ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ ကိန်းရဲ့အပြောင်းအရွှေ့ သတင်းအမှန်

လက်ရှိမှာ မန်ချက်စတာယူနိက်တက်အသင်းကိုပဲ ရောက်လာတော့မလိုလို မန်စီးတီးကိုပဲ သွားတော့မလိုလို ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ကိန်းရဲ့ အပြောင်းအရွေ့သတင်းတွေက ဖောင်းပွနေပါတယ်။
ဒါကြောင့်ကိန်းရဲ့ လက်ရှိ အပြောင်းအရွေ့သတင်းအမှန်ကိုဖော်ပြပေးလိုက်ပါတယ်။ အောက်ကသတင်းကတော့ အီတလီသတင်းထောက်ဘောလုံးလောကမှာနာမည်ကြီးတဲ့ Fabrizio Romanoပြောထားတဲ့စကားတွေဖြစ်ပါတယ်

ဒီနေ့အထိကတော့ ဟယ်ရီကိန်းရဲ့အနာဂတ်ဟာ ရှုပ်ထွေးနေဆဲပါ။

-ဟယ်ရီကိန်းရဲ့ ဆန္ဒကတော့ ဒီနွေရာသီမှာ စပါးအသင်းကနေ ထွက်ခွာပြီး ချန်ပီယံလိဂ်မှာကစားချင်တာပါ။ဒါကြောင့်လည်း နောက်အပတ်တွေမှာ အဖြေတစ်ခုရနိုင်ဖို့မျှော်လင့်နေပါတယ်။

-ကိန်းက တရားဝင်ထွက်ခွာခွင့်လိုမျိုးကြီးတော့ တောင်းဆိုထားတာမျိုးမရှိဘဲ သူရဲ့စိတ်ဆန္ဒဘဲရှိတာပါ။စပါးအသင်းကို လေးစားပေမယ့် သူရဲ့ဆန္ဒအတွက် ဆုံးဖြတ်ချက်တခုခုချစေချင်နေပါတယ်။

စပါးဘက်က ကိန်းကို လုံးဝ ရောင်းချလိုခြင်းမရှိဘဲ ပိုင်ရှင် ဒယ်နီရယ် လီဗိုင်းကတော့ သူရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်ရှိစေဖို့ နောက်ခန့်အပ်မယ့် နည်းပြအသစ်နဲ့ စည်းရုံးဖို့လုပ်နေပါတယ်။

-နောက်ပြီး စပါးအနေနဲ့ စာချုပ်အသစ်ကမ်းလှမ်းဖို့ပါ
ပြင်ဆင်နေပြီး ကစားသမားကတော့ လက်ခံဆွေးနွေးဖို့အစီအစဉ်မရှိဘဲ အခြေအနေတွေကိုဆက်လက်စောင့်ကြည့်ချင်နေပါသေးတယ်။

-ဒီနေ့အထိတော့ ကိန်းကို ခေါ်ယူဖို့ ဆန္ဒအရှိဆုံးအသင်းကတော့ အဂွဲရိုး ပြောင်းတော့မှာမို့လို့ တိုက်စစ်မှူး တစ်ဦးလိုအပ်နေတဲ့ မန်ချက်စတာစီးတီးပါ။ နည်းပြ ဂွာဒီယိုလာ နဲ့ စီးတီး တို့ဟာ ကိန်းကို ဒီအပြောင်းအရွှေ့ရာသီရဲ့ နံပါတ်တစ် ပစ်မှတ်လို့သဘောထားတာမို့ ဆွေးနွေးမှုတွေကမ်းလှမ်းမှုတွေ စတင်ချင်နေပါပြီ။

-ဒီတော့ စပါးဘက်ကဘဲ ကိန်းကို ထိန်းထားနိုင်မလား။တခြား ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းကြီးတစ်သင်းသင်းကိုဘဲ ပြောင်းရွှေ့သွားမလားကတော့ မကြာခင် ကျရောက်တော့မယ် အပြောင်းအရွှေ့ကာလမှာ ဆက်လက်စောင့်ကြည့်သွားရမှာပါ။

ဒီတော့ ဒီအခြေအနေတွေကိုကြည့်ရင် ကိန်းရဲ့အနာဂါတ်ဟာမရေရာသေးပါဘူး။ ယူနိက်တက်ဘက်ကလည်း ကာဗာနီကိုစာချုပ်ချုပ်ဆိုထားတဲ့အတွက် ဂုတ်သွေးစုပ်တဲ့ ဂလေဇာက အသစ်ချုပ်ဆိုထားတဲ့ ကာဗာနီကို ဘေးထိုင်ခိုင်းပီး တိုက်စစ်မှူးအသစ်တစ်ယောက်ထပ်ခေါ်ဦးမလား? ဒါ့အပြင် တက်သစ်စခြေစွမ်းပြနေတဲ့ သစ်သားစိမ်းကိုလည်း ထိခိုက်လာနိုင်စေတဲ့ အခြေအနေတွေရှိနေသေးတဲ့အတွက် ကိန်းကိုခေါ်ဖို့ဆိုတာတော့ကံသေကံမပြောလို့မရပဲ ထုံးစံအတိုင်း နာမည်ကြီးထမင်းငတ်ဖြစ်နေကျ ယူနိုက်တက်ပဲ ဖြစ်သွားမလားဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်၊

အမ်ဂျီအိတ်(စ်)

Leave a Comment

Your email address will not be published.