ကိန်းကိုရဖို့ ခြေစွမ်းထက်နေတဲ့စူပါလင်းဂက်ကို အလိုက်ပေးလဲဖို့ရှိနေတဲ့ ယူနိက်တက်

မန်ချက်စတာယူနိက်တက်အသင်းအနေနဲ့ ဒီနှစ်နွေရာသီ အပြောင်းအရွေ့ဈေးကွက်မှာ တော့တမ်စပါးတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့အတွက် ဝက်စမ်းအသင်းမှာ အဌားသွားရောက်ကစားနေတဲ့တောင်ပံကစားသမားဂျေစီလင်းဂက်ကိုအလိုက်ပေးပြီးခေါ်ယူဖွယ်ရှိနေတယ်လို့ မက်ထရို သတင်းကဖော်ပြပါတယ်။

ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာအနေနဲ့ ကိန်းကို ခေါ်ယူဖို့ လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားခဲ့ပြီးမှ အခုအခါမှာ လင်းဂက်နဲ့အလိုက်ပေး လဲလှယ်တဲ့နည်းကိုအသုံးပြုဖွယ်ရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။

လင်းဂက်ဟာ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေခဲ့ပေမယ့်လက်ရှိဝက်ဟမ်းမှာ ခြေစွမ်းအလွန်ပြနေပြီး ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုလည်းရရှိထားပါတယ်။

ဒါ့အပြင် တချိန်ကစူပါလင်းဂက်ဆိုပြီး ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ လင်းဂက်ကို ယူနိက်တက်ဘက်က လက်လွတ်ခဲ့ရင် ဝက်ဟမ်းက သူတို့အသင်းမှာဆက်ရှိနေစေချင်တယ်လို့ဆိုထားပါတယ်။

လင်ဂတ်ဟာယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ကာလအတန်ကြာပျောက်ဆုံးနေခဲ့ပြီးတဲ့နောက် ဝက်စ်ဟမ်းအသင်းကို အဌားသွားရောက်ကစားနေခဲ့ကာ ခြေစွမ်းကောင်းတွေပြသနေခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနောက်ခံလူ ကူဖောကတော့ ယူနိက်တက်မှာ လင်ဂတ်အနေနဲ့ ပုံမှန်ကစားခွင့်ရတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ပြောဆိုခဲ့ပါတယ်။ ယူနိက်တက်တို့အနေနဲ့ ပုံမှန်ခြေစွမ်းကောင်းတွေပြန်လည်ပိုင်ဆိုင်နေပြီဖြစ်တဲ့ စူပါလင်ဂတ်ကိုအလိုက်ပေးပြီး လဲမလဲဆိုတာကတော့ ဆက်လက်စောင့်ကည့်ရမှာပဲဖြစ်ပါတယ်။

MGH

Leave a Comment

Your email address will not be published.