ကမ္ဘာ့ထိပ်အပြောင်နိုင်ဆုံးပရိတ်သတ် ပြိုင်ပွဲမှာ လီဗာပူး ချဲဆီလ်းတို့ကို ရှုံးခဲ့တဲ့ မန်ယူ

မန်ချက်စတာ ယူနိုက်တက်အသင်း အပါအဝင် ပရီးမီးယားလိဂ်ကလက် အသင်း ၂၀ တို့ရဲ့ ကမ္ဘာ့ထိပ်အပြောင်ဆုံးပရိတ်သတ်များပြိင်ပွဲတစ်ခုကိုကျင်းပခဲ့တာပါ။

အဲ့ဒီ ပြိုင်ပွဲတစ်ခုအတွက် ရလဒ်စစ်တမ်းတွေ ထွက်ပေါ် လာခဲ့ ချိန်မှာတော့ ကျနော် တို့ ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကအဆင့် ၈ နေရာမှာ သာရပ်တည်နိုင်ခဲ့တာကို တွေ့ရပါတယ်။

အဆိုပါပြိုင်ပွဲကတော့ ကစားသမား တွေယှဉ်ပြိုင် ရတာ မဟုတ်ဘဲ ပရိတ်သတ်တွေ ယှဉ်ပြိုင်ရတဲ့ ထိပ်အပြောင်ဆုံးပရိတ်သတ်အသင်း ရွေးပွဲဘဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အသင်းအားလုံးရဲ့ ပရိတ်သတ်များရဲ့ ထိပ်ပြောင်သော ပရိတ်သတ် အများဆုံး ရှိတဲ့ အသင်းများကို အဆင့် အလိုက် ခွဲခြားသတ်မှတ်ခဲ့ကြတာ လည်း ဖြစ်ပါတယ်။

အဆိုပါ စာရင်းမှာ နယူးကာဆယ်အသင်းမှာအမျိုးသားပရိသတ်၄၉ရာခိုင်နှုန်းကထိပ်ပြောင်ကာပရီးမီးယားလိဂ်မှာထိပ်အပြောင်ဆုံးပရိသတ်များအဖြစ်ရပ်တည်နေတယ်။

ဒုတိယထိပ်အပြောင်ဆုံးအသင်းကတော့လီဗာပူးပရိသတ်များဖြစ်ပြီးလီဗာပူးအမျိုးသားပရိသတ်ရဲ့၄၇ရာခိုင်နှုန်းကထိပ်ပြောင်ကြပါတယ်။

ချဲလ်ဆီးပရိသတ်များက၄၂ရာခိုင်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နေပြီးစပါးစ်ပရိသတ်များက၄၁ရာခိုင်နှုန်းဖြင့်အဆင့်၄နေရာမှာရပ်တည်နေကာအဆင့်၅နေရာမှာအဲဗာတန်ပရိသတ်များက၄၁ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။

အဆင့်၆နေရာမှာဗီလာပရိသတ်များက၃၈ရာခိုင်နှုန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာဖူလ်ဟမ်ပရိသတ်များက၃၇ရာခိုင်နှုန်းဖြင့်လည်းကောင်း၊မန်ယူပရိသတ်များက၃၆ရာခိုင်နှုန်းဖြင့်အဆင့်၈နေရာမှာလည်းကောင်း၊အဆင့်၉နေရာမှာပဲလေ့စ်ပရိသတ်များက၃၄ရာခိုင်နှုန်းဖြင့်လည်းကောင်း၊အဆင့်၁၀နေရာမှာမန်စီးတီးပရိသတ်များက၂၇ရာခိုင်နှုန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

၎င်းတို့ရဲ့နောက်မှအဆင့်၁၁ဝက်စ်ဟမ်း (၂၆ရာခိုင်နှုန်း)၊အဆင့်၁၂အာဆင်နယ်(၂၆ရာခိုင်နှုန်း)၊အဆင့်၁၃ရှက်ဖီးလ်ယူနိုက်တက်(၂၃ရာခိုင်နှုန်း)၊အဆင့်၁၄ဆောက်သမ်တန်(၂၂ရာခိုင်နှုန်း)၊အဆင့်၁၅ဘန်လေ(၃၃ရာခိုင်နှုန်း)၊အဆင့်၁၆ဘရိုက်တန်(၂၁ရာခိုင်နှုန်း)၊အဆင့်၁၇လိဒ်ယူနိုက်တက်

(၂၀ရာခိုင်နှုန်း)၊အဆင့်၁၈ဝက်စ်ဘရွန်း(၂၀ရာခိုင်နှုန်း)၊အဆင့်၁၉လက်စတာ(၁၆ရာခိုင်နှုန်း)၊အဆင့်၂၀တွင်ဝုဗ်(၁၆ရာခိုင်နှုန်း)တို့နှင့်အသီးသီးရပ်တည်နေပါတယ်။

Leave a Comment

Your email address will not be published.