ဘရူနိုဟာ ဒီဘရိုင်းလို ထိပ်တန်းအဆင့်ရှိ ကစားသမားမဟုတ်သေးကြောင်း သရဲနီဂန္တဝင်ဝေဖန်

ယူနိုက်တက်ဂန္ထဝင်ကစားသမား လီရှပ်က ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်အနေနဲ့ မန်စီးတီးအသင်းက ကွင်းလယ်လူ ဒီဘရိုင်းကို မမှီသေးသလို ထိပ်တန်းအဆင့်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ သက်သေပြစရာအများကြီးကျန်နေသေးတယ်လို့ပြောကြားလိုက်ပါတယ်။

ဘရူနိုဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာဖို့ သက်သေပြစရာတွေအများကြီးကျန်နေသေးတယ်လို့ ယူနိက်တက်ဂန္တဝင်ဟောင်းတော်တော်များများက သုံးသပ်ထားကြပေမယ့်လည်းဘရူနိုကိုချစ်တဲ့ပရိတ်သတ်တွေကတော့ အသင်းအတွက် ပွဲပန်းခံပြီး ကန်နေရတာကြောင့် တစ်ခါတစ်ရံမှာ ခြေစွမ်းကျနေတာဖြစ်တယ်လို့လည်း ပြန်လည် ဝေဖန်ထားကြပါတယ်။

ပေါ်တူဂီကြယ်ပွင့် ဖာနန်ဒက်စ်ဟာ ၂၀၂၀ ဇန်နဝါရီလက စပို့တင်းကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေပြီး ယခုရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ၂၈ဂိုးအထိ သွင်းယူထားပြီး ယူနိက်တက်အသင်းအတွက် အဓိကကွင်းလယ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလား ၃ကြိမ်ရရှိခဲ့တဲ့ လီရှပ်ကတော့ မကြာခဏဘောလုံးဆုံးရှုံးနေခြင်းအတွက် ဖာနန်ဒက်စ်ကို ဝေဖန်ခဲ့သလို ဒီဘရိုင်းကို မီဖို့ ကြိုးစားရဦးမယ်လို့လည်း ပြောပါတယ်။

”ထိပ်တန်းကစားသမားတစ်ဦးကို ဖာနန်ဒက်စ်ကို သတ်မှတ်ဖို့ လိုပါသေးတယ်။ သူဟာ တစ်ခါတလေ မှော်အစွမ်းတွေ ထုတ်ပြနိုင်ပါတယ်။

ပြီးတော့ အံ့ဖွယ်ကောင်းတဲ့ပေးပို့မှုတွေ၊ အရေးပါတဲ့သွင်းဂိုးတွေလည်း သွင်းနိုင်ပါတယ်”

”ဒါပေမဲ့ အဲဒါတွေပြီးရင်တော့ သူဟာ ကွင်းထဲမှာ ၁၀ မိနစ်၊ ၁၅မိနစ်လောက်အထိ ပေါပေါပဲပဲ ဘောလုံးတွေဆုံးရှုံးခံနေရပါတယ်။

ဒီတော့ သူ့ကို ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သူ့ကို သတ်မှတ်လို့မရသေးဘူးလို့ထင်ပါတယ်”

”ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ၃ဦးစာရင်းမှာ စီးတီးကွင်းလယ်လူ ဒီဘရိုင်း ပါတယ်လို့ထင်ပေမယ့် ဖာနန်ဒက်စ်တော့ မပါသေးဘူးလို့ ထင်ပါတယ်”

”ဖာနန်ဒက်စ်ဟာ ပင်နယ်တီသွင်းဂိုးအများအပြားအပါအဝင် ဂိုးတွေအများကြီးသွင်းယူနိုင်တာမှန်ပေမယ့် သူကစားတဲ့ပွဲတွေကိုကြည့်လိုက်ရင် အသင်းဘက်က သူ့ကို လိုအပ်ချိန်မှာ သူ့ဆီကနေ ဘောလုံးမဆုံးရှုှုံးသင့်ဘဲ ဆုံးရှုံးနေရပါတယ်”လို့ လီရှပ်က ပြောပါတယ်။

ဘရူနိုဖာနန်ဒက်ဟာလည်း လက်ရှိမှာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုသေးခြင်းမရှိပဲ ပေါ့ဘာရဲ့စာချုပ်အခြေအနေကိုစောင့်ကြည့်နေပြီး နောက်ရာသီမှာ အလယ်တန်းနဲ့နောက်တန်း ကို အင်အားထပ်ဖြည့်ဖို့ ယူနိက်တက်ကိုတိုက်တွန်းထားပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးဆုဖလားရဖို့ အခွင့်အရေးပိုင်ဆိုင်ထားပြီး ယူနိုက်တက်က ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲလ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြဟောင်း မော်ရင်ညိုရဲ့လက်ထက်မှာ ယူရိုပါလိဂ်ဖလားရပြီးချိန်ကတည်းက ၄နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေပါတယ်။

Leave a Comment

Your email address will not be published.