မျက်မှောက်ခေတ် ဘောလုံးလောကမှာ ကမ္ဘာ့အဆင့်ကစားသမား၂ယောက်ပဲရှိကြောင်း ဖာဂူဆန်ပြော

မန်ချက်စတာယူနိက်တက်ရဲ့ ဂန္တဝင်နည်းပြကြီးဖြစ်တဲ့ ဆာအဲလက် ဖာဂူဆန်ကတော့ ဒီကနေ့ခေတ်ဘောလုံးလောကမှာ ကမ္ဘာ့အဆင့်ကစားသမား ၂ယောက်ပဲရှိတော့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ၂၆နစ်တာသက်တမ်းတစ်လျောက် ဖာဂူဆန်သည် ကမ္ဘာ့အဆင့်ကစားသမားအဖြစ် ရော်နယ်ဒို၊ ကန်တိုနာ၊ ဂစ်နှင့် စခိုးတို့ကို ရွေးချယ်ခဲ့ပါတယ်။

ဆာအဲလက်ဟာ သူနှင့်ဆက်ဆံရေးအဆင်မပြေဖြစ်ခဲတဲ့ ရှေ့တန်းတိုက်စစ် ကစားသမား ရွန်နေးနှင့် ကွင်းလယ် ကစားသမား ကိန်းတို့ကို ချန်လှပ်ထားခဲ့ပါတယ်။

အသက် 79 နှစ်အရွယ်ရှိ ဖာဂူဆန်က “ဒီနေ့ ဘောလုံးကစားနေတဲ့ ကမ္ဘာ့အဆင့်ကစားသမားဆိုလို့ ရော်နယ်ဒိုနဲ့ မက်ဆီ ( 2 ) ယောက်ပဲရှိပါတယ် ။

တခြားသိပ်ကောင်းတဲ့ ကစားသမားတွေကို ကျွန်တော့်ရဲ့ နည်းပြ သက်တမ်း 26 နှစ်အတွင်း ကြုံခဲ့ဖူးပါတယ်။ သူတို့ကို ဝေဖန်ရှုံ့ချချင်တာ မဟုတ်ပါဘူး”

“ဒါပေမယ့် ကမ္ဘာ့အဆင့်ဆိုလို့ ( 4 ) ယောက် ပဲ ကြုံခဲ့ဖူးပါတယ်။ ကန်တိုနာ၊ ဂစ်၊ ရော်နယ်ဒိုနဲ့ စခိုးတို့ပါပဲ။ အဲဒီ ( 4 ) ယောက်ထဲမှာ ရော်နယ်ဒို သည် ဥပမာပြောရရင် ခရစ္စမတ်သစ်ပင်ထိပ်က ကြယ်ပွင့်လိုပါပဲ”ဟု ရေးသားခဲ့ဘာတယ် ။

ရွန်နေးနှင့် ဘက်ခမ်းအပါအဝင် ကျန် ယူနိုက်တက် ဂန္တဝင် ကစားသမား တွေ ဖြစ်ကြတဲ့ ကိန်း၊ တီဗက် ၊ ဖာဒီနန်နှင့် ရှမိုက်ကယ်တို့မှာ ကြီးကျယ်တဲ့ ကစားသမားများဖြစ်ကြောင်း ဖာဂူဆန်က ပြောဆိုခဲ့သော်လည်း အထက်ပါ ကစားသမား 4 ယောက်မှာမူ တခြားသူများအထက်တွင်ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဖာဂူဆန်က ဂစ်ဟာ သူရဲ့ ခြေရာကိုနင်းပြီး ယူနိက်တက် အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။ 2014 မှာ ယူနိုက်တက် ယာယီ နည်းပြ လုပ်ခဲ့တဲ့အသက် 47 နှစ်အရွယ်ရှိ ဂစ်ဟာ လက်ရှိမှာဝေး နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။

“ဂစ် သည် နည်းပြ ကောင်း ဖြစ်လာနိုင်ပါတယ်။ သူ့မှာ အတွေ့အကြုံနဲ့ ဉာဏ်ပညာပြည့်စုံတယ်။ အသက် 40 လောက်အထိ ဘောလုံးဆက်မကစားဘဲ 35 နှစ်လောက်မှာ အနားယူခဲ့မယ်ဆိုရင် ကျွန်တော့် ယူနိက်တက် နည်းပြ ဘဝ နောက်ဆုံး 5 နစ်မှာ လက်ထောက်တစ်ယောက် ဖြစ်လာမှာ သေချာတယ်”ဟု ဖာဂူဆန်က ပြောဆိုခဲ့သည်။

Leave a Comment

Your email address will not be published.