တစ်ကိုယ်တော်ဆုထက် ဈေးကြီးတဲ့အိမ်မက်တွေအကြောင်းရင်ဖွင့်ခဲ့တဲ့ ဖာနန်ဒက်

ပြီးခဲ့တဲ့ ဖူဟမ်ပွဲစဉ်မတိုင်ခင် ယူနိက်တက်ကပေးတဲ့ ဆုတွေကို ရယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်ကတော့ သူ့အတွက် တစ်ကိုယ်တော်ဆုတွေထက် အရေးကြီးတဲ့အရာဟာ ဖလားအိမ်မက်ကို အသက်သွင်းရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖူဟမ်နဲ့ပွဲဟာ အိုးထရက်ဖို့အတွင်း ပရိတ်သတ်တွေပထမဆုံး ပြန်ဝင်ခွင့်ရခဲ့တဲ့ပွဲဖြစ်သလို နောက်ဆုံးပိတ်ရာသီသိမ်းပွဲလည်းဖြစ်ပါတယ်။ ပရိတ်သတ်တွေနဲ့ ထိတွေ့ခွင့်ရခဲ့တဲ့ အပေါ်ဖာနန်ဒက်က သူတို့အတွက်အားဖြစ်စေပြီး ဖလားအိမ်မက်ကိုအသက်သွင်းဖို့ ပိုကြိုးစားသွားမယ်လို့လည်း ခုလိုဆိုပါတယ်။

“ကွင်းထဲမှာပရိသတ်တွေကို ပြန်မြင်တွေ့ရတာက အမှန် တကယ်ကိုကောင်းပါတယ်။ သူတို့တွေ ဘယ်လောက်အထိအရေးပါတာကိုကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဒီခြေစွမ်းကလုံလောက်မှုမရှိပါဘူး။ ဒါပေမယ့်လို့ ပရိသတ်တွေရဲ့အသံကို ကြားသိခဲ့ရပါတယ်။ ဒီလိုအသံ ကြားရတာက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ခံစားချက်ကို ရရှိစေပါတယ်။

ကာဗာနီက ဘယ်လိုအနေအထားမျိုးမဆို ဂိုးသွင်းနိုင်တဲ့ သူပါ။ လာမယ့်ရာသီကျရင်ပရိသတ်တွေ ကာဗာနီဂိုးသွင်းတာကို ပိုမိုမြင်ရဖို့မျှော်လင့်ပါတယ်။ သူ့သွင်းဂိုးမှာ ကျွန်တော်နဲ့ထိတဲ့အပေါ်လား? ဒါကိုတော့ ကျွန်တော်မသိလိုက်ပါဘူး။

ထိတယ်လို့ ကျွန်တော်မသိခဲ့ပါဘူး။ ဒါပေ မယ့် ဒီသွင်းဂိုးအပြီးမှာ ကျွန်တော့်ကို ဂိုးဖန်တီးတဲ့သူအဖြစ် ပေးအပ်တယ်လို့ ဒိုင်လူကြီးကတော့ လာပြောပါ တယ်။

လာမယ့်တစ်ပတ်ပွဲစဉ်မှာ ကွဲပြားမှုရှိလာပါလိမ့်မယ်။ အရေးကြီးဆုံးက ဝုဗ်နဲ့ပွဲအတွက် အာရုံစိုက်နေဖို့ပါ။ သူတို့ရဲ့ခံစစ်အပိုင်းကောင်းတာကို ကျွန်တော်တို့သိပါတယ်။ သူတို့ ကစားသမားတွေရဲ့အရည်အသွေးကိုလည်းကျွန်တော်တို့သိပါတယ်။ အဲ့ပွဲပြီးရင်တော့ ဗိုလ်လုပွဲစဉ် အတွက် ပြင်ဆင်သွားရပါမယ်။

တစ်ကိုယ်ရည်ဆုကို အမြဲတမ်းလက်ခံရရှိတာက ကောင်းပါတယ်။ ဒါပေမယ့် အသင်းဆုဖလားတွေကိုင်မြောက် တာထက်တော့ အရေးမကြီးပါဘူး။ အရေးကြီးဆုံးက ရာသီကုန်တဲ့အခါ ဆုဖလားတွေကိုင်မြောက်ပြီးအဆုံး သတ်နိုင်ဖို့က အရေးကြီးပါတယ်။ အကြောင်းကတော့ ဘောလုံးကစားနည်းဆိုတာ အသင်းလိုက်ကစားရတာပါ။”လို့ဆိုပါတယ်

Leave a Comment

Your email address will not be published.