ဆပ်ပြာသည်လင်ပျောက်ဖြစ်နေတဲ့ သရဲနီတွေနဲ့ ဖိုင်နယ်ပြုတ်ခြေစွမ်းဆိုတာ အိုးထရက်ဖို့မှာ ၃ပွဲဆက်တိုက်ပြသွားခဲ့တဲ့ ယူနိက်တက်

ယူနိုက်တက်တို့ဟာ အိုးထရက်ဖို့မြက်ခင်းစိမ်းတွေပေါ်မှာ ၃ပွဲဆက်တိုက် သရဲနီတို့ရဲ့ သမိုင်းဝင်ခြေစွမ်းတွေပြခဲ့ပြီး ဒီခြေစွမ်းဟာ ဖိုင်နယ်ပြုတ်ခြေစွမ်းဆိုတာကို ပေါ်လွင်စေခဲ့ပြီလည်းဖြစ်ပါတယ်။

လက်စတာစီးတီးနဲ့ လီဗာပူးတို့ကို အိမ်ကွင်းမှာ ရှုံးခဲ့ပြီးတဲ့နောက်မှာ မနေ့ညက ဖူဟမ်နဲ့ကန်တဲ့ပွဲမှာလည်း စုတ်ပြတ်နေတဲ့ ခြေစွမ်းနဲ့ သရေရလာဒ်သာရယူနိင်ခဲ့ပါတယ်။

၃ပွဲမှာသရေ ၁မှတ်သာ ရယူနိင်ခဲ့တဲ့ မကြီးဆိုလ်းကို အပြစ်ပြောလို့ရနိုင်ပေမယ့်လည်း ကိုယ့်ထက်ချာတဲ့ အသင်းတွေကြောင့် ယူနိက်တက်တို့ဟာ ပရီးမီးယားလိဂ် ဇယား ၂မှာ ရုပ်တည်ကြီးနဲ့ တက်ထိုင်လို့အနိုင်ဆိုတာ ကိုယ်နဲ့မဆိုင်သလို နောက်တစ်ပွဲကိုလည်း အဝေးကွင်းမှာ အေးဆေးကန်မယ့်အခြေအနေမျိုးကိုရောက်ရှိခဲ့ပြီလည်းဖြစ်ပါတယ်။

ဖူလ်ဟမ်နဲ့ ကစားခဲ့တဲ့ပွဲဟာ ယူနိက်တက်တို့အတွက် ဒီရာသီ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံးပွဲစဉ် ဖြစ်သလို ၂၀၂၀ခုနှစ် မတ်လ ကတည်းက ကွင်းအတွင်းကြည့်ရှုခွင့် မရခဲ့တဲ့ပရိသတ်တွေလည်း ပြန်လည်ကြည့်ရှုနိုင် မယ့် ပထမဆုံးပွဲလည်းဖြစ်ပါတယ်။

ပရိတ်သတ်တွေအနေနဲ့လည်း အိမ်မှာဆဲရတာအားမရလို့ ကွင်းထဲအထိလိုက်ဆဲပီးအားပေးခဲ့ရသလို
ဂေါင်းကြီးမပါတဲ့နောက်တန်းရဲ့ စုတ်ပြတ်မှုကြီးကတော့ ခမ်းနားလွန်းခဲ့ပါတယ်။

ယူနိက်တက်တို့ဟာ အနိုင်ကန်စရာမလိုလို့ လျော့ကန်တယ်လို့ ပြောရအောင်လည်း လျော့ကန်နေတဲ့ပုံမတွေ့ရသလို နောက်တန်းပွင့်နေတဲ့အသင်းကိုအပိုင်ဂိုးသွင်းခွင့် ၃ကြိမ်လောက်ရတာတောင် ချော်အောင်ကန်နိုင်တဲ့ ဘရူနိုရဲ့ခြေစွမ်းကိုလည်း ဖူဟမ်နဲ့ပွဲမှာ ချီးကျူးရမှာဖြစ်ပါတယ်။

တန်းဆင်းအသင်းကို ကာဗာနီရဲ့ ပရီတ်သတ်တွေရှေ့မှာ ပထမဆုံးသွင်းတဲ့ ဂိုးကြောင့်သာ မရှုံးခဲ့တာဖြစ်ပြီးတော့ ဒီဂီယာလက်စွမ်းပြခဲ့လို့သာ ဗီလာရီးရဲနဲ့ယူရိုပါလိဖလားလုဦးမယ်ဆိုတဲ့ ယူဆိုက်တက်တို့ အိုးထရက်ဖို့မှာ ဂလေဇာနဲ့ရောပီးဆန္ဒပြမခံခဲ့ရတာပါ။

လင်ဒီလော့ ဖရက်စ် တော်မီနေးတို့ကတော့ ထုံးစံအတိုင်း သုံးစားလို့မရသလို ဂေါင်းကြီးနဲ့နောက်တန်းအတွက်ကို ယူနိက်တက်တို့ ဒီနှစ်နွေမှာသေချာစဉ်းစားဖို့လိုလာပါပြီ။

အလယ်နဲ့နောက်တန်းက အိတ်ပေါက်နဲ့ဖားကောက်ဆိုပြီး ချီးကျူးလို့မှ မဆုံးနိုင်သေးခင် ရှေ့တန်းမှာ ဆပ်ပြာသည်လင်ပျောက်ဖြစ်နေတဲ့ တိုက်စစ်မှူးတွေကြောင့် ယူဆိုက်တက်တို့ဟာ ၈ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အသင်းကို သရေကျခဲ့ရပါပြီ။

ဒီပုံစံ ဒီဖွဲ့စည်းပုံနဲ့သာဆိုရင်တော့ ဗီလာရီးရဲနဲ့ပွဲမှာ မကြီးဆိုလ်းနဲ့ ဆပ်ပြာသည်လင်ပျောက်ဖြစ်နေတဲ့ ယူဆိုက်တက်အသင်းသားတွေဟာ ဖိုင်နယ်ပြုတ်ပြီး ဒူးနဲ့မျက်ရည်သုတ်ဖို့ ကိန်းကြုံလာနိုင်ရတယ်လို့ ကြိုတင်သတိပေးလိုက်ပါရစေ

အမ်ဂျီအိတ်(စ်)

Leave a Comment

Your email address will not be published.