ဗိုလ်လုပွဲမှာ အဓိက ကစားသမား ၄ဦးထိလွဲချော်ဖွယ်ရှိလို့ ခေါင်းခဲနေတဲ့ ဆိုလ်းရှား

နောက်အပတ်ထဲမှာကန်ရမယ့် ဗီလာရီးရဲနဲ့ ဗိုလ်လုပွဲစဉ်မှာ ယူနက်တက်က အဓိကကစားသမား ၄ဦးထိလွဲချော်ဖွယ်ရှိနေလို့ ယူနိက်တက်နည်းပြဆိုလ်းရှားကတော့ ခေါင်းခဲနေပြီလို့ဒေးလီးလ်ကဖော်ပြထားပါတယ်။

မန်ယူအသင်းဟာယခုနှစ်ပရီးမီးယားလိဂ်ပွဲစဉ်အိမ်ကွင်းနောက်ဆုံးပွဲအဖြစ်ယမန်နေ့ညက ဖူဟမ်အသင်းနဲ့ယှဉ်ပြိုင်ခဲ့ရပါတယ်။ယင်းပွဲစဉ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ဘောလုံးရာသီမန်ယူအသင်းအတွက်အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်ပေမယ့် မန်ယူပရီတ်သတ်တွေကွင်းထဲကို ပထမဆုံးအကြိမ်ဝင်ရောက်ကြည့်ရှုခွင့်ရရှိခဲ့တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။

မန်ယူအသင်းနည်းပြဆိုးရှားကပရိတ်သတ်တွေရှေ့မှာအောင်ပွဲလိုချင်တာကြောင့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲကစားရန်ရှိနေပေမယ့်အသင်းရဲ့အဓိက ကစားသမားအကုန်ထည့်သွင်းကစားစေခဲ့ပါတယ်။

ယင်းပွဲမှာလူကုန်ထုတ်ကစားတဲ့ဆိုးရှားတစ်ယောက် အသင်းအနိုင်မရတဲ့အပြင် အဓိကကစားသမားနှစ်ဦးဒဏ်ရာရရှိခဲ့လို့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲအတွက်ခေါင်းခဲနေရပါပြီ။

မန်ယူအသင်းမှကွင်းလယ်ကစားသမားတွေဖြစ်တဲ့တော်မီနေးနဲ့ဖရက်တို့ဒဏ်ရာရခဲ့ကြောင်းပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဆိုးရားကဝန်ခံခဲ့ပါတယ်။တော်မီနေးကိုဒဏ်ရာကြောင့် ၆၂မိနစ်မှာ ရက်ဖိုစ်နဲ့လဲခဲ့တာဖြစ်ပြီးမိနစ်၉၀အပြည့်ကစားခဲ့တဲ့ဖရက်ကလည်းပွဲအပြီးမှာ ဒဏ်ရာရရှိခဲ့ကြောင်းဆိုးရှားကပြောပါတယ်။

ဗီလာရီးရဲလ်မက်ဒရစ်အသင်းနဲ့ကစားမယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မတိုင်ခင်မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားအပါအဝင်အသင်းရဲ့အဓိကကစားသမားသုံးဦးဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့အတွက်နည်းပြဆိုးလ်ရှားစိတ်ရှုပ်နေတယ်လို့ဗြိတိန်မီဒီယာတွေကဖော်ပြထားတာပါ။

မက်ဂွိုင်းယားဟာယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကိုပြန်ပါဝင်ဖွယ်ရှိတယ်လို့အစောပိုင်းကသတင်းများထွက်ပေါ်ခဲ့ပေမယ့်လက်ရှိအချိန်မှတိုက်စစ်မှူးမာရှယ်နဲ့နောက်ခံလူအသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ကြံ့ခိုင်မှုအခြေနေကစိုးရိမ်ဖွယ်ရာအခြေနေမျိုးရှိနေဆဲဖြစ်ပြီးဗိုလ်လုပွဲကိုလွဲချော်ဖွယ်ရှိတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။

ဒါ့အပြင်ကွင်းလယ်လူတွမ်မီနေးနဲ့ဖရက်ဒ်တို့ဟာလည်းဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရပြီးယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကိုပြန်ကစားနိုင်ခြင်းရှိမရှိအတိအကျမသိသေးပေမယ့်နည်းပြဆိုးလ်ရှားကတော့ ၎င်းတို့နှစ်ဦး ပြန်ပါနိုင်ဖို့ မျှော်လင့်နေပါတယ်။

နည်းပြဆိုးလ်ရှားက“မက်ဂွိုင်းယားဟာကြံ့ခိုင်မှုပြန်ကောင်းမွန်စေဖို့ကြိုးစားနေပေမယ့်တိုးတက်မှုမရှိသေးဘူး၊မက်ဂွိုင်းယားဟာဗိုလ်လုပွဲပြန်ပါဝင်နိုင်ဖို့မရေမရာဖြစ်နေတယ်။တွမ်မီနေးနဲ့ဖရက်ဒ်တို့နှစ်ဦးဟာပြန်ကောင်းမွန်ဖို့လေ့ကျင့်ခန်းလုပ်နေတယ်။လက်ရှိအချိန်မှာလမ်းလျှောက်နိုင်ပြီဖြစ်တယ်။ဗိုလ်လုပွဲကစားဖို့၈ရက်ခန့်ကျန်သေးတဲ့အတွက် သူတို့နှစ်ဦးဟာအချိန်မိပြန်ကောင်းမွန်လာဖွယ်ရှိပါတယ်။” လို့ပြော ပါ တယ်။

နဂိုကတည်းကမှ လူအင်အားလုံလုံလောက်လောက်မရှိတဲ့ ယူနိက်တက်တို့ဟာ အဓိကကစားသမားတွေမပါဝင်လာဘူးဆိုရင်တော့ ဖိုင်နယ်ပြုတ်ဖြစ်ဖို့အထိ စိုးရိမ်လာရလို့ နည်းပြဆိုလ်းရှားတစ်ယောက်ကတော့ ခေါင်းခဲနေပြီဖြစ်ပါတယ်။

အမ်ဂျီအိတ်(စ်)

Leave a Comment

Your email address will not be published.