမီးယားလိဂ်ပြိုင်ပွဲ ဆိုတော့ ခက်ခဲမှုတွေက ပိုပြီးရှိလာမှာကို သိထားပါ တယ်။ တစ်ခြားပြိုင်ပွဲတွေမှာလည်း ဒီလိုခက်ခဲမှုတွေက ရှိလာမှာပါ။

ခင်ဗျာက ယူနိုက်တက်လို ကမ္ဘာ့အကောင်းဆုံးအသင်း မှာ ကစားရင်တော့ ခင်ဗျာဆီမှာ ကြံ့ခိုင်မှုကောင်းတွေ ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ကျွန်တော်ဆိုရင် အခုနောက် ပိုင်းမှာ ဘောလုံးကိစ္စကိုပဲ အာရုံစိုက်ဖြစ်တော့တယ်။

နည်းပြလည်း ကျွန်တော့်အပေါ် အရမ်းပဲဂရုစိုက်ပါ တယ်။ ဒါနဲ့ ကျွန်တော့်ကိုလည်း အများကြီးပဲကူညီပေး ထားပါတယ်။ အထူးသဖြင့် နည်းပြက လူငယ်ကစား သမားတွေနဲ့ အမြဲတမ်းအရောဝင်ပြီး စကားတွေပြောပါ တယ်။ ဆိုးလ်ရှားတစ်ယောက် ယူနိုက်တက်မှာရှိတာကို ကျွန်တော် အမှန်တကယ်ပဲ ကျေနပ်ပါတယ်။ ”

MGH

Leave a Comment

Your email address will not be published.