သရဲနီပရိတ်သတ်တွေရှေ့မှာ ကစားမယ့်ပွဲအတွက် ကာဗာနီပေးတဲ့ သတင်းစကား

မန်ချက်စတာယူနိက်တက်အသင်းရဲ့ “ငါမအိုသေး ဆိုတဲ့ တိုက်စစ်မှူးကြီးကာဗာနီကတော့ ဖူဟမ်နဲ့ပွဲအတွက် ပရိတ်သတ်တွေကို သတင်းစကားပါးလိုက်ပါတယ်။

ယူနိက်တက်တို့ဟာ အိမ်ကွင်းမာ ၂ပွဲဆက်ရှုံးနိမ့်ပြီးတဲ့နောက် ဖူဟမ်နဲ့ကန်မယ့်ပွဲမှာ သရဲနီပရိတ်သတ်တွေရဲ့ အားပေးသံတွေ ပိုကျယ်လောင်ပျော်ရွှင်စေရမယ်လို့ ကာဗာနီက ခုလိုဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အိုးထရက်ဖိုစ်မှာ ၂ပွဲဆက်ရှုံးခဲ့တယ်။ မကြာခင် ပရီတ်သတ်တွေရှေ့မှာ ကန်ရတော့မယ့်ပွဲမှာ ပရိတ်သတ်တွေရဲ့ အားပေးသံတွေ ပိုကျယ်လောင်လာစေပြီး အနိုင်ရလာဒ်ကိုပဲ ယူဆောင်ပေးသွားနိုင်ဖို့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားသွားပါ့မယ်။ ကျွန်တော်လည်း ပရိတ်သတ်တွေရှေ့ကစားရမယ့်ပွဲကိုရင်ခုန်စွာနဲ့စောင့်မျှော်နေမိပါတယ်”လို့ ဂိုးသွင်းမုဆိုးကြီး ကာဗာနီက ဆိုပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီနေ့ည အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ပရိသတ်တွေ အတွက် အနိုင်ရအောင်ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီး ယားလိဂ် အိမ်ကွင်းနှစ်ပွဲဆက် ရှုံးခဲ့တာကြောင့် ဖိအားတွေများခဲ့ပြီး လက်စတာကို ရှုံးခဲ့လို့ ချန်ပီယံဆုမျှော် လင့်ချက် လက်လွှတ်ခဲ့ရသလို လီဗာပူးကို ရှုံးခဲ့တာကြောင့်လည်း ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ကစားမယ့်ပွဲဟာ ဒီရာသီယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ် ဖြစ်သလို ၂၀၂၀ခုနှစ် မတ်လ ကတည်းက ကွင်းအတွင်းကြည့်ရှုခွင့် မရခဲ့တဲ့ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုနိုင် မယ့် ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

ပွဲမတိုင်ခင် ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဆိုးလ်ရှားက” ကျွန် တော်တို့ အသင်းပရိသတ်တွေအကြောင်း ကျွန်တော်တို့ သိပါတယ်။ သူတို့ဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး အသင်းပရိသတ်တွေဖြစ်ပြီး အသင်းရဲ့အောင်မြင်မှုကိုပဲ အလိုရှိတဲ့သူတွေပါ။ ဒီနေ့ညမှာ သူတို့အတွက် အနိုင် ယူပေးဖို့က လွဲပြီး တစ်ခြားရလဒ်မျိုး မရှိပါဘူး” လို့ ပြောခဲ့ပါတယ်။

Leave a Comment

Your email address will not be published.