ယာဉ်မရပ်ရနေရာမှာ မာစီဒီကြီးရပ်မိလို့ ဒဏ်ရိုက်ခံရခါနီးမှလွတ်သွားတဲ့ ဆာအဲလက်


မန်ချက်စတာယူနိက်တက်အသင်းကို ဆုဖလားပေါင်းများစွာရယူပေးခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ နည်းပြတွေလေးစားအားကျရတဲ့ နည်းပြကြီးဖာဂူဆန်ကတော့ သူ့ရဲ့ ပေါင်၇သောင်းခွဲတန် မာစီဒီကားကြီးကို ယာဉ်မရပ်ရနေရာမှာရပ်မိလို့ ဒဏ်ရိုက်ခံရတော့မလိုဖြစ်ခဲ့ပါတယ်။


သူဟာ အဲ့ဒီကားကိုလမ်းရဲ့ထောင့်မှာရပ်ပြီး အလျင်စလို မုန့်ဆိုင်ကိုထွက်သွားခဲ့ပေမယ့် သူရပ်ခဲ့တဲ့ နေရာက ယာဉ်မရပ်ရနေရာဖြစ်တဲ့ မျဉ်းဝါနှစ်ကြောင်းတားထားတဲ့နေရာဖြစ်နေခဲ့တာပါ။

ဒါကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းသူက ကားပိုင်ရှင်ကို ဒဏ်ရိုက်ဖို့စောင့်နေခဲ့တာဖြစ်ပြီးတော့ သူဟာအကျီအပြာနဲ့ဦးထုပ်နဲ့လူကိုတွေ့ရပြီးနောက်မှတော့ ဒဏ်မရိုက်ပဲလွတ်ပေးခဲ့ပါတယ်။

Chesireမြို့လေးရဲ့ ဥပဒေအရ ယာဉ်စည်းကမ်းချိုးဖောက်သူကို ပေါင်၇၀ဒဏ်ငွေရိုက်ပြီးအပြစ်ပေးရမှာဖြစ်ပေမယ့် ယာဉ်စည်းကမ်းကြီးကြပ်သူက ယူနိက်တက်ဖန်ဖြစ်နေပြီး ဆာအဲလက်ဖာဂူဆန်ကိုလေးစားသူဖြစ်တာကြောင့် နည်းပြကြီးကို ကောင်းကောင်းမွန်မွန်လေးလေးစားစားဆက်ဆံပြီးလွတ်ပေးခဲ့တာပါ။

နည်းပြကြီးက ခုလိုဖြစ်တာ တမင်လုပ်တာမျိုးမဟုတ်ပဲ အလျင်စလိုနဲ့ ထွက်သွားခဲ့တာကတစ်ကြောင်းဖြစ်သလို သူ့ရဲ့ဦးနှောက်မှတ်ညဏ်တွေကလည်း ချို့ယွင်းနေတာကြောင့်ဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်


နည်းပြကြီးဖာဂူဆန်ဟာ ၂၀၁၈ခုနှစ်က သေလုမျောပါးရောဂါဖြစ်တဲ့ ဦးနှောက်သွေးလွန်ရောဂါကိုခံစားခဲ့ရပြီးတော့ သေရွာကပြန်ရှင်လာခဲ့ရတာလည်းဖြစ်ပါတယ်။

” ကျွန်တော်နေထွက်လာတာကို ဘယ်နှစ်ရက်လောက်မြင်တွေ့နိုင်မလဲဆိုတာကို စဉ်းစားနေခဲ့တယ်။ ဒါကအရမ်းခက်ခဲပါတယ်။ ကျွန်တော်မျှော်လင့်ချက်မဲ့နေခဲ့တယ်။ ငိုကြွေးနေခဲ့ရတယ်။

ကျွန်တော့်ရဲ့မှတ်ညဏ်တွေဆုံးရှုံးနေရတာကို ကျွန်တော်မုန်းနေမိခဲ့တယ်”လို့နည်းပြကြီးဖာဂူဆန်က မေလအတွင်းကထွက်တဲ့သူ့ရဲ့စာအုပ်ထဲမှာရေးသားဖူးခဲ့ပါတယ်။

ယူနိက်တက်အသင်းအတွက်သာမက ဘောလုံးလောကအတွက် ရှာမှရှားတဲ့ နည်းပြကြီးဖာဂူဆန်ဟာ လက်ရှိအချိန်ထိ ယူနိုက်တက်ကို သံယောဇဉ်ကြီးလွန်းသူဖြစ်ပြီး အိမ်မက်ကဇာတ်ရုံမှာ နှစ်ပေါင်းများစွာ ခြောက်လှန့်နေတဲ့ ခြောက်လှန့်နေဦးမယ့် သရဲနီတို့ရဲ့ သူရဲကောင်းကြီးပဲဖြစ်ပါတော့တယ်။ နည်းပြကြီးကျန်းမာပါစေလို့ဒီစာရေးရင်းဆုတောင်းပေးလိုက်ပါတယ်။

အမ်ဂျီအိတ်(စ်)

Leave a Comment

Your email address will not be published.