“ဘရူနိုကဆုတွေရနေချိန် ယူနိုက်တက်မှာ အပယ်ခံတစ်ယောက်လို ခံစားခဲ့ရတယ်” ဆိုတဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြီးခဲ့တဲ့ လတွေအတွင်း အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့ပေမယ့် သူ့အနေနဲ့ ယူနိုက်တက်မှာ လူပိုကြီးတစ်ယောက်လိုဖြစ်နေတယ်လို့ ခံစားခဲ့ရတဲ့အထိဖြစ်ခဲ့တယ်ဆိုပြီး သူ့ရဲ့ရင်တွင်းခံစားချက်တွေကို ဖွင့်ချခဲ့တယ်လို့ ယူနိုက်တက်ညနေခင်းသတင်းကဖော်ပြပါတယ်။

ပေါ့ဘာဟာ အသင်းပြောင်းရွေ့မှုကိစ္စတွေနဲ့ပက်သက်ပြီး အသံတွေထွက်ခဲ့သလို သူ့မန်နေဂျာ ရွိင်းအိုလာမွေလို့ ယူနိုက်တက်အသင်းနဲ့ ပရိတ်သတ်တွေက သူ့ကို ဝေဖန်မှုတွေရှိခဲ့ကြပါတယ်။ ဒီအခြေအနေတွေနဲ့ပက်သက်ပြီး

” ပြီးခဲ့တဲ့ လတွေဟာကျွန်တော့်အတွက် တော်တော်ခက်ခဲခဲ့တယ်။ ပရိတ်သတ်တွေ ဝေဖန်ရေးဆရာကြီးတွေက တောက်လျောက် ကျွန်တော့်ကိုလိုက်ကြည့်ပြီး ဝေဖန်နေခဲ့ကြတယ်။ အသင်းမှာလည်း ကျွန်တော်ဟာ တချို့ဖိအားတွေကြောင့် လူပိုကြီးတစ်ယောက်လိုခံစားခဲ့ရတဲ့အခြေအနေအထိပါပဲ။

ပြောရရင် အပယ်ခံတစ်ယောက်လိုပဲ။ ဒါပေမယ့် ကျွန်တော်အကောင်းဆုံးပေးဆပ်ခဲ့တယ်။ အခုထိပါပဲ။ ဒီမှာနေရတာ အခုနောက်ပိုင်းတော့ ပိုအဆင်ပြေလာပါတယ်။ ကျွန်တော့်အသင်းသားတွေက ကျွန်တော့်အပေါ်ကောင်းကြပါတယ်။ ကျွန်တော်ဒီမှာနေရတာ ကြိုက်ပါတယ်”လို့ပေါ့ဘာကပြောခဲ့တာပါ။

လက်ရှိမှာ United နှင့်နီးစပ်သူများက Pogba အား စာချုပ်သစ်ကမ်းလှမ်း၍ ဆက်နေအောင် ထိန်းသင့်တယ်လို့ ယူဆနေကြပါတယ်။

Raiola ၏ ဝေဖန်မှုများကို Solskjaer က ရင့်ကျက်စွာ ထိန်းသိမ်းနိုင်ခဲ့ပြီး ပေါ့ဘာဟာ တစ်ကိုယ်ရေ စိတ်ဓါတ်ကျမှုကို ခံစားခဲ့ရတဲ့အခြေအနေထိဖြစ်ခဲ့တဲ့အတွက် ပေါ့ဘာကိုအသင်းက ပိုဂရုစိုက်ခဲ့တယ်လို့သိရပါတယ်,

Fletcher က လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ကိုယ်တိုင်ပါဝင်ပြီး Pogba နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ပြီး လက်ရှိမှာ အသင်းရဲ့ အောင်မြင်မှု စည်းလုံးမှုတွေကြောင့်Pogba အနေဖြင့် စာချုပ်သစ်တစ်ခုကို ကြိုဆိုနေဖွယ်ရှိတယ်လို့ သတင်းတွေမှာရေးသားထားကြပါတယ်။ United ရဲ့ အသက်သွေးကြောဆိုရမယ့် ဘရူနိုဖာနန်ဒက်ကလည်း သူအနေနဲ့ Pogba စာချုပ်သစ်ချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းများကဆိုထားပါတယ်။

Leave a Comment

Your email address will not be published.