ယူနိက်တက်အတွက် စုပ်ရောလာဘ်ရောဝင်မယ့် ကိန်းအတွက် စပါးရဲ့ ကမ်းလှမ်းမှု

တော့တမ်စပါးက တိုက်စစ်မှူးကိန်းကိုခေါ်ဖို့အတွက်ဆို ယူနိက်တက်တို့ဘက်ကနေ တိုက်စစ်မှူးမာရှယ်နဲ့ပေါင်သန်း၉၀ကိုအလိုက်ပေးရမယ့်အပြင် မာတာကိုအလွတ်ကြေးနဲ့ခေါ်ရနိုင်ဖွယ်ရှိတယ်လို့ ဒေးလီးမေးလိကဖော်ပြထားပါတယ်။

စပါးဘက်က တိုက်စစ်မှူးမာရှယ် နဲ့ မာတာတို့ ၂ဦးကိုလိုချင်နေတာဖြစ်ပြီး ယူနိက်တက်ဘက်ကလည်းဒီကမ်းလှမ်းမှုကို လက်ခံနိုင်ဖွယ်ရှိနေပါတယ်။

ကာလရှည်ကြာဒဏ်ရာရနေပြီး တစ်ရာသီလုံးမှာ တစ်ရာသီလုံးလောက်သာ ခြေစွမ်းပျောက်နေခဲ့တဲ့ မာရှယ်ကို အသင်းက စပါးရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်ဆိုရင်တော့ ကိန်းနဲ့ အရောင်းအဝယ်ကဖြစ်လာနိုင်မှာလည်းဖြစ်ပါတယ်။

ဒါပေမယ့် မာရှယ်ရဲ့အချစ်တော် မကြီးဆိုလ်းကတော့ ဒီကိစ္စအပေါ် သုံးသပ်စဉ်းစားနိုင်ဖွယ်ရာတွေတော့ရှိနေပါသေးတယ်။

ယူနိက်တက်အနေနဲ့ ဒီရာသီမှာ ကစားသမား ၈ဦးလောက်ထိ ရောင်းချသွားမှာဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှုးတွေဖြစ်တဲ့ ဟာလန်း ဆန်ချို ဒီကလန်ရိုက် ဂရေးလစ်တို့ကိုလည်းပစ်မှတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘယ်လိုပဲသတင်းတွေထွက်ပေါ်နေပေမယ့် အပြောင်းအရွေ့ရာသီရောက်တိုင်း မိုးဟေကို သင်ဇာဝင့်ကျော် လုလုအောင် တို့နဲ့နာမည်ထွက်တတ်တဲ့ ယူနိက်တက်ဟာ နောက်ဆုံးမှာ ကျော်ကျော်နန္ဒာနဲ့ပဲညားမလားဆိုတာတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

တိုက်စစ်မှူးမာရှယ်ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးကတော့ သူ့ခင်ပွန်းက ရီးရဲမက်ဒရစ်မှာသွားကစားမှာဖြစ်တယ်လို့ ဝေဖန်သံတွေကို ကျောခိုင်းထားပြီးပြောကြားထားပါတယ်။

နိုင်ငံတကာသောက်ဖောင်းထုရေးအဖွဲ့ချုပ်ကတော့ မာရှယ်ကို ရောင်းလိုက်ရင် လွတ်တဲ့ငါးကြီးပြီး လူကာကူကိုရောင်းလိုက်သလို နောင်တတွေ ၇၂ဘဝစာလောက် ရမယ်လို့ ဝေဖန်နေကြလို့ အခြေအနေတွေကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ မာယာသုံးပီးအသဲခွဲပက်စက်တဲ့ ယူနိက်တက်ကတော့ ခရက်စ်ချင်ယောင်ဆောင်ပြီး မသိသလိုလုပ်နေလို့ ခံစားနေရတဲ့သူကတော့ ဒေါ့မွန်ဆန်ချိုပဲဖြစ်ပါတယ်,ဒီတော့နောက်ဆက်တွဲဘယ်သူတွေဆက်ခံစားရမလဲဆိုတာ ပိတ်ကားပေါ်မှာဆက်လက်စောင်ကြည့်ရတော့မှာပဲံဖြစ်ပါတယ်

အမ်ဂျီအိတ်စ်

Leave a Comment

Your email address will not be published.