အားပေးသံတွေပြန်ဆူညံချိန်မှ အိုးထရက်ဖို့နဲ့လမ်းခွဲသွားရတော့မယ့် သရဲနီတွေ..

ဒီကနေ့ည ဖူဟမ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ယူနိက်တက်တို့ရဲ အိုးထရက်ဖို့ကွင်းမှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒီကနေ့ပွဲမှာပဲ တစ်နှစ်ကျော်အတွင်း ပထမဆုံးအနေနဲ့ ပရိတ်သတ်တစ်သောင်းကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ညပွဲဟာ ဒိရာသီအတွက် ကွင်းအတွင်းပရိတ်သတ်တွေ ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့တဲ့ ပထမဆုံးပွဲလည်းဖြစ်သလို နောက်ဆုံးပွဲလည်းဖြစ်လို့နေပါတယ်။

ဒါကြောင့် ဒီကနေ့ဖူဟမ်နဲ့ပွဲမတိုင်ခင် အိုးထရက်ဖို့မှာ မန်ချက်စတာယူနိက်တက်အသင်းက တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကြေငြာသွားဖို့ရှိနေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီနေ့ည အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ပရိသတ်တွေ အတွက် အနိုင်ရအောင်ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ပရီးမီး ယားလိဂ် အိမ်ကွင်းနှစ်ပွဲဆက် ရှုံးခဲ့တာကြောင့် ဖိအားတွေများခဲ့ပြီး လက်စတာကို ရှုံးခဲ့လို့ ချန်ပီယံဆုမျှော် လင့်ချက် လက်လွှတ်ခဲ့ရသလို လီဗာပူးကို ရှုံးခဲ့တာကြောင့်လည်း ဝေဖန်ခံနေရတာပဲ ဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ကစားမယ့်ပွဲဟာ ဒီရာသီယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ် ဖြစ်သလို ၂၀၂၀ခုနှစ် မတ်လ ကတည်းက ကွင်းအတွင်းကြည့်ရှုခွင့် မရခဲ့တဲ့ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုနိုင် မယ့် ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

ဒီပွဲရဲ့ အမှတ်တရ ပျော်ရွှင်စရာတွေနဲအတူ ပရိတ်သတ်တွေရဲ့ အားပေးသံတွေပြန်ဆူညံလာချိန်မှာပဲ တစ်ဖက်မှာ ပရိတ်သတ်တွေနဲ့အတူ အိုးထရက်ဖို့စ်ကြီးကို Goos Byeလို့နှုတ်ဆက်ဖို့စောင့်ကြိုနေတဲ့သရဲနီတွေကတော့ အနဲဆုံး ၈ယောက်အထိရှိနေပါတယ်။

အဲ့ဒီထဲမှာ ဆိုလ်းရှားရဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အရ အိုးထရက်ဖို့စ်ရဲ့ နောက်ဆုံးပွဲအနေနဲ့ နှုတ်ဆက်သွားဖို့သေချာနေတဲ့ သရဲနီကစားသမားကတော့ ၃ယောက်ရှိနေတယ်လို့ ဒေးလီးမေးလိကဆိုပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက ယူနိက်တက်မှာဆက်နေချင်လို့ လစာလျော့ယူပြီး အသင်းမှာဆက်နေခွင့်တောင်းခဲ့တဲ့ ကွင်းလယ်ကစားသမား တစ်ဦးဖြစ်တဲ့ အသင်းရဲ့ ဝါရင့်ကစားသမား မာတာကတော့ ယူနိက်တက်က ထွက်ခွာသွားဖို့တော်တော်နီးစပ်နေပြီဖြစ်ပါတယ်။ မာတာဟာ ပြီးခဲ့တဲ့ ၆လအတွင်း ပရီးမီးယားလိဂ်ကစားချိန် ၂မိနစ်သာရှိခဲ့တဲ့ မာတာဟာ ယူနိက်တက်နဲ့စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။

နောက်သရဲနီတစ်ယောက်ကတော့ ယူနိက်တက်မှာလစာအမြင့်ဆုံ ဒီဂီယာဖြစ်ပြီးတော့ သူဟာ ဟန်ဒါဆင်ကိုသူ့နေရာလွဲပေးရမှာဖြစ်တဲ့အတွက် အသင်းကထွက်သွားဖို့တော်တော်နီးစပ်နေပြီလည်းဖြစ်ပါတယ်။ မာတာနဲ့ ဒီဂီယာကိုတော့ ရိုးမားက မော်ရင်ဟိုက ခေါ်ယူဖို့ ကြိုးစားနေပြီး မာတာကိုတော့ စပါးက အလွတ်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူဖို့လည်းလုပ်နေပါတယ်။

အိုးထရက်ဖို့ကိုခွဲခွာသွားနိုင်ချေမြင့်မားနေတဲ့ နောက်သရဲနီတစ်ယောက်ကတော့ဒန်နီမ်ဂျိန်းတို့ပဲဖြစ်ပါတယ်။ ယူနိက်တက်ဟာလက်ရှိမှာ ဟာလန်း ဆန်ချို ဒီကလန်ရိုက် ဂရေးလစ်တို့ကို စိတ်ဝင်စားတာဖြစ်တဲ့အတွက် မာရှယ် မာတာ ဒီဂီယာ ဂျိမ်း လင်ဂက်တို့အပါအဝင် အနဲဆုံးသရဲနီ ၈ယောက်ခန့်ဟာ အိုးထရက်ဖို့ကြီးကို နှုတ်ဆက်သွားမလားဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်…..

MGH

Leave a Comment

Your email address will not be published.